[Zawgyi]

(၉၃)ႏွစ္အတြင္း အဆုိးရြားဆုံး အိမ္ကြင္းႏုိင္ပဲြေပ်ာက္ဆုံးမႈနဲ႔ ရင္ဆုိင္ေနရတဲ့ အီတလီ

အခုေနာက္ပုိင္းႏွစ္ေတြမွာ အက်ဘက္ေရာက္လာတဲ့ ဥေရာပထိပ္သီး အီတလီအသင္းဟာ အခုဆုိရင္ (၉၃)ႏွစ္အတြင္း အဆုိးရြားဆုံး အိမ္ကြင္းႏုိင္ပဲြေပ်ာက္ဆုံးမႈနဲ႔ ရင္ဆုိင္ေနရၿပီျဖစ္ပါတယ္။ အီတလီအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြ မေအာင္ခဲ့လုိ႔ နည္းျပအေျပာင္းအလဲလုပ္ခဲ့ၿပီး နာမည္ေက်ာ္နည္းျပတစ္ဦးျဖစ္တဲ့ မန္စီနီ Roberto Mancini ကုိ ခန္႔အပ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ပုံစံေကာင္းမရေသးပါဘူး။ မန္စီနီရဲ႕ ပဲြဦးထြက္ျဖစ္တဲ့ အသင္းငယ္ ေဆာ္ဒီနဲ႔ပဲြမွာသာ (၂-၁)ဂုိးနဲ႔အႏုိင္ရခဲ့ေပမယ့္ ေနာက္ပုိင္း(၅)ပဲြဆက္ႏုိင္ပဲြ မရခဲ့သလုိ အခုေနာက္ဆုံး ယူကရိန္းနဲ႔ေျခစမ္းခဲ့တဲ့ အိမ္ကြင္းပဲြမွာလည္း (၁)ဂုိးစီသေရက်ခဲ့တယ္။

Italys-winless-run-stretches-to-five-games-after-Ukraine-draw

Italys-winless-run-stretches-to-five-games-after-Ukraine-draw

အီတလီအသင္းဟာ အိမ္ကြင္းေနာက္ဆုံးကစားခဲ့တဲ့ (၅)ပဲြစလုံး သေရက်ခဲ့ၿပီး ဒါဟာ ၁၉၂၅ ခုႏွစ္ေနာက္ပုိင္း အဆုိးရြားဆုံး အိမ္ကြင္းႏုိင္ပဲြေပ်ာက္ဆုံးခဲ့တာပါပဲ။ အီတလီအသင္း ရလဒ္ေတြ ဆုိးရြားေနတာေၾကာင့္ နည္းျပမန္စီနီလည္း ဖိအားေတြမ်ားေနၿပီး အသင္းကုိ လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ဆြဲတင္ႏုိင္ဖုိ႔ လုိေနပါၿပီ။ အီတလီအသင္းဟာ လာမယ့္တနဂၤေႏြေန႔မွာ ပုိလန္အသင္းနဲ႔ UEFA Nations League ပဲြစဥ္အျဖစ္ အေ၀းကြင္းမွာ ကစားရမွာျဖစ္ၿပီး ႏုိင္ပဲြေပ်ာက္ဆုံးေနမႈကုိ ရပ္တန္႔ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။

REF:theworldgame
Photo:Yahoo News India,.eurosport
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၉၃)နှစ်အတွင်း အဆိုးရွားဆုံး အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတဲ့ အီတလီ

အခုနောက်ပိုင်းနှစ်တွေမှာ အကျဘက်ရောက်လာတဲ့ ဥရောပထိပ်သီး အီတလီအသင်းဟာ အခုဆိုရင် (၉၃)နှစ်အတွင်း အဆိုးရွားဆုံး အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့လို့ နည်းပြအပြောင်းအလဲလုပ်ခဲ့ပြီး နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ မန်စီနီ Roberto Mancini ကို ခန့်အပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ပုံစံကောင်းမရသေးပါဘူး။ မန်စီနီရဲ့ ပွဲဦးထွက်ဖြစ်တဲ့ အသင်းငယ် ဆော်ဒီနဲ့ပွဲမှာသာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် နောက်ပိုင်း(၅)ပွဲဆက်နိုင်ပွဲ မရခဲ့သလို အခုနောက်ဆုံး ယူကရိန်းနဲ့ခြေစမ်းခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း (၁)ဂိုးစီသရေကျခဲ့တယ်။

Italys-winless-run-stretches-to-five-games-after-Ukraine-draw

Italys-winless-run-stretches-to-five-games-after-Ukraine-draw

အီတလီအသင်းဟာ အိမ်ကွင်းနောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲစလုံး သရေကျခဲ့ပြီး ဒါဟာ ၁၉၂၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးခဲ့တာပါပဲ။ အီတလီအသင်း ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြမန်စီနီလည်း ဖိအားတွေများနေပြီး အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆွဲတင်နိုင်ဖို့ လိုနေပါပြီ။ အီတလီအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပိုလန်အသင်းနဲ့ UEFA Nations League ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ကစားရမှာဖြစ်ပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

REF:theworldgame
Photo:Yahoo News India,.eurosport
Naing Linn(Akhayar)
www.akhayar.com