[Zawgyi]

ဘရာဇီးလ္ႏုိင္ငံရဲ႕  (၃၈) ေယာက္ေျမာက္ သမၼတျဖစ္လာေတာ့မယ့္ Jair Bolsonaro

၂ဝ၁၈ခုႏွစ္ ေအာက္တုိဘာလ (၂၈) ရက္ေန႔မွာ ဘရာဇီးႏုိင္ငံရဲ႕ သမၼတေရြးေကာက္ပြဲရဲ႕ ေနာက္ဆုံးရလဒ္ေတြကုိ ထုတ္ျပန္ခဲ့ရာမွာ Social Liberal Party (PSL) ရဲ႕ အမတ္ေလာင္း Jair Bolsonaro က မဲဆႏ̔ၵစုစုေပါင္းရဲ႕  (၅၅.၁၃) ရာခုိင္ႏႈန္းရရွိကာ သမၼတအျဖစ္ ေၾကညာခဲ့ပါတယ္။ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ Workers’ Party (PT) ရဲ႕  အမတ္ေလာင္း Fernando Haddad ဟာ (၄၄.၈၇) ရာခုိင္ႏႈန္းသာ ရရွိခဲ့ပါတယ္။

ဘရာဇီးႏုိင္ငံရဲ႕ သမၼတေရြးေကာက္ပြဲကုိ ပဏာမအဆင့္အေနနဲ႔ ေအာက္တုိဘာလ (၇) ရက္ေန႔မွာ က်င္းပခဲ့ၿပီး မဲရာခုိင္ႏႈန္းအမ်ားဆုံးရခဲ့တဲ့ Jair Bolsonaro နဲ႔ Fernando Haddad ကုိ ေနာက္ဆုံးအဆင့္မွာ ယွဥ္ၿပိဳင္ေစတာျဖစ္ပါတယ္။ သမၼတေလာင္း Jair Bolsonaro က “ေရြးေကာက္ပြဲမွာ ေပးထားတဲ့ ကတိကဝတ္ေတြကုိ အေကာင္အထည္ေဖာ္ပါ့မယ္။

ဘရာဇီးႏုိင္ငံရဲ႕ ကံၾကမၼာကုိ ေျပာင္းလဲပစ္မယ္” လုိ႔ ၾကံဳးဝါးခဲ့ပါတယ္။ ဘရာဇီးႏုိင္ငံရဲ႕ သမၼတသက္တမ္းဟာ ေလးႏွစ္ျဖစ္ၿပီး သမၼတေလာင္း Jair Bolsonaro ဟာ ၂ဝ၁၉ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔မွာ တာဝန္ထမ္းေဆာင္ရေတာ့မွာျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘရာဇီးလ်နိုင်ငံရဲ့  (၃၈) ယောက်မြောက် သမ္မတဖြစ်လာတော့မယ့် Jair Bolsonaro

၂ဝ၁၈ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့မှာ ဘရာဇီးနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို ထုတ်ပြန်ခဲ့ရာမှာ Social Liberal Party (PSL) ရဲ့ အမတ်လောင်း Jair Bolsonaro က မဲဆန္̔ဒစုစုပေါင်းရဲ့  (၅၅.၁၃) ရာခိုင်နှုန်းရရှိကာ သမ္မတအဖြစ် ကြေညာခဲ့ပါတယ်။ အဓိကပြိုင်ဘက်ဖြစ်တဲ့ Workers’ Party (PT) ရဲ့  အမတ်လောင်း Fernando Haddad ဟာ (၄၄.၈၇) ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

ဘရာဇီးနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲကို ပဏာမအဆင့်အနေနဲ့ အောက်တိုဘာလ (၇) ရက်နေ့မှာ ကျင်းပခဲ့ပြီး မဲရာခိုင်နှုန်းအများဆုံးရခဲ့တဲ့ Jair Bolsonaro နဲ့ Fernando Haddad ကို နောက်ဆုံးအဆင့်မှာ ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။ သမ္မတလောင်း Jair Bolsonaro က “ရွေးကောက်ပွဲမှာ ပေးထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပါ့မယ်။

ဘရာဇီးနိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ်” လို့ ကြုံးဝါးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ သမ္မတသက်တမ်းဟာ လေးနှစ်ဖြစ်ပြီး သမ္မတလောင်း Jair Bolsonaro ဟာ ၂ဝ၁၉ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com