[Zawgyi]

လက္စတာနဲ႔ စာခ်ဳပ္သက္တမ္း တိုးျမွင့္ခဲ့တဲ့ ဗာဒီ Vardy

လက္စတာအသင္းရဲ႕ အဓိကတိုက္စစ္မွဴး ဗာဒီ Vardy ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးျမွင့္ခဲ့ပါတယ္။ အေျပာင္းအေရႊ႕ေစ်းကြက္ေနာက္ဆံုးရက္မွာ တိုက္စစ္မွဴး ဗာဒီ Vardy နဲ႔ စာခ်ဳပ္သက္တမ္း တိုးျမွင့္ႏိုင္ခဲ့ၿပီလို႔ လက္စတာအသင္းက တရားဝင္ေၾကညာခဲ့ပါတယ္။ အသင္းရဲ႕ အဓိကတိုက္စစ္မွဴး ဗာဒီ Vardy ကို အသင္းမွာ ကာလရွည္ဆက္ရွိေနေစဖို႔ (၄)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္လို႔ လက္စတာအသင္းက ထုတ္ျပန္ခဲ့ပါတယ္။

Jamie-Vardy-has-signed-a-new-four-year-contract-at-Leicester-City

Jamie-Vardy-has-signed-a-new-four-year-contract-at-Leicester-City

၂၀၁၂-၁၃ ေဘာလံုးရာသီမစခင္ လက္စတာအသင္းကို ေရာက္ရွိခဲ့တဲ ့ဗာဒီ Vardy ဟာ အသင္းအတြက္ ၿပိဳင္ပြဲစံု (၂၃၄)ပြဲ ကစား (၈၉)ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ၂၀၁၅-၁၆ ေဘာလံုးရာသီမွာ အသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ အဓိကေနရာကေန စြမး္ေဆာင္ေပးခဲ့တဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္ပါတယ္။ လက္စတာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့အေပၚ ဗာဒီ Vardy က “ကၽြန္ေတာ္ ဘယ္လိုခံယူခ်က္ေတြနဲ႔ လက္စတာအသင္းမွာ ကစားေနလဲဆိုတာ လူတိုင္းလိုလို သိၾကပါတယ္၊ အသင္းမွာ ေနာက္ (၄)ႏွစ္ဆက္ရွိေနမယ့္အေပၚ ေျပာမျပတက္တဲ့ ခံစားခ်က္မ်ိဳးနဲ႔ အလြန္ေပ်ာ္ရႊင္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လက္စတာအသင္းဟာ လာမယ့္ရာသီသစ္မစခင္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ေကာင္းမြန္တဲ့ စီမံခန္႔ခြဲမႈေတြကို ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ၿဗိတိန္မီဒီယာအမ်ားစုက ေရးသားခ်ီးက်ဴးခဲ့ပါတယ္။ အသင္းရဲ႕ အဓိကေတာင္ပံတိုက္စစ္ကစားသမား မာရက္ဇ္ Mahrez ကို လက္လႊတ္ခဲ့ရေပမယ့္ အသင္းႀကီးအမ်ားစု စိတ္ဝင္စားခဲ့တဲ့ ေျခစြမ္းထက္ေနာက္ခံလူ မက္ဂြိဳင္းေယး Maguire ကို အသင္းမွာ ဆက္ထိန္းႏိုင္ခဲ့ၿပီး ကစားသမားသစ္ (၁၁)ဦးအထိ ေခၚယူအားျဖည့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

2018-19-season-Leicester-City-transfer-players-list

2018-19-season-Leicester-City-transfer-players-list

လက္စတာအသင္းနဲ႔ ဗာဒီ Vardy ရရွိခဲ့တဲ့ ေအာင္ျမင္မႈမ်ား

Premier League: 2015–16
Football League Championship: 2013–14
Premier League Player of the Season: 2015–16
FWA Footballer of the Year: 2015–16
PFA Team of the Year: 2015–16 Premier League
FIFPro World XI 5th team: 2016
Premier League Player of the Month: October 2015, November 2015
Premier League Goal of the Month: March 2018
BBC Goal of the Season: 2017–18
Conference Premier Player of the Month: November 2011
Conference Premier Top Goalscorer: 2011–12
Leicester City Players’ Player of the Season: 2013–14

REF:The Sun
Photo:Wikipedia, LCFC.com, Melody Travers
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

လက်စတာနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ ဗာဒီ Vardy

လက်စတာအသင်းရဲ့ အဓိကတိုက်စစ်မှူး ဗာဒီ Vardy ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ တိုက်စစ်မှူး ဗာဒီ Vardy နဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပြီလို့ လက်စတာအသင်းက တရားဝင်ကြေညာခဲ့ပါတယ်။ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဗာဒီ Vardy ကို အသင်းမှာ ကာလရှည်ဆက်ရှိနေစေဖို့ (၄)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ လက်စတာအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

Jamie-Vardy-has-signed-a-new-four-year-contract-at-Leicester-City

Jamie-Vardy-has-signed-a-new-four-year-contract-at-Leicester-City

၂၀၁၂-၁၃ ဘောလုံးရာသီမစခင် လက်စတာအသင်းကို ရောက်ရှိခဲ့တဲ့ဗာဒီ Vardy ဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၂၃၄)ပွဲ ကစား (၈၉)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ၂၀၁၅-၁၆ ဘောလုံးရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ လက်စတာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ဗာဒီ Vardy က “ကျွန်တော် ဘယ်လိုခံယူချက်တွေနဲ့ လက်စတာအသင်းမှာ ကစားနေလဲဆိုတာ လူတိုင်းလိုလို သိကြပါတယ်၊ အသင်းမှာ နောက် (၄)နှစ်ဆက်ရှိနေမယ့်အပေါ် ပြောမပြတက်တဲ့ ခံစားချက်မျိုးနဲ့ အလွန်ပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လက်စတာအသင်းဟာ လာမယ့်ရာသီသစ်မစခင် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကို ပြုလုပ်နိုင်ခဲ့တယ်လို့ ဗြိတိန်မီဒီယာအများစုက ရေးသားချီးကျူးခဲ့ပါတယ်။ အသင်းရဲ့ အဓိကတောင်ပံတိုက်စစ်ကစားသမား မာရက်ဇ် Mahrez ကို လက်လွှတ်ခဲ့ရပေမယ့် အသင်းကြီးအများစု စိတ်ဝင်စားခဲ့တဲ့ ခြေစွမ်းထက်နောက်ခံလူ မက်ဂွိုင်းယေး Maguire ကို အသင်းမှာ ဆက်ထိန်းနိုင်ခဲ့ပြီး ကစားသမားသစ် (၁၁)ဦးအထိ ခေါ်ယူအားဖြည့်နိုင်ခဲ့တာဖြစ်ပါတယ်။

2018-19-season-Leicester-City-transfer-players-list

2018-19-season-Leicester-City-transfer-players-list

လက်စတာအသင်းနဲ့ ဗာဒီ Vardy ရရှိခဲ့တဲ့ အောင်မြင်မှုများ