[ZawGyi]

အေမရိကန္နာမည္ၾကီး SUITS ကိုမွီျငမ္းရိုက္ကူးထားတဲ႔ ကိုရီးယား SUITS မွာပါဝင္လာတဲ႔ ဂ်န္ေဒါင္ဂန္း

မိန္းကေလးေတြရဲ႕အသဲစြဲလုိ႔ဆုိရမယ္႔ ဒါရိုက္တာရင္(Jang Dong Gun) ကို Suits ဆိုတဲ႔ဇာတ္လမ္းတြဲမွာ ျပန္လည္ေတြ႔ျမင္ရပါေတာ႔မယ္။ သူနဲ႔အတူမင္းသမီးJang Shin Young၊ မင္းသား Park Hyung Sik တို႔ကတြဲဖက္ပါဝင္မွာျဖစ္ပါတယ္။ Jang Dong Gun နဲ႕ Park Hyung Sik တို႔က ေရွ႕ေနေတြအျဖစ္သရုပ္ေဆာင္မွာျဖစ္ျပီး ျပႆနာေပါင္းမ်ားစြာကိုေျဖရွင္းၾကရမွာပါ။ ဒီဇာတ္လမ္းရဲ႕ဇာတ္ေကာင္ဟာ ဥပေဒေက်ာင္းကိုတကယ္မတက္ဖူးဘဲ ျပႆနာေတြကိုဘယ္လုိေျဖရွင္းသလဲဆုိတာက စိတ္ဝင္စားဖြယ္ေကာင္းေနမွာပါ။

Jang-Dong-Gun

Jang-Dong-Gun

ဒါရိုက္တာရင္အေနနဲ႔ A Gentleman’s Dignity ရိုက္ကူးျပီးကတည္းကဇာတ္လမ္းတြဲေလာကနဲ႔ ၅ ႏွစ္ၾကာေဝးကြာေနခဲ႔ေပမယ္႔ ဒီဇာတ္လမ္းတြဲရိုက္ကူးခ်ိန္တစ္ေလွ်ာက္လံုးမွာ စိုးရိမ္စိတ္လံုးဝမရွိဘဲ ေအးေအးေဆးေဆးသရုပ္ေဆာင္ႏိုင္ခဲ႔တယ္လုိ႔ ၾကားသိရပါတယ္။ ဒီဇာတ္လမ္းတြဲအပိုင္း ၁ ကို ဧျပီလ ၂၅ ရက္ေန႔က စတင္ထုတ္လႊင္႔ခဲ႔ျပီး ဒီဇာတ္လမ္းတြဲဟာ အေမရိကန္နာမည္ၾကီး Show Suits ကိုမွီျငမ္းရိုက္ကူးထားတာပါ။ အေမရိကန္ Suits ကေတာ႔ အခုဆုိရင္ Season 7 အထိေအာင္ျမင္မႈရေနပါျပီ။

SUITS-korea-drama

SUITS-korea-drama

Park Hyung Sik ကေတာ႔ Strong Woman Do Bong Soon ဇာတ္လမ္းတြဲမွာ အၾကီးအက်ယ္နာမည္ရခဲ႔သူမုိ႔ ဒါရိုက္တာရင္နဲ႔အျပိဳင္ဘယ္လုိေတြစြမ္းရည္ျပမလဲဆုိတာကေတာ႔ စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္ေနာ္။ ေခတ္ႏွစ္ေခတ္ရဲ႕ နာမည္ၾကီးမင္းသားေတြတြဲဖက္ထားတာေၾကာင္႔ အမ်ိဳးသမီးၾကီးၾကီး ငယ္ငယ္အကုန္အားေပးဖို႔ကေတာ႔ေသခ်ာေနပါျပီ။
အခု SUITS ရဲ႕ Teaser Video ေလးကိုပါထည္႔သြင္းေပးလုိက္ပါတယ္ေနာ္။

ခ်င္းဂူေလး(Akhayar)

www.akhayar.com

[Unicode]

အမေရိကန်နာမည်ကြီး SUITS ကိုမှီငြမ်းရိုက်ကူးထားတဲ့ ကိုရီးယား SUITS မှာပါဝင်လာတဲ့ ဂျန်ဒေါင်ဂန်း

မိန်းကလေးတွေရဲ့အသဲစွဲလို့ဆိုရမယ့် ဒါရိုက်တာရင်(Jang Dong Gun) ကို Suits ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပြန်လည်တွေ့မြင်ရပါတော့မယ်။ သူနဲ့အတူမင်းသမီးJang Shin Young၊ မင်းသား Park Hyung Sik တို့ကတွဲဖက်ပါဝင်မှာဖြစ်ပါတယ်။ Jang Dong Gun နဲ့ Park Hyung Sik တို့က ရှေ့နေတွေအဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး ပြဿနာပေါင်းများစွာကိုဖြေရှင်းကြရမှာပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်ဟာ ဥပဒေကျောင်းကိုတကယ်မတက်ဖူးဘဲ ပြဿနာတွေကိုဘယ်လိုဖြေရှင်းသလဲဆိုတာက စိတ်ဝင်စားဖွယ်ကောင်းနေမှာပါ။

Jang-Dong-Gun

Jang-Dong-Gun

ဒါရိုက်တာရင်အနေနဲ့ A Gentleman’s Dignity ရိုက်ကူးပြီးကတည်းကဇာတ်လမ်းတွဲလောကနဲ့ ၅ နှစ်ကြာဝေးကွာနေခဲ့ပေမယ့် ဒီဇာတ်လမ်းတွဲရိုက်ကူးချိန်တစ်လျှောက်လုံးမှာ စိုးရိမ်စိတ်လုံးဝမရှိဘဲ အေးအေးဆေးဆေးသရုပ်ဆောင်နိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီဇာတ်လမ်းတွဲအပိုင်း ၁ ကို ဧပြီလ ၂၅ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး ဒီဇာတ်လမ်းတွဲဟာ အမေရိကန်နာမည်ကြီး Show Suits ကိုမှီငြမ်းရိုက်ကူးထားတာပါ။ အမေရိကန် Suits ကတော့ အခုဆိုရင် Season 7 အထိအောင်မြင်မှုရနေပါပြီ။

SUITS-korea-drama

SUITS-korea-drama

Park Hyung Sik ကတော့ Strong Woman Do Bong Soon ဇာတ်လမ်းတွဲမှာ အကြီးအကျယ်နာမည်ရခဲ့သူမို့ ဒါရိုက်တာရင်နဲ့အပြိုင်ဘယ်လိုတွေစွမ်းရည်ပြမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်နော်။ ခေတ်နှစ်ခေတ်ရဲ့ နာမည်ကြီးမင်းသားတွေတွဲဖက်ထားတာကြောင့် အမျိုးသမီးကြီးကြီး ငယ်ငယ်အကုန်အားပေးဖို့ကတော့သေချာနေပါပြီ။
အခု SUITS ရဲ့ Teaser Video လေးကိုပါထည့်သွင်းပေးလိုက်ပါတယ်နော်။

ချင်းဂူလေး(Akhayar)

www.akhayar.com