[Zawgyi]
J Me
ဘဝရဲ့ နိဗ္ဗာန် အခွေ
J Me နဲ့ ကျားပေါက် Now မဂ္ဂဇင်းကာဗာမှာ ဖြော်ပခံရစဉ်
Yoe Lu (Akhayar)
www.akhayar.com
Ref : Myanmar Times
[Unicode]
J Me ရဲ့ အပြန်ခရီးကို မေလ ၂၆ ရက်နေ့မှာ ကြိုဆိုလိုက်ရအောင်
“မင်းမကြိုက်တဲ့ Hip Hop အေး ငါကြိုက်တယ်” လို့ ရဲဝံ့စွာ ဟစ်ကြွေးခဲ့သူ၊ Rap ကြိုက်သူ လူငယ်တွေ အသည်းစွဲဖြစ်သလို Rap ဂီတကို မကြိုက်တဲ့ လူငယ်တွေကလည်း သူ့ဆိုရင်တော့ လေးစားမှုတစ်ခုပေးရသူ အဆိုတော် J Me ကတော့ အခွေသစ်တစ်ခွေနဲ့ ဂီတလောကကို ပြန်လာပါတော့မယ်။
J Me
J Me ကို စသတိထားမိတုန်းက ၂၀၀၀ ခုနှစ်အစပိုင်းလောက်မှာ ဖြစ်ပြီး ဘာဘူနဲ့ တွဲပြီး ဘာမှမလိုဘူး ဆိုတဲ့ သီချင်း၊ လက်ဖက်ရည်ဆိုင်အတွေးအခေါ်သီချင်း၊ R ဇာနည်နဲ့ တွဲဆိုတဲ့ အပြစ်မတင်ရက်ပါသီချင်းနဲ့ Mainstream ဂီတလောကမှာ လူသိများခဲ့သလို အဲဒီမတိုင်ခင် MHA ၊ Project 1 တို့နဲ့ တွဲပြီး လုပ်ထားတဲ့ သီချင်းတွေကြောင့် Underground မှာလည်း လူသိပြီးသားဖြစ်ပါတယ်။
အဲဒီတုန်းက Hip Hop ဟာ အပြိုင်းအရိုင်းဖူးပွင့်ပြီး Acid ၊ Theory တို့ အဖွဲ့တွေရဲ့ 1st Generation Hip Hop မျိုးဆက်အပြီးမှာ J Me ၊ On Track ၊ Cyclone ၊ ရသ၊ ကြက်ဖ တို့လို 2nd Generation တွေရဲ့ လမ်းဘေးကာရန်များအခွေဟာလည်း တောက်ကြွားခဲ့ပါတယ်။
J Me, Cyclone, On Track , ကြက်ဖ၊ အနဂ္ဂ
J Me ဟာ တစ်ကိုယ်တော် အယ်လ်ဘမ်အနေနဲ့လည်း “ကိုယ့်ဘဝနဲ့ကိုယ်” နဲ့“ဘဝရဲ့ နိဗ္ဗာန်”အခွေတွေ ထွက်ရှိထားပြီး ရဲလေးနဲ့လည်း “နောင်ဖြစ်မှ နောင်ရှင်း”ဆိုတဲ့အတွဲခွေတစ်ခွေလည်း ထွက်ရှိခဲ့ဖူးပါတယ်။
ဘဝရဲ့ နိဗ္ဗာန် အခွေ
J Me ဟာ အနုပညာမောင်နှမတော်တော်များများနဲ့လည်း သင့််မြတ်ပြီး တော်တော်များများနဲ့လည်း သီချင်းတွဲလုပ်ဖူးသူပါ။ လူကြီးတွေနဲ့လည်း ပလဲနံပသင့်သလို လူငယ်ခြေတက်တွေနဲ့လည်း သီချင်းတွေ အများကြီးဖန်တီးခဲ့သူဖြစ်ပါတယ်။
J Me ၊ X Box နဲ့ စန္ဒီမြင့်လွင်
J Me နဲ့ ကျားပေါက် Now မဂ္ဂဇင်းကာဗာမှာ ဖောြ်ပခံရစဉ်
နောက်ပိုင်း ရှိုးပွဲတွေမှာသာ တွေ့ရတာ များပြီး ရေးထားတဲ့ ကဗျာစာအုပ် စတာတွေ ထွက်ရှိခဲ့ပေမယ့် အခွေသစ်ဖန်တီးမှုပျောက်ကွယ်နေခဲ့ပါတယ်။
J Me ၊ WLO တို့ရဲ့ ကဗျာစာအုပ်
အခုတော့ သူ့ရဲ့ ဖန်တီးမှုအသစ်တွေကို “အမွေစားအမွေခံ”ဆိုတဲ့ အခွေမှာ ပြန်မြင်ရပါတော့မယ်။ ဂီတလောကက ရပ်နားနေတဲ့အချိန်မှာလည်း ဘာသာရေးဘက်ကို ရောက်ရှိနေတဲ့ J Me ကို ဒီအခွေမှာ အရင် သီချင်းပုံစံတွေနဲ့ မတူ စိတ်သစ်၊ လူသစ်နဲ့ တွေ့ရဖို့ ရှိနေပါတယ်။
“အမွေစားအမွေခံ”ကို The Sun Music Production ကနေ မေလ ၂၆ ရက်ထွက်ရှိမှာဖြစ်တဲ့အတွက် ဆရာကြီး Capital J ရဲ့အခွေသစ်ကို စောင့်မျှော်နေတဲ့ အမာခံပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်ရပါတယ်။
Yoe Lu (Akhayar)
www.akhayar.com
Ref : Myanmar Times
Photo Credit : J Me’s Facebook Account