This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီတလီအသင္းအတြက္ ဂႏၱ၀င္လက္တစ္စုံျဖစ္ခဲ့သူ ဘူဖြန္ Buffon

အီတလီအသင္းရဲ႕ ဂုိးေပါက္ကုိ တံတုိင္းႀကီးလုိ ႏွစ္ေပါင္းမ်ားစြာ ကာကြယ္ေစာင့္ေရွာက္ခဲ့သူ ဘူဖြန္ Buffon ဟာ ဂုိးသမားေကာင္းမ်ားစြာ ထြက္ေပၚခဲ့ဖူးတဲ့ အီတလီေဘာလုံးသမုိင္းမွာ ဂႏၱ၀င္တစ္ဦးလုိ႔ သတ္မွတ္ရမယ့္ ကစားသမားတစ္ဦးပါပဲ။ တည္ၿငိမ္မႈအျပည့္ရွိတဲ့ ပုံစံ၊ ပယ္နယ္တီကာကြယ္တဲ့ေနရာမွာ ထူး ခၽြန္မႈ၊ ႏုိင္လုိစိတ္ျပင္းထန္မႈ၊ အသင္းအေပၚ ဦးေဆာင္ႏုိင္မႈ စတဲ့အရည္အေသြးေတြနဲ႔ ျပည့္စုံသူလည္းျဖစ္ ပါတယ္။

Buffon-Best-Save

Buffon-Best-Save

ငယ္ရြယ္စဥ္ကတည္းက အီတလီအသင္းရဲ႕ အဓိက ဂုိးသမားစာရင္း၀င္ျဖစ္ခဲ့ၿပီး စပိန္ဂႏၱ၀င္ဂုိးသမား ကာဆီးလက္စ္ Casillas နဲ႔ အတူ ၂၁ ရာစုရဲ႕ အေကာင္းဆုံးဂုိးသမားအျဖစ္ သတ္မွတ္ခံခဲ့ရတယ္။

Casillas-and-Buffon

Casillas-and-Buffon

ေဘာလုံးသမားဘ၀ ႏွစ္ေပါင္း(၂၀)ေက်ာ္ကာလအတြင္း ဆုဖလားေပါင္း (၂၃)ခုအထိ ရယူခဲ့ၿပီး ၂၀၀၆ ကမၻာ႔ဖလားအပါအ၀င္ ဆုဖလားေပါင္းမ်ားစြာ ရယူႏုိင္ခဲ့သူျဖစ္ပါတယ္။ ၂၀၀၆ ကမၻာ႔ဖလားမွာ အီတလီ အသငး္ ဗုိလ္စဲြခဲ့စဥ္က ဘူဖြန္ရဲ႕ စြမ္းေဆာင္ရည္က အဓိက က်ခဲ့ၿပီး စုစုေပါင္း(၇)ပဲြကစား (၂)ဂုိးသာ ေပးခဲ့ရသလုိ Clean Sheet (၅)ပဲြရယူခဲ့တယ္။ ဒါ့အျပင္ ၿပိဳင္ပဲြတစ္ေလွ်ာက္လုံးမွာ ဂုိးေပါက္ကာကြယ္မႈ အႀကိမ္(၄၀) အထိျပဳလုပ္ခဲ့တဲ့အျပင္ အေကာင္းဆုံးဂုိးသမားဆု (လက္ဗ္ယာရွင္ဆု)ဆြတ္ခူးခဲ့ၿပီး ၿပိဳင္ပဲြရဲ႕ အေကာင္းဆုံးအသင္း၊ 2006 FIFPro World XI၊ 2006 UEFA Team of the Year တို႔မွာလည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။

Buffon-and-World-Cup-Trophy

Buffon-and-World-Cup-Trophy

အီတလီအသင္းေခါင္းေဆာင္အျဖစ္ စံခ်ိန္တင္ ပဲြေပါင္း(၈၀)ကစားခဲ့သလုိ၊ အီတလီအသင္းရဲ႕ ပဲြအမ်ားဆုံး ကစားသမား(၁၇၆ပဲြ)၊ ကမၻာ႔ဖလား(၅)ႀကိမ္ (၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)ကစားခဲ့တဲ့ ပထမဆုံး အီတလီကစားသမား၊ အီတလီအသင္းအတြက္ Clean Sheet အမ်ားဆုံးဂုိးသမား (၇၇ပဲြ) စတဲ့ စံခ်ိန္မွတ္ တမ္းေတြ ရယူခဲ့တယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြနဲ႔ လဲြေခ်ာ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္က အီတလီလက္ေရြးစင္ ကစားသမားဘ၀က အနားယူခဲ့တဲ့ ဘူဖြန္ဟာ ၂၀၁၇-၁၈ ရာသီကုန္မွာလည္း (၁၇)ႏွစ္ၾကာ ကစားခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသငး္နဲ႔ လမ္းခဲြခဲ့ပါၿပီ။ ေနာက္ဆုိရင္ အီတလီနဲ႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဂုိးေပါက္ေရွ႕မွာ ဘူဖြန္ ကုိ ျမင္ေတြ႕ရမွာ မဟုတ္ေတာ့ေပမယ့္လည္း ပရိသတ္ေတြရဲ႕ ရင္ထဲမွာေတာ့ ဘူဖြန္ရဲ႕ ပုံရိပ္ေတြက အၿမဲတမ္း ရွိေနမွာပါ။

Buffon-Cry-After-Loss-To-Sweden

Buffon-Cry-After-Loss-To-Sweden

ဘူဖြန္ရဲ႕ လက္ေရြးစင္ကစားသမားဘ၀ မွတ္တမ္း

အီတလီအသင္းအတြက္ ကစားခဲ့သည့္ ကာလ – ၁၉၉၇ မွ ၂၀၁၈
ပဲြ/ဂုိး – ၁၇၆ ပဲြ / ၀ ဂုိး
ကမၻာ႔ဖလားဆင္ႏႊဲခဲ့သည့္ အႀကိမ္ – ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄

ေအာင္ျမင္မႈ
FIFA World Cup: 2006
Italy U21
UEFA Under-21 European Championship: 1996
Mediterranean Games: 1997

REF:Wikipedia
Photo: ESPN,Youtube,Sportstrible,Wordpress,
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီတလီအသင်းအတွက် ဂန္တဝင်လက်တစ်စုံဖြစ်ခဲ့သူ ဘူဖွန် Buffon

အီတလီအသင်းရဲ့ ဂိုးပေါက်ကို တံတိုင်းကြီးလို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ခဲ့သူ ဘူဖွန် Buffon ဟာ ဂိုးသမားကောင်းများစွာ ထွက်ပေါ်ခဲ့ဖူးတဲ့ အီတလီဘောလုံးသမိုင်းမှာ ဂန္တဝင်တစ်ဦးလို့ သတ်မှတ်ရမယ့် ကစားသမားတစ်ဦးပါပဲ။ တည်ငြိမ်မှုအပြည့်ရှိတဲ့ ပုံစံ၊ ပယ်နယ်တီကာကွယ်တဲ့နေရာမှာ ထူး ချွန်မှု၊ နိုင်လိုစိတ်ပြင်းထန်မှု၊ အသင်းအပေါ် ဦးဆောင်နိုင်မှု စတဲ့အရည်အသွေးတွေနဲ့ ပြည့်စုံသူလည်းဖြစ် ပါတယ်။

Buffon-Best-Save

Buffon-Best-Save

ငယ်ရွယ်စဉ်ကတည်းက အီတလီအသင်းရဲ့ အဓိက ဂိုးသမားစာရင်းဝင်ဖြစ်ခဲ့ပြီး စပိန်ဂန္တဝင်ဂိုးသမား ကာဆီးလက်စ် Casillas နဲ့ အတူ ၂၁ ရာစုရဲ့ အကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။

Casillas-and-Buffon

Casillas-and-Buffon

ဘောလုံးသမားဘ၀ နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း ဆုဖလားပေါင်း (၂၃)ခုအထိ ရယူခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားအပါအဝင် ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အီတလီ အသင်း ဗိုလ်စွဲခဲ့စဉ်က ဘူဖွန်ရဲ့ စွမ်းဆောင်ရည်က အဓိက ကျခဲ့ပြီး စုစုပေါင်း(၇)ပွဲကစား (၂)ဂိုးသာ ပေးခဲ့ရသလို Clean Sheet (၅)ပွဲရယူခဲ့တယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက်လုံးမှာ ဂိုးပေါက်ကာကွယ်မှု အကြိမ်(၄၀) အထိပြုလုပ်ခဲ့တဲ့အပြင် အကောင်းဆုံးဂိုးသမားဆု (လက်ဗ်ယာရှင်ဆု)ဆွတ်ခူးခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း၊ 2006 FIFPro World XI၊ 2006 UEFA Team of the Year တို့မှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

Buffon-and-World-Cup-Trophy

Buffon-and-World-Cup-Trophy

အီတလီအသင်းခေါင်းဆောင်အဖြစ် စံချိန်တင် ပွဲပေါင်း(၈၀)ကစားခဲ့သလို၊ အီတလီအသင်းရဲ့ ပွဲအများဆုံး ကစားသမား(၁၇၆ပွဲ)၊ ကမ္ဘာ့ဖလား(၅)ကြိမ် (၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)ကစားခဲ့တဲ့ ပထမဆုံး အီတလီကစားသမား၊ အီတလီအသင်းအတွက် Clean Sheet အများဆုံးဂိုးသမား (၇၇ပွဲ) စတဲ့ စံချိန်မှတ် တမ်းတွေ ရယူခဲ့တယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က အီတလီလက်ရွေးစင် ကစားသမားဘဝက အနားယူခဲ့တဲ့ ဘူဖွန်ဟာ ၂၀၁၇-၁၈ ရာသီကုန်မှာလည်း (၁၇)နှစ်ကြာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ လမ်းခွဲခဲ့ပါပြီ။ နောက်ဆိုရင် အီတလီနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဂိုးပေါက်ရှေ့မှာ ဘူဖွန် ကို မြင်တွေ့ရမှာ မဟုတ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ဘူဖွန်ရဲ့ ပုံရိပ်တွေက အမြဲတမ်း ရှိနေမှာပါ။

Buffon-Cry-After-Loss-To-Sweden

Buffon-Cry-After-Loss-To-Sweden

ဘူဖွန်ရဲ့ လက်ရွေးစင်ကစားသမားဘ၀ မှတ်တမ်း

အီတလီအသင်းအတွက် ကစားခဲ့သည့် ကာလ – ၁၉၉၇ မှ ၂၀၁၈
ပွဲ/ဂိုး – ၁၇၆ ပွဲ / ၀ ဂိုး
ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့် အကြိမ် – ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄

အောင်မြင်မှု
FIFA World Cup: 2006
Italy U21
UEFA Under-21 European Championship: 1996
Mediterranean Games: 1997

REF:Wikipedia
Photo: ESPN,Youtube,Sportstrible,Wordpress,
Naing Linn(Akhayar)
www.akhayar.com