[Zawgyi]

အင္နီေယစတာ Iniesta ကို ေက်ာနံပါတ္ (၈)ဂ်ာစီ ဝတ္ဆင္ခြင့္ျပဳဖို႔ စည္းမ်ဥ္းတခ်ိဳ႕ေျပာင္းလဲခဲ့တဲ့ ေဂ်လိဂ္

ဗစ္ဆဲလ္ကိုေဘး Vissel Kobe ကို ေျပာင္းေရႊ႕ခဲ့တဲ့ စပိန္ဝါရင့္ကြင္းလယ္လူ အင္နီေယစတာ Iniesta ေက်ာနံပါတ္ (၈)ဂ်ာစီ ဝတ္ဆင္ခြင့္ျပဳဖို႔ ေဂ်လိဂ္ရဲ႕ စည္းမ်ဥ္းတခ်ိဳ႕ကို ေျပာင္းလဲခဲ့ရပါတယ္။ အင္နီေယစတာ Iniesta အေနနဲ႔ ေက်ာနံပါတ္ (၈)ကို ႏွစ္သက္သူတစ္ဦးျဖစ္ၿပီး အသင္းသစ္မွာလည္း အဲဒီနံပါတ္ကို ဆက္လက္ဝတ္ဆင္သြားဖို႔ ဆႏၵရွိခဲ့တာေၾကာင့္ ေဂ်လိဂ္ရဲ႕ စည္းမ်ဥ္းေတြကို ရုတ္တရက္ ေျပာင္းလဲခဲ့ရတာပါ။ ေဂ်လိဂ္ၿပိဳင္ပြဲမွာ ရာသီမစတင္ခင္ အသင္းမွာ ပါဝင္မယ့္ ကစားသမားေတြနဲ႔ ကစားသမားေတြ ဝတ္ဆင္မယ့္ ေက်ာနံပါတ္ကို ပူးတဲြမွတ္ပံုတင္ရၿပီး ရာသီဝက္အေျပာင္းအေရႊ႕ကာလမွသာ ျပင္ဆင္မႈေတြကို ျပဳလုပ္ခြင့္ရွိတာျဖစ္ပါတယ္။ ဂ်ပန္ေဘာလံုးေလာကတိုးတက္ဖို႔ အေရးပါတဲ့ အေျပာင္းအေရႊ႕တစ္ခုျဖစ္ခဲ့တဲ့ စပိန္ဝါရင့္ကြင္းလယ္လူ အင္နီေယစတာ Iniesta ေၾကာင့္ စည္းမ်ဥ္းတခ်ိဳ႕ကို ေျပာင္းလဲခဲ့ရတာျဖစ္ေၾကာင္း ေဂ်လိဂ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

Iniesta-will-take-his-new-number-from-Hirotaka-Mita

Iniesta-will-take-his-new-number-from-Hirotaka-Mita

အင္နီေယစတာ Iniesta အလုိရွိခဲ့တဲ့ ေက်ာနံပါတ္ (၈)ဂ်ာစီကို ဂ်ပန္ကြင္းလယ္လူ မီတာ Mita ဆီကေန လႊဲေျပာင္း ရယူခဲ့တာျဖစ္ပါတယ္။ မီတာ Mita က အသင္းမွာ အနားေပးထားတဲ့ ေက်ာနံပါတ္ (၇)ဂ်ာစီကို ေျပာင္းလဲဝတ္ဆင္သြားမွာျဖစ္ေၾကာင္း ဗစ္ဆဲလ္ကိုေဘး Vissel Kobe အသင္းက တရားဝင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အင္နီေယစတာ Iniesta အၿပီး ေဂ်လိဂ္ကို ေျပာင္းေရႊ႕ကစားခဲ့တဲ့ နာမည္ေက်ာ္ စပိန္တိုက္စစ္မွဴး ေတာရက္စ္ Torres ကလည္း ေက်ာနံပါတ္ (၉)ကို အလိုရွိခဲ့တာေၾကာင့္ Sagan Tosu အသင္းက အဲဒီနံပါတ္ကို ဝတ္ဆင္ခဲ့တဲ့ အသင္းရဲ႕ ေတာင္ကိုရီးယားတိုက္စစ္မွဴး ခ်ိဳေဒါင္ဂ်ီယြန္း Cho Dong-geon ကို ေက်ာနံပါတ္ ေျပာင္းလဲေစခဲ့ပါတယ္။ ေတာရက္စ္ Torres ကို ေက်ာနံပါတ္ (၉)ဂ်ာစီ လႊဲေျပာင္းေပးခဲ့ရလို႔ ခ်ိဳေဒါင္ဂ်ီယြန္း Cho Dong-geon က ေက်ာနံပါတ္ (၁၉)ကို ေျပာင္းလဲ ဝတ္ဆင္ခဲ့ရတာျဖစ္ပါတယ္။ အင္နီေယစတာ Iniesta နဲ႔ ေတာရက္စ္ Torres တို႔ေၾကာင့္ ေဂ်လိဂ္ရဲ႕ စည္းမ်ဥ္းေတြကို ေျပာင္းလဲခဲ့ရတဲ့အထိ သက္ေရာက္မႈေတြ ရွိခဲ့ပါတယ္။

REF:Marca
Photo:Crónica Global, Deccan Herald
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အင်နီယေစတာ Iniesta ကို ကျောနံပါတ် (၈)ဂျာစီ ဝတ်ဆင်ခွင့်ပြုဖို့ စည်းမျဉ်းတချို့ပြောင်းလဲခဲ့တဲ့ ဂျေလိဂ်

ဗစ်ဆဲလ်ကိုဘေး Vissel Kobe ကို ပြောင်းရွှေ့ခဲ့တဲ့ စပိန်ဝါရင့်ကွင်းလယ်လူ အင်နီယေစတာ Iniesta ကျောနံပါတ် (၈)ဂျာစီ ဝတ်ဆင်ခွင့်ပြုဖို့ ဂျေလိဂ်ရဲ့ စည်းမျဉ်းတချို့ကို ပြောင်းလဲခဲ့ရပါတယ်။ အင်နီယေစတာ Iniesta အနေနဲ့ ကျောနံပါတ် (၈)ကို နှစ်သက်သူတစ်ဦးဖြစ်ပြီး အသင်းသစ်မှာလည်း အဲဒီနံပါတ်ကို ဆက်လက်ဝတ်ဆင်သွားဖို့ ဆန္ဒရှိခဲ့တာကြောင့် ဂျေလိဂ်ရဲ့ စည်းမျဉ်းတွေကို ရုတ်တရက် ပြောင်းလဲခဲ့ရတာပါ။ ဂျေလိဂ်ပြိုင်ပွဲမှာ ရာသီမစတင်ခင် အသင်းမှာ ပါဝင်မယ့် ကစားသမားတွေနဲ့ ကစားသမားတွေ ဝတ်ဆင်မယ့် ကျောနံပါတ်ကို ပူးတွဲမှတ်ပုံတင်ရပြီး ရာသီဝက်အပြောင်းအရွှေ့ကာလမှသာ ပြင်ဆင်မှုတွေကို ပြုလုပ်ခွင့်ရှိတာဖြစ်ပါတယ်။ ဂျပန်ဘောလုံးလောကတိုးတက်ဖို့ အရေးပါတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့တဲ့ စပိန်ဝါရင့်ကွင်းလယ်လူ အင်နီယေစတာ Iniesta ကြောင့် စည်းမျဉ်းတချို့ကို ပြောင်းလဲခဲ့ရတာဖြစ်ကြောင်း ဂျေလိဂ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Toress-wear-No-9-at-Sagan-Tosu

Toress-wear-No-9-at-Sagan-Tosu

အင်နီယေစတာ Iniesta အလိုရှိခဲ့တဲ့ ကျောနံပါတ် (၈)ဂျာစီကို ဂျပန်ကွင်းလယ်လူ မီတာ Mita ဆီကနေ လွှဲပြောင်း ရယူခဲ့တာဖြစ်ပါတယ်။ မီတာ Mita က အသင်းမှာ အနားပေးထားတဲ့ ကျောနံပါတ် (၇)ဂျာစီကို ပြောင်းလဲဝတ်ဆင်သွားမှာဖြစ်ကြောင်း ဗစ်ဆဲလ်ကိုဘေး Vissel Kobe အသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ အင်နီယေစတာ Iniesta အပြီး ဂျေလိဂ်ကို ပြောင်းရွှေ့ကစားခဲ့တဲ့ နာမည်ကျော် စပိန်တိုက်စစ်မှူး တောရက်စ် Torres ကလည်း ကျောနံပါတ် (၉)ကို အလိုရှိခဲ့တာကြောင့် Sagan Tosu အသင်းက အဲဒီနံပါတ်ကို ဝတ်ဆင်ခဲ့တဲ့ အသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ချိုဒေါင်ဂျီယွန်း Cho Dong-geon ကို ကျောနံပါတ် ပြောင်းလဲစေခဲ့ပါတယ်။ တောရက်စ် Torres ကို ကျောနံပါတ် (၉)ဂျာစီ လွှဲပြောင်းပေးခဲ့ရလို့ ချိုဒေါင်ဂျီယွန်း Cho Dong-geon က ကျောနံပါတ် (၁၉)ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ အင်နီယေစတာ Iniesta နဲ့ တောရက်စ် Torres တို့ကြောင့် ဂျေလိဂ်ရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲခဲ့ရတဲ့အထိ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

REF:Marca
Photo:Crónica Global, Deccan Herald
Aung Kyaw Wai (Akhayar)
www.akhayar.com