[Zawgyi]

‘Guardians of the Galaxy Vol 3’ ဒါရိုက္တာ အျဖစ္ကေန ရပ္စဲခံလိုက္ရတဲ့ James Gunn


James Gunn

James Gunn





James Gunn's Tweets

James Gunn’s Tweets



Yoe Lu (Akhayar)

www.akhayar.com

Source : variety.com
[Unicode]

‘Guardians of the Galaxy Vol 3’ ဒါရိုက်တာ အဖြစ်ကနေ ရပ်စဲခံလိုက်ရတဲ့ James Gunn

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုတွေနဲ့ မုဒိမ်းမှုလို အငြင်းပွားဖွယ်ကိစ္စတွေနဲ့ ပက်သက်ပြီး James Gunn ရဲ့ Twitter မှာ တင်ခဲ့တဲ့ Tweet တွေကြောင့် ‘Guardians of the Galaxy Vol 3’ ဒါရိုက်တာ အဖြစ်ကနေ အလုပ်ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

James Gunn

James Gunn

Disney ဟာ ဒီကြေညာချက်ကို Comic-Con ရဲ့ အလယ်လောက်မှာ ထကြေညာခဲ့တာ ဖြစ်ပြီး “James ရဲ့ Twitter မှာ စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတဲ့ သဘောထားနဲ့ စာတွေဟာ ကျွန်တော်တို့ Studio ရဲ့ တန်ဖိုးတွေနဲ့ မကိုက်ညီတဲ့အတွက် သူနဲ့ လုပ်ငန်းဆက်လုပ်ဖို့ မရှိတော့ပါဘူး” လို့ ဖော်ပြခဲ့ပါတယ်။

Guardians of the Galaxy vol 2

Guardians of the Galaxy vol 2

James ရဲ့ Tweets တွေဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်ကြားမှာ တင်ခဲ့တာ ဖြစ်ပြီး “The best thing about being raped is when you’re done being raped and it’s like whew this feels great, not being raped!” လို့ ဆိုးဝါးတဲ့ စာသားမျိုးတွေထိ ပါဝင်ပါတယ်။

James Gunn's Tweets

James Gunn’s Tweets

ဒီလို အလုပ်ဖြုတ်ခံရတာနဲ့ ပက်သက်ပြီး James က အတိတ်က သူလုပ်ခဲ့တာတွေအတွက် စိတ်မကောင်းပါဘူး” လို့ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ “ဒီလို ရေးသားခဲ့တာတွေဟာ ဟာသသဘောနဲ့ တင်ခဲ့တာ ဖြစ်ပြီး တကယ့်ဘဝမှာ သူဟာ ဒီလိုလူမျိုးမဟုတ်ပါဘူးလို့”လည်း ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲ သူတောင်းပန်ခဲ့ပေမယ့် အလုပ်ကတော့ ရပ်စဲသွားခဲ့ပါပြီ။ သူတို့ဆီမှာ ဒီကိစ္စတွေဟာ လူမှုပတ်ဝန်းကျင်အရ ခွင့်မလွှတ်နိုင်စရာ အပြစ်တွေ ဖြစ်ပါတယ်။ Disney ကတော့ James Gunn နေရာမှာ ဘယ်ဒါရိုက်တာကို အစားထိုးသွားမယ်ဆိုတာတော့ ခုထိမကြေညာသေးပါဘူး။

Yoe Lu (Akhayar)

www.akhayar.com

Source : variety.com