[Zawgyi]

The Conjuring 3 ရဲ႕ ဒါရိုက္တာ အျဖစ္ ျမင္ေတြ႔ရေတာ့မွာ မဟုတ္တဲ့ James Wan

နာမည္ေက်ာ္ သည္းထိတ္ရင္ဖို ဒါရိုက္တာ James Wan ဟာ The Conjuring ဇာတ္လမ္းတြဲေတြရဲ႕ တတိယေျမာက္ဇာတ္ကား ‘The Conjuring 3’ ကို ဒါရုိက္တာ အျဖစ္ရုိက္ကူးမွာ မဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။ သူ႔အစား ၂၀၁၉ ခုႏွစ္ ဧျပီလ ၁၉ ရက္ေန႔မွာ ျပသေတာ့မယ့္ Supernatural Horror ဇာတ္ကား ‘The Curse of La Llorona’ ရဲ႕ ဖန္တီးရွင္ ဒါရိုက္တာ Michael Chaves ကို ရုိက္ကူးေစမယ္လို႔ သိရျပီး James Wan ကေတာ့ Producer နဲ႔ ဒီဇာတ္ကားေတြရဲ႕ ‘Godfather’ ၾကီးအေနနဲ႔ပဲ ေနာက္ကြယ္က ပံ့ပိုးေပးေတာ့မယ္လို႔ ဆုိပါတယ္။

James Wan

James Wan

‘The Curse of La Llorona’ ရဲ႕ Producer ဟာလည္း James Wan ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ James Wan က “The Curse of La Llorona အတြက္ Chaves နဲ႔ လက္တြဲအလုပ္လုပ္ၾကည့္တဲ့အခါမွာ Chaves ဟာ ဇာတ္လမ္းအတြက္ ခံစားခ်က္ေကာင္းေကာင္းကို သယ္ေဆာင္လာေပးႏုိင္တဲ့သူျဖစ္ျပီး သူ႔ရဲ႕ လူ႔စိတ္ခံစားခ်က္ေတြကို နားလည္မႈုဟာ အသစ္ထြက္ရွိမယ့္ Conjuring ရုပ္ရွင္ဇာတ္ကားကို ရုိက္ကူးဖို႔ သင့္ေတာ္ေစတာ ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Michael Chaves

Michael Chaves

အရင္က ၾကားသိရတဲ့ သတင္းေတြအရ ‘The Conjuring 3’ ဇာတ္ကားကို ၂၀၁၉ ခုႏွစ္မွာ ရိုက္ကူးျပီး ၂၀၂၀ ခုႏွစ္မွာ ျပသဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ‘The Conjuring 2’ ရဲ႕ Screenwriter David Leslie Johnson ကိုပဲ ‘The Conjuring 3’ ကို ေရးသားဖို႔ ျပန္ေခၚထားပါတယ္။

Patrick Wilson နဲ႔ James Wan

ဒါတင္မဟုတ္ဘဲ Ed နဲ႔ Lorraine Warren အျဖစ္ သရုပ္ေဆာင္ထားတဲ့ Patrick Wilson နဲ႔ Vera Farminga လည္း ျပန္လည္ပါဝင္လာဖို႔ ရွိပါတယ္။

ဇာတ္လမ္းဇာတ္ညႊန္းအေသးစိတ္ကေတာ့ ျပင္ဆင္ေနတုန္းရွိျပီး ‘The Conjuring’ ဇာတ္ကားေတြမွာ ေတြ႔ေနၾကျဖစ္တဲ့ ‘ အိမ္တစ္အိမ္မွာ မေကာင္းဆိုးဝါး Devil ေကာင္က ဝင္ေရာက္ပူးကပ္တဲ့ အစဥ္အလာ’ ကေန ခ်ိဳးဖ်က္သြားမယ္ဆုိေတာ့ ဘယ္လို ခင္းက်င္းျပသမလဲဆိုတာ အေတာ္ကို စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

‘The Conjuring 3’ ကို ေစာင့္ေမွ်ာ္ေနတဲ့ ပရိသတ္အတြက္ ဒီသတင္းေကာင္းရွိသလိုပဲ ‘Annabelle 3’ ကို ေစာင့္ေမွ်ာ္ေနတဲ့ ပရိသတ္အတြက္လည္း ဒီႏွစ္ ေဆာင္းဦးမွာ ရိုက္ကူးမယ္ဆုိတဲ့ သတင္းေကာင္းရွိေနပါတယ္။ ကဲ! The Conjuring Universe ရဲ႕ ဇာတ္ကားအသစ္ေတြကေတာ့ ဘယ္လို ၾကမ္းမလဲ၊ ေၾကာက္ဖို႔ ေကာင္းမလဲဆုိတာ ေစာင့္ၾကည့္လုိက္ၾကပါဦးစို႔။

Yoe Lu (Akhayar)

www.akhayar.com

Source : www.comingsoon.net
[Unicode]

The Conjuring 3 ရဲ့ ဒါရိုက်တာ အဖြစ် မြင်တွေ့ရတော့မှာ မဟုတ်တဲ့ James Wan

နာမည်ကျော် သည်းထိတ်ရင်ဖို ဒါရိုက်တာ James Wan ဟာ The Conjuring ဇာတ်လမ်းတွဲတွေရဲ့ တတိယမြောက်ဇာတ်ကား ‘The Conjuring 3’ ကို ဒါရိုက်တာ အဖြစ်ရိုက်ကူးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ သူ့အစား ၂၀၁၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ပြသတော့မယ့် Supernatural Horror ဇာတ်ကား ‘The Curse of La Llorona’ ရဲ့ ဖန်တီးရှင် ဒါရိုက်တာ Michael Chaves ကို ရိုက်ကူးစေမယ်လို့ သိရပြီး James Wan ကတော့ Producer နဲ့ ဒီဇာတ်ကားတွေရဲ့ ‘Godfather’ ကြီးအနေနဲ့ပဲ နောက်ကွယ်က ပံ့ပိုးပေးတော့မယ်လို့ ဆိုပါတယ်။

James Wan

James Wan

‘The Curse of La Llorona’ ရဲ့ Producer ဟာလည်း James Wan ပဲ ဖြစ်ပါတယ်။ ဒါကြောင့် James Wan က “The Curse of La Llorona အတွက် Chaves နဲ့ လက်တွဲအလုပ်လုပ်ကြည့်တဲ့အခါမှာ Chaves ဟာ ဇာတ်လမ်းအတွက် ခံစားချက်ကောင်းကောင်းကို သယ်ဆောင်လာပေးနိုင်တဲ့သူဖြစ်ပြီး သူ့ရဲ့ လူ့စိတ်ခံစားချက်တွေကို နားလည်မှုုဟာ အသစ်ထွက်ရှိမယ့် Conjuring ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ သင့်တော်စေတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Michael Chaves

Michael Chaves

အရင်က ကြားသိရတဲ့ သတင်းတွေအရ ‘The Conjuring 3’ ဇာတ်ကားကို ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးပြီး ၂၀၂၀ ခုနှစ်မှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ‘The Conjuring 2’ ရဲ့ Screenwriter David Leslie Johnson ကိုပဲ ‘The Conjuring 3’ ကို ရေးသားဖို့ ပြန်ခေါ်ထားပါတယ်။

Patrick Wilson နဲ့ James Wan

ဒါတင်မဟုတ်ဘဲ Ed နဲ့ Lorraine Warren အဖြစ် သရုပ်ဆောင်ထားတဲ့ Patrick Wilson နဲ့ Vera Farminga လည်း ပြန်လည်ပါဝင်လာဖို့ ရှိပါတယ်။

ဇာတ်လမ်းဇာတ်ညွှန်းအသေးစိတ်ကတော့ ပြင်ဆင်နေတုန်းရှိပြီး ‘The Conjuring’ ဇာတ်ကားတွေမှာ တွေ့နေကြဖြစ်တဲ့ ‘ အိမ်တစ်အိမ်မှာ မကောင်းဆိုးဝါး Devil ကောင်က ဝင်ရောက်ပူးကပ်တဲ့ အစဉ်အလာ’ ကနေ ချိုးဖျက်သွားမယ်ဆိုတော့ ဘယ်လို ခင်းကျင်းပြသမလဲဆိုတာ အတော်ကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

‘The Conjuring 3’ ကို စောင့်မျှော်နေတဲ့ ပရိသတ်အတွက် ဒီသတင်းကောင်းရှိသလိုပဲ ‘Annabelle 3’ ကို စောင့်မျှော်နေတဲ့ ပရိသတ်အတွက်လည်း ဒီနှစ် ဆောင်းဦးမှာ ရိုက်ကူးမယ်ဆိုတဲ့ သတင်းကောင်းရှိနေပါတယ်။ ကဲ! The Conjuring Universe ရဲ့ ဇာတ်ကားအသစ်တွေကတော့ ဘယ်လို ကြမ်းမလဲ၊ ကြောက်ဖို့ ကောင်းမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦးစို့။

Yoe Lu (Akhayar)

www.akhayar.com

Source : www.comingsoon.net