This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ James Rodriguez ရဲ႕ ဒဏ္ရာအေျခအေနကုိ စုိးရိမ္ေနတဲ့ နည္းျပပီကာမင္ Pekerman

ကုိလံဘီယာအသင္းနည္းျပ ပီကာမင္ Pekerman ဟာ ဆီနီေဂါနဲ႔ပဲြမွာ ဒဏ္ရာရရွိခဲ့တဲ့ အဓိက ကြင္းလယ္လူ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ James Rodriguez ရဲ႕ ဒဏ္ရာျပင္းထန္မွာကုိ ေတာ္ေတာ္ေလးစုိးရိမ္ေနပါတယ္။ ဂ်ိမ္း႐ုိဒရီဂြက္ဇ္ဟာ ၿပီးခဲ့တ့ဲၾကာသပေတးေန႔က ဆီနီေဂါအသင္းနဲ႔ကစားခဲ့တဲ့ပဲြမွာ ဒဏ္ရာရရွိခ့ဲတာေၾကာင့္ ပဲြအစ(၃၁)မိနစ္မွာပဲ လူစားလဲခံခဲ့ရတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းကြင္းလယ္တိုက္စစ္ကစားသမား ဂ်ိမ္း႐ုိဒရီဂြက္ဇ္ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြစတင္ကတည္းက ေျခသလုံးဒဏ္ရာရွိေနတာျဖစ္ၿပီး အဲဒီဒဏ္ရာေၾကာင့္ပဲ ကုိလံဘီယာအသင္းရဲ႕ အုပ္စုအဖြင့္ပဲြျဖစ္တဲ့ ဂ်ပန္နဲ႔ပဲြကုိမွာ ပြဲထြက္ကစားျခင္းမရွိခဲ့ဘဲ ပဲြၿပီးခါနီးမိနစ္(၃၀)ေလာက္မွသာ ပါ၀င္ကစားႏုိင္ခဲ့တယ္။

Colombias-James-Rodriguez-a-doubt-for-last-16-clash-with-England

Colombias-James-Rodriguez-a-doubt-for-last-16-clash-with-England

အခုလည္း ကုိလံဘီယာအသင္းနည္းျပ ပီကာမင္က အဂၤလန္အသင္းနဲ႔ကစားမယ့္ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြကုိ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ လဲြေခ်ာ္မွာကုိ စုိးရိမ္ေနတာပါ။ ပီကာမင္က “ဂ်ိမ္း႐ုိဒရီဂြက္ဇ္ရဲ႕ ဒဏ္ရာအေျခအေနကုိ ကၽြန္ေတာ္ အရမ္းစုိးရိမ္ပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔အသင္းရဲ႕အေနအထားကုိ ထိခုိက္လာမယ့္ ျပႆနာတစ္ခုပါ။ မေန႔ကအထိ(ဆီနီေဂါနဲ႔ပဲြမတိုင္ခင္) သူဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနတာျဖစ္ပါတယ္။ အဲဒီတုန္းကေတာ့ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္က ႀကံ့ခုိင္မႈအျပည့္နဲ႔ေလ့က်င့္ခန္းဆင္းခဲ့ၿပီး ဒဏ္ရာရွိေနတဲ့ အရိပ္အေယာင္ မျပခဲ့ပါဘူး။ အခုအခ်ိန္မွာေတာ့ သူ႔အေျခအေနက ဘယ္လုိလဲဆုိတာေတာ့ ကၽြန္ေတာ္လည္း မသိပါဘူး”လုိ႔ ဆုိခဲ့တယ္။ ဂ်ိမ္း႐ုိဒရီဂြက္ဇ္ဟာ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ကုိလံဘီယာအသင္းအတြက္ (၆)ဂုိးသြင္းခဲ့ၿပီး ေရႊဖိနပ္ဆုဆြတ္ခူးႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

REF:Daily Mail,BBC
Photo: independent.co.uk,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ရဲ့ ဒဏ်ရာအခြေအနေကို စိုးရိမ်နေတဲ့ နည်းပြပီကာမင် Pekerman

ကိုလံဘီယာအသင်းနည်းပြ ပီကာမင် Pekerman ဟာ ဆီနီဂေါနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အဓိက ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ရဲ့ ဒဏ်ရာပြင်းထန်မှာကို တော်တော်လေးစိုးရိမ်နေပါတယ်။ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆီနီဂေါအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲအစ(၃၁)မိနစ်မှာပဲ လူစားလဲခံခဲ့ရတယ်။ ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကတည်းက ခြေသလုံးဒဏ်ရာရှိနေတာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့်ပဲ ကိုလံဘီယာအသင်းရဲ့ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဂျပန်နဲ့ပွဲကိုမှာ ပွဲထွက်ကစားခြင်းမရှိခဲ့ဘဲ ပွဲပြီးခါနီးမိနစ်(၃၀)လောက်မှသာ ပါဝင်ကစားနိုင်ခဲ့တယ်။

Colombias-James-Rodriguez-a-doubt-for-last-16-clash-with-England

Colombias-James-Rodriguez-a-doubt-for-last-16-clash-with-England

အခုလည်း ကိုလံဘီယာအသင်းနည်းပြ ပီကာမင်က အင်္ဂလန်အသင်းနဲ့ကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲကို ဂျိမ်းစ်ရိုဒရီဂွက်ဇ် လွဲချော်မှာကို စိုးရိမ်နေတာပါ။ ပီကာမင်က “ဂျိမ်းရိုဒရီဂွက်ဇ်ရဲ့ ဒဏ်ရာအခြေအနေကို ကျွန်တော် အရမ်းစိုးရိမ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အသင်းရဲ့အနေအထားကို ထိခိုက်လာမယ့် ပြဿနာတစ်ခုပါ။ မနေ့ကအထိ(ဆီနီဂေါနဲ့ပွဲမတိုင်ခင်) သူဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ကြံ့ခိုင်မှုအပြည့်နဲ့လေ့ကျင့်ခန်းဆင်းခဲ့ပြီး ဒဏ်ရာရှိနေတဲ့ အရိပ်အယောင် မပြခဲ့ပါဘူး။ အခုအချိန်မှာတော့ သူ့အခြေအနေက ဘယ်လိုလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး”လို့ ဆိုခဲ့တယ်။ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကိုလံဘီယာအသင်းအတွက် (၆)ဂိုးသွင်းခဲ့ပြီး ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

REF:Daily Mail,BBC
Photo: independent.co.uk,Twitter
Naing Linn(Akhayar)
www.akhayar.com