ဗုဒ္ဓသာသနာ ခေတ်ဦးပိုင်းကစပြီး ဘုရားစေတီများကို ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးနဲ့ တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ကျောက်သား၊ အုတ်၊ သံ၊ ရွှေ၊ ကြေး စတဲ့ အရာအမျိုးမျိုးနဲ့ တည်ထားကြပေမယ့် မန္တလေးတိုင်းက ဝေရောစန စေတီကတော့ ကျောက်စိမ်းသားစစ်စစ်နဲ့ တည်ထားတာပါ။ မန္တလေးတိုင်း အမရပူရမြို့နယ်၊ မြင်းမူကျေးရွာမှာတည်ရှိတဲ့ ဒီစေတီတော်ဟာ တံတာဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မဝေးတဲ့အတွက် လူသိများပြီး လာရောက်ဖူးမျော်သူ များပြားပါတယ်။

Jade

ကချင်ပြည်နယ်မှ ကျောက်စိမ်းကုန်သည်တစ်ဦးဖြစ်သူ ဦးစိုးနိုင်မှ လှူဒါန်းခဲ့တာဖြစ်ပြီး ရွှေသုဝန်ဆရာတော်မှ ဝေရောစနစေတီ ဆိုပြီး အမည်ပေးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိထားပြီး ပြည်တွင်းခရီးသည်တွေလဲ သွားကြပါတယ်။ Tour Package တွေအနေနဲ့ကတော့ ကျောက်စိမ်းဘုရားနဲ့ ဒီးဒုတ်ရေပြာအိုင်ကို ပေါင်းပြီးဆွဲကြပါတယ်။

You May Like : ရန်ကုန်က Hotel ရေကူးကန်သန့်သန့်လေးတွေ

အထူးခြားဆုံးကတော့ ဖိနပ်ထားတဲ့ နေရာပါ။ Locker တွေနဲ့ စနစ်တကျဖွဲ့စည်းထားပြီး သော့လေးတွေနဲ့ သေသေချာချာသိမ်းပေးတာပါ။ ဖိနပ်ထားတယ်လို့တောင် အစက မထင်မိပါဘူး။ ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ ကျောက်စိမ်းဘုရားကို မရောက်ဘူးသေးတဲ့ ပရိသတ်တွေရှိရင်လည်း တစ်ခေါက်လောက်သွားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Lodggy.com ဟာ Hotel Booking Website တစ်ခုဖြစ်ပြီး မြန်မာပြည်အနှံ့ မြို့များမှာ တည်းခိုရန်အတွက် Booking တင်နိုင်ပါတယ်။ Booking တင်ဖို့ 09 4444 38366 ကိုဆက်သွယ်နိုင်ပါပြီ။

အခရာ

www.akhayar.com