[Zawgyi]

လက္ေရြးစင္ကစားသမားဘ၀ကုိ လက္ျပႏႈတ္ဆက္ခဲ့တဲ့ ဗာဒီ Vardy နဲ႔ ကာေဟးလ္ Cahill

အဂၤလန္ ၀ါရင့္ကစားသမားေတြျဖစ္တဲ့ တိုက္စစ္မွဴး ဗာဒီ Vardy နဲ႔ ေနာက္ခံလူ ကာေဟးလ္ Cahill တို႔ဟာ လက္ေရြးစင္ ကစားသမားဘ၀ကုိ လက္ျပႏႈတ္ဆက္သြားၿပီျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လက္စတာ တိုက္စစ္မွဴး ဗာဒီဟာ အဂၤလန္အသင္းမွာ ၂၀၁၅ ခုႏွစ္က စတင္ေရြးခ်ယ္ခံခဲ့ရၿပီး လက္ေရြးစင္ ကစားသမားဘ၀ (၂)ႏွစ္တာကာလအတြင္း (၂၆)ပဲြကစား၊ (၇)ဂုိးသြင္းယူခဲ့သလုိ ယူ႐ုိ-၂၀၁၆ ၊ ၂၀၁၈ ကမၻာ႔ဖလားေတြမွာ ေရြးခ်ယ္ခံခဲ့ရသူျဖစ္ပါတယ္။ ဗာဒီက “လက္ေရြးစင္အသင္းက အနားယူဖုိ႔ အခုေနာက္ပုိင္း ႏွစ္ေတြမွာ ကၽြန္ေတာ္အၿမဲစဥ္းစားခဲ့တယ္။ ကၽြန္ေတာ့္အသက္ကလည္း ငယ္သြားတာမွ မဟုတ္တာ။ အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ Southgate ကလည္း ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းကလုိ လူငယ္ကစားသမားေတြနဲ႔ပဲ ေရွ႕ဆက္သြားဖုိ႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ သူက ကၽြန္ေတာ္ဟာ ေနာက္ထပ္ႏွစ္အမ်ားႀကီး ဆက္ကစားႏုိင္ေသးတယ္လု႔ိ ေျပာခဲ့ၿပီး ကၽြန္ေတာ့္အေနနဲ႔လည္း လိုအပ္လာရင္ ႏုိင္ငံအသင္းအတြက္ ျပန္ကစားဖုိ႔ အသင့္ပါပဲ”လုိ႔ ဆုိခဲ့တယ္။

Cahill-and-Vardy-Record

Cahill-and-Vardy-Record

ဗာဒီနဲ႔အတူ ေနာက္ခံလူ ကာေဟးလ္ကလည္း အဂၤလန္အသငး္က အနားယူဖုိ႔ ဆုံးျဖတ္ခ်က္ကုိ လူသိရွင္ၾကား ထုတ္ျပန္ခဲ့ပါတယ္။ အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကာေဟးလ္ဟာ ၂၀၁၀ ခုႏွစ္ကတည္းက အဂၤလန္အသင္းအတြက္ စတင္ေရြးခ်ယ္ခံခဲ့ရၿပီး (၆၁)ပဲြကစား (၅)ဂုိးသြင္းယူခဲ့တယ္။ အခုေနာက္ပုိင္း ပဲြေတြမွာ အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ မၾကာခဏ ကစားခြင့္ရခဲ့သူ ကာေဟးလ္အေနနဲ႔ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာ့ (၁)ပဲြသာ ပါ၀င္ကစားခြင့္ရခဲ့သူပါ။ ကာေဟးလ္က “လူငယ္မ်ိဳးဆက္သစ္ေတြကုိ ေနရာေပးရမယ့္ အခ်ိန္ေရာက္လာၿပီျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔ လမ္းဖယ္ေပးရေတာ့မွာျဖစ္ပါတယ္။ ဒါေပမဲ့ အဂၤလန္အသငး္မွာ ဒဏ္ရာျပႆနာနဲ႔ႀကံဳေတြ႕ေနမယ္၊ ကၽြန္ေတာ္လည္း ကစားႏုိင္မယ္ဆုိရင္ အသင္းအတြက္ ျပန္ကစားေပးဖုိ႔ အသင့္ပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:BBC
Photo:Sky News,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လက်ရွေးစင်ကစားသမားဘဝကို လက်ပြနှုတ်ဆက်ခဲ့တဲ့ ဗာဒီ Vardy နဲ့ ကာဟေးလ် Cahill

အင်္ဂလန် ဝါရင့်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဗာဒီ Vardy နဲ့ နောက်ခံလူ ကာဟေးလ် Cahill တို့ဟာ လက်ရွေးစင် ကစားသမားဘဝကို လက်ပြနှုတ်ဆက်သွားပြီဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လက်စတာ တိုက်စစ်မှူး ဗာဒီဟာ အင်္ဂလန်အသင်းမှာ ၂၀၁၅ ခုနှစ်က စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင် ကစားသမားဘ၀ (၂)နှစ်တာကာလအတွင်း (၂၆)ပွဲကစား၊ (၇)ဂိုးသွင်းယူခဲ့သလို ယူရို-၂၀၁၆ ၊ ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဗာဒီက “လက်ရွေးစင်အသင်းက အနားယူဖို့ အခုနောက်ပိုင်း နှစ်တွေမှာ ကျွန်တော်အမြဲစဉ်းစားခဲ့တယ်။ ကျွန်တော့်အသက်ကလည်း ငယ်သွားတာမှ မဟုတ်တာ။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Southgate ကလည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလို လူငယ်ကစားသမားတွေနဲ့ပဲ ရှေ့ဆက်သွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ သူက ကျွန်တော်ဟာ နောက်ထပ်နှစ်အများကြီး ဆက်ကစားနိုင်သေးတယ်လု့ိ ပြောခဲ့ပြီး ကျွန်တော့်အနေနဲ့လည်း လိုအပ်လာရင် နိုင်ငံအသင်းအတွက် ပြန်ကစားဖို့ အသင့်ပါပဲ”လို့ ဆိုခဲ့တယ်။

Cahill-and-Vardy-Record

Cahill-and-Vardy-Record

ဗာဒီနဲ့အတူ နောက်ခံလူ ကာဟေးလ်ကလည်း အင်္ဂလန်အသင်းက အနားယူဖို့ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဟေးလ်ဟာ ၂၀၁၀ ခုနှစ်ကတည်းက အင်္ဂလန်အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရပြီး (၆၁)ပွဲကစား (၅)ဂိုးသွင်းယူခဲ့တယ်။ အခုနောက်ပိုင်း ပွဲတွေမှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် မကြာခဏ ကစားခွင့်ရခဲ့သူ ကာဟေးလ်အနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ (၁)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သူပါ။ ကာဟေးလ်က “လူငယ်မျိုးဆက်သစ်တွေကို နေရာပေးရမယ့် အချိန်ရောက်လာပြီဖြစ်တာကြောင့် ကျွန်တော်တို့ လမ်းဖယ်ပေးရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းမှာ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေမယ်၊ ကျွန်တော်လည်း ကစားနိုင်မယ်ဆိုရင် အသင်းအတွက် ပြန်ကစားပေးဖို့ အသင့်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF:BBC
Photo:Sky News,Twitter
Naing Linn(Akhayar)
www.akhayar.com