[Zawgyi]

ဂုဏ္ယူစရာ မွတ္တမ္းေကာင္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့တဲ့ မီလ္နာ Milner

လီဗာပူးလ္အသင္း ကြင္းလယ္လူ မီလ္နာ Milner ဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ပဲြအၿပီးမွာ ဂုဏ္ယူစရာေကာင္းတဲ့ ပုိင္ဆုိင္ႏုိင္ခဲ့ပါၿပီ။ အဲဒါကေတာ့ မီလ္နာ ဂုိးသြင္းခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြတိုင္း သူ႔အသင္းက ႐ႈံးပဲြမရွိဘဲ အဲဒီမွတ္တမ္းက (၄၈)ပဲြအထိ ရွိလာၿပီျဖစ္ပါတယ္။ ၂၀၀၂ ခုႏွစ္၊ ႏုိ၀င္ဘာလမွာ လိဒ္စ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ပဲြဦးထြက္ကစားခဲ့တဲ့ မီလ္နာဟာ ေနာက္တစ္လအၾကာ ဆန္းဒါးလန္းနဲ႔ကစားခဲ့တဲ့ပဲြမွာ လိဒ္စ္အသင္းအတြက္ ဂုိးသြင္းခဲ့ၿပီး အဲဒီတုန္းက သူ႔အသက္ဟာ (၁၆)ႏွစ္၊ (၃၄၆)ရက္သာရွိေသးလုိ႔ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံး ဂုိးသြင္းသူအျဖစ္ စံခ်ိန္တင္ခဲ့တယ္။

Milner-and-Alan-Smith

Milner-and-Alan-Smith

အဲဒီေနာက္မွာေတာ့ နယူးကာဆယ္၊ အက္စတြန္ဗီလာ၊ မန္စီးတီးအသင္းေတြဆီ ေျပာင္းေရႊ႕ကစားခဲ့ၿပီး မီလ္နာရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ ၿပိဳင္ပဲြစုံ သြင္းဂုိးအမ်ားဆုံးရာသီက ၂၀၀၉-၁၀ ရာသီက အက္စတြန္ဗီလာအသင္းအတြက္ (၁၂)ဂုိးသြင္းယူခဲ့တာပါ။ ၂၀၁၅ ခုႏွစ္မွာ လီဗာပူးလ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္က စလုိ႔ အခုအခ်ိန္အထိ အသင္းအတြက္ ပရီးမီးယားလိဂ္ (၁၃)ဂုိးသြင္းယူထားၿပီး ၿပီးခဲ့တဲ့ရာသီကေတာ့ တစ္ဂုိးမွ မသြင္းႏုိင္ခဲ့ပါဘူး။

Liverpool-midfielder-James-Milner’s-incredible-48-game-stat-extended

Liverpool-midfielder-James-Milner’s-incredible-48-game-stat-extended

အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မီလ္နာဟာ ပရီးမီးယားလိဂ္ (၄၈)ပဲြမွာ ဂုိးသြင္းယူခဲ့ၿပီး သူဂုိးသြင္းတဲ့ပဲြေတြမွာ (၃၈)ပဲြႏုိင္၊ (၁၀)ပဲြသေရက်ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ စံခ်ိန္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။

In-the-48-top-flight-games-Milner-has-scored-in-his-side-have-never-lost

In-the-48-top-flight-games-Milner-has-scored-in-his-side-have-never-lost

ၿပီးခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္ကုိ အႏုိင္ရခဲ့တဲ့ပြဲမွာလည္း မီလ္နာဟာ ပယ္နယ္တီကေန ဒီရာသီ သူ႔အတြက္ ပထမဆုံးလိဂ္ဂုိးကုိ သြင္းယူခဲ့တယ္။ အခုဆုိရင္ လီဗာပူးလ္ပရိသတ္ေတြဟာ မီလ္နာ ေနာက္ထပ္ ဂုိးေတြ ဆက္သြင္းဖုိ႔ ေမွ်ာ္လင့္ေနေလာက္ပါၿပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒီရာသီမွာ လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရရွိဖုိ႔ ပစ္မွတ္ထားေနတာေၾကာင့္ မီလ္နာရဲ႕ အံ့အားသင့္စရာေကာငး္တဲ့ မွတ္တမ္းက လီဗာပူးလ္အသင္း ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ အေထာက္အကူျဖစ္မလားဆုိၿပီး ေမွ်ာ္လင့္ေနၾကလုိ႔ပါပဲ။

REF:The Sun
Photo:The Sun,The Independent,Ghanasoccernet,Football Whispers
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂုဏ်ယူစရာ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ မီလ်နာ Milner

လီဗာပူးလ်အသင်း ကွင်းလယ်လူ မီလ်နာ Milner ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာ ဂုဏ်ယူစရာကောင်းတဲ့ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ အဲဒါကတော့ မီလ်နာ ဂိုးသွင်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း သူ့အသင်းက ရှုံးပွဲမရှိဘဲ အဲဒီမှတ်တမ်းက (၄၈)ပွဲအထိ ရှိလာပြီဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလမှာ လိဒ်စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲဦးထွက်ကစားခဲ့တဲ့ မီလ်နာဟာ နောက်တစ်လအကြာ ဆန်းဒါးလန်းနဲ့ကစားခဲ့တဲ့ပွဲမှာ လိဒ်စ်အသင်းအတွက် ဂိုးသွင်းခဲ့ပြီး အဲဒီတုန်းက သူ့အသက်ဟာ (၁၆)နှစ်၊ (၃၄၆)ရက်သာရှိသေးလို့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့တယ်။

Milner-and-Alan-Smith

Milner-and-Alan-Smith

အဲဒီနောက်မှာတော့ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီးအသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး မီလ်နာရဲ့ ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံ သွင်းဂိုးအများဆုံးရာသီက ၂၀၀၉-၁၀ ရာသီက အက်စတွန်ဗီလာအသင်းအတွက် (၁၂)ဂိုးသွင်းယူခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့အချိန်က စလို့ အခုအချိန်အထိ အသင်းအတွက် ပရီးမီးယားလိဂ် (၁၃)ဂိုးသွင်းယူထားပြီး ပြီးခဲ့တဲ့ရာသီကတော့ တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။

Liverpool-midfielder-James-Milner’s-incredible-48-game-stat-extended

Liverpool-midfielder-James-Milner’s-incredible-48-game-stat-extended

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီလ်နာဟာ ပရီးမီးယားလိဂ် (၄၈)ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး သူဂိုးသွင်းတဲ့ပွဲတွေမှာ (၃၈)ပွဲနိုင်၊ (၁၀)ပွဲသရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

In-the-48-top-flight-games-Milner-has-scored-in-his-side-have-never-lost

In-the-48-top-flight-games-Milner-has-scored-in-his-side-have-never-lost

ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း မီလ်နာဟာ ပယ်နယ်တီကနေ ဒီရာသီ သူ့အတွက် ပထမဆုံးလိဂ်ဂိုးကို သွင်းယူခဲ့တယ်။ အခုဆိုရင် လီဗာပူးလ်ပရိသတ်တွေဟာ မီလ်နာ နောက်ထပ် ဂိုးတွေ ဆက်သွင်းဖို့ မျှော်လင့်နေလောက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီမှာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိဖို့ ပစ်မှတ်ထားနေတာကြောင့် မီလ်နာရဲ့ အံ့အားသင့်စရာကောင်းတဲ့ မှတ်တမ်းက လီဗာပူးလ်အသင်း ချန်ပီယံမျှော်လင့်ချက်အတွက် အထောက်အကူဖြစ်မလားဆိုပြီး မျှော်လင့်နေကြလို့ပါပဲ။

REF:The Sun
Photo:The Sun,The Independent,Ghanasoccernet,Football Whispers
Naing Linn(Akhayar)
www.akhayar.com