This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဖ်ားေ၀ဒနာရွိလ်က္နဲ႔ အဂၤလန္ပဲြမွာ ပဲြခ်ိန္ျပည့္ပါ၀င္ကစားခဲ့တဲ့ ရာကီတစ္ Rakitic

ခ႐ုိေအးရွားအသင္းကြင္းလယ္လူ ရာကီတစ္ Rakitic ဟာ အဂၤလန္နဲ႔ကစားခဲ့တဲ့ ကမၻာ႔ဖလားဆီမီးဖုိင္နယ္ပဲြမတုိင္ခင္ အဖ်ားေရာဂါေ၀ဒနာ ခံစားေနရေပမယ့္ မိနစ္(၁၂၀)လုံးလုံး ပါ၀င္ကစားခဲ့ပါတယ္။ ရာကီတစ္ဟာ အဖ်ားရာခုိင္ႏႈန္းက (၁၀၂)အထိရွိေနေပမယ့္ ကုိယ့္ႏုိင္ငံအသင္းအတြက္ အေကာင္းဆုံးေပးဆပ္ခဲ့ၿပီး သူ႔အသင္းကလည္း သမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗုိလ္လုပဲြတက္ေရာက္ခဲ့တာေၾကာင့္ ရာကီတစ္အတြက္ ေပးဆပ္ရက်ိဳးနပ္ခဲ့တယ္လုိ႔ ဆုိရမယ္။ အဂၤလန္နဲ႔ပဲြအၿပီးမွာ ရာကီတစ္က ”မေန႔ည(အဂၤလန္နဲ႔ပဲြမတိုင္ခင္)တုန္းက ကၽြန္ေတာ္ဟာ အဖ်ားေရာဂါခံစားေနရၿပီး ၃၉ ံC အထိ(၁၀၂ ဖာရင္ဟုိက္)အထိ အဖ်ားေသြးကရွိေနတာပါ။ ပဲြမတိုင္ခင္ အိပ္ယာေပၚမွာ လဲေလ်ာင္းေနရၿပီး အဂၤလန္နဲ႔ပဲြမွာ ပါ၀င္ကစားႏုိင္ဖုိ႔ အားေမြးခဲ့ရပါတယ္။ ဒါေပမဲ့ ဒါက တကယ့္ကုိ ထုိက္တန္ပါတယ္။ တကယ္လုိ႔ လုိအပ္လာရင္ ဗုိလ္လုပဲြမွာ ေျခေထာက္ျပတ္ေနရင္ေတာင္ ၀င္ကစားမွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Rakitic-Against-Alli

Rakitic-Against-Alli

ဒါ့အျပင္ ရာကီတစ္ဟာ အဂၤလန္အသင္းရဲ႕ကစားပုံကုိလည္း ေ၀ဖန္ခဲ့ပါေသးတယ္။ ရာကီတစ္က”သူတို႔ (အဂၤလန္အသင္း)က ဗုိလ္လုပဲြကုိ လြယ္လြယ္ကူကူေရာက္သြားမယ္လုိ႔ ထင္ထားပုံပါပဲ။ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ သူတို႔ေရးေနၾကတာက အဲဒီအတုိင္းပါပဲ။ အခုအခ်ိန္မွာလည္း အဂၤလန္ကစားသမားေတြဟာ လူမႈကြန္ရက္ေတြေပၚမွာ သူတို႔ေရးခ်င္သလုိ ဆက္ေရးႏုိင္တယ္၊ ကၽြန္ေတာ္တို႔ကေတာ့ လာမယ့္တနဂၤေႏြေန႔က်ရင္ ဗုိလ္လုပဲြကစားရမွာပါ”လုိ႔ ေလွာင္ေျပာင္ခဲ့တယ္။

REF:Daily Mail
Photo:Barca Blaugranes,Time
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အဖျားဝေဒနာရှိလျက်နဲ့ အင်္ဂလန်ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တဲ့ ရာကီတစ် Rakitic

ခရိုအေးရှားအသင်းကွင်းလယ်လူ ရာကီတစ် Rakitic ဟာ အင်္ဂလန်နဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမတိုင်ခင် အဖျားရောဂါဝေဒနာ ခံစားနေရပေမယ့် မိနစ်(၁၂၀)လုံးလုံး ပါဝင်ကစားခဲ့ပါတယ်။ ရာကီတစ်ဟာ အဖျားရာခိုင်နှုန်းက (၁၀၂)အထိရှိနေပေမယ့် ကိုယ့်နိုင်ငံအသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပြီး သူ့အသင်းကလည်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့တာကြောင့် ရာကီတစ်အတွက် ပေးဆပ်ရကျိုးနပ်ခဲ့တယ်လို့ ဆိုရမယ်။ အင်္ဂလန်နဲ့ပွဲအပြီးမှာ ရာကီတစ်က ”မနေ့ည(အင်္ဂလန်နဲ့ပွဲမတိုင်ခင်)တုန်းက ကျွန်တော်ဟာ အဖျားရောဂါခံစားနေရပြီး ၃၉ ံC အထိ(၁၀၂ ဖာရင်ဟိုက်)အထိ အဖျားသွေးကရှိနေတာပါ။ ပွဲမတိုင်ခင် အိပ်ယာပေါ်မှာ လဲလျောင်းနေရပြီး အင်္ဂလန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အားမွေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒါက တကယ့်ကို ထိုက်တန်ပါတယ်။ တကယ်လို့ လိုအပ်လာရင် ဗိုလ်လုပွဲမှာ ခြေထောက်ပြတ်နေရင်တောင် ဝင်ကစားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Rakitic-Against-Alli

Rakitic-Against-Alli

ဒါ့အပြင် ရာကီတစ်ဟာ အင်္ဂလန်အသင်းရဲ့ကစားပုံကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။ ရာကီတစ်က”သူတို့ (အင်္ဂလန်အသင်း)က ဗိုလ်လုပွဲကို လွယ်လွယ်ကူကူရောက်သွားမယ်လို့ ထင်ထားပုံပါပဲ။ လူမှုကွန်ရက်စာမျက်နှာတွေမှာ သူတို့ရေးနေကြတာက အဲဒီအတိုင်းပါပဲ။ အခုအချိန်မှာလည်း အင်္ဂလန်ကစားသမားတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ သူတို့ရေးချင်သလို ဆက်ရေးနိုင်တယ်၊ ကျွန်တော်တို့ကတော့ လာမယ့်တနင်္ဂနွေနေ့ကျရင် ဗိုလ်လုပွဲကစားရမှာပါ”လို့ လှောင်ပြောင်ခဲ့တယ်။

REF:Daily Mail
Photo:Barca Blaugranes,Time
Naing Linn(Akhayar)
www.akhayar.com