ႏွစ္ (၆ဝ) အတြင္း ပထမဆုံးအႀကိမ္ေျခစစ္ပြဲ မေအာင္ခဲ့တဲ့ အီတလီလက္ေရြးစင္အသင္း

italy-fail-to-qualify-for-first-world-cup-in-60-years-after-play-off-defeat-to-sweden
italy-fail-to-qualify-for-first-world-cup-in-60-years-after-play-off-defeat-to-sweden

[Zawgyi]

ႏွစ္ (၆ဝ) အတြင္း ပထမဆုံးအႀကိမ္ေျခစစ္ပြဲ မေအာင္ခဲ့တဲ့ အီတလီလက္ေရြးစင္အသင္း

အီတလီလက္ေရြးစင္အသင္းဟာ ၂ဝ၁၇ခုႏွစ္ ႏုိဝင္ဘာလ (၁၃) ရက္ေန႔မွာ ဆြီဒင္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကမၻာ့ဖလားရႈံးထြက္ပြဲမွာ သေရက်ၿပီး ၂ဝ၁၈ကမၻာ့ဖလားမွာ ေျခစစ္ပြဲက်ရႈံးခဲ့ပါတယ္။ ႏုိဝင္ဘာလ (၁ဝ) ရက္ေန႔က ဆြီဒင္ႏုိင္ငံမွာ ကစားခဲ့တဲ့ ပထမအေက်ာ့မွာ အီတလီအသင္းက ၁ဂုိး ဂုိးမရွိ ရႈံးနိမ့္ခဲ့ၿပီး ဒုတိယအေက်ာ့မွာ သေရသာ ရယူႏုိင္ခဲ့လုိ႔ အခုလုိ ထြက္ခဲ့ရတာျဖစ္ပါတယ္။ အီတလီအသင္းဟာ ၁၉၅၈ကမၻာ့ဖလားမွာ ေျခစစ္ပြဲမေအာင္ျဖစ္ခဲ့ၿပီး ႏွစ္ (၆ဝ) အတြင္းမွာ ဒုတိယအႀကိမ္ ေျခစစ္ပြဲမေအာင္ခဲ့တာျဖစ္ပါတယ္။

အီတလီလက္ေရြးစင္အသင္း
အီတလီလက္ေရြးစင္အသင္း

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ကာလုိ တာဗက္ခ်ီယုိ (Carlo Tavecchio) ကလည္း ကမၻာ့ဖလားမွာ ေျခစစ္ပြဲမေအာင္ျဖစ္သြားတဲ့အတြက္ ပရိသတ္ႀကီးကုိ ေတာင္းပန္ပါတယ္ဆုိတဲ့အေၾကာင္း ဖြင့္ဟေျပာဆုိသြားပါတယ္။ အီတလီအသင္းနည္းျပႀကီး ဂီယန္ပီရုိ ဗန္တူရာ (Gian Piero Ventura) ဟာ ေျခစစ္ပြဲမေအာင္ျဖစ္ခဲ့ၿပီး အသင္းမွ ႏႈတ္ထြက္သြားၿပီလုိ႔ သတင္းထြက္ေပၚခဲ့ေပမယ့္ သူကုိယ္တုိင္က မႏႈတ္ထြက္ပါဘူးလုိ႔ ေျပာဆုိထားပါတယ္။ ဒါေပမယ့္လည္း အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က သူ႕ကုိ ရာထူးမွ ထုတ္ပယ္မယ့္ အေနအထားမွာ ရွိပါတယ္။

ဝမ္းနည္းေနၾကတဲ့ အီတလီအသင္းသားမ်ား
ဝမ္းနည္းေနၾကတဲ့ အီတလီအသင္းသားမ်ား

အီတလီအသင္းဟာ ကမၻာ့ဖလားေျခစစ္ပြဲမေအာင္ျမင္တဲ့ အက်ိဳးဆက္တစ္ခုအေနနဲ႔ ဝါရင့္ဂုိးသမားႀကီး ဘူဖြန္ (Buffon) ဟာလည္း ႏုိင္ငံတကာလက္ေရြးစင္မွ အနားယူခဲ့ၿပီလုိ႔ ေၾကညာခဲ့ပါတယ္။ အီတလီအသင္း ကမၻာ့ဖလားေျခစစ္ပြဲမေအာင္ျမင္လုိက္တာက ဘူဖြန္အတြက္ ကမၻာ့ဖလားၿပိဳင္ပြဲငါးႀကိမ္ဆက္တုိက္ ကစားဖူးတဲ့ ကစားသမားစံခ်ိန္ကုိ တင္ႏုိင္ေတာ့မွာ မဟုတ္ပါဘူး။ ဘူဖြန္ဟာ ၂ဝဝ၂ကမၻာဖလား၊ ၂ဝဝ၆ကမၻာ့ဖလား၊ ၂ဝ၁ဝကမၻာ့ဖလားနဲ႔ ၂ဝ၁၄ကမၻာ့ဖလားပြဲေတြမွာ ပါဝင္ဖူးတဲ့ ဂုိးသမားႀကီးျဖစ္ပါတယ္။ အသက္ (၃၉) ႏွစ္ရွိတဲ့ ဂုိးသမားႀကီးအေနနဲ႔ ၂ဝ၂၂ကမၻာ့ဖလားဆုိတာ မေရရာေတာ့တဲ့ အေနအထားပါ။ ဒါ့ေၾကာင့္လည္း အနားယူခဲ့ဟန္တူပါတယ္။ ဒါ့အျပင္ ဆြီဒင္အသင္းနဲ႔ သေရပြဲအၿပီးမွာ (၃၃) ႏွစ္ရွိၿပီျဖစ္တဲ့ ဝါရင့္ေနာက္ခံလူ ခ်ီလီနီ (Chiellini) ၊ (၃၆) ႏွစ္ရွိၿပီျဖစ္တဲ့ ေနာက္ခံလူ ဘာရာဂလီ (Barzagli) နဲ႔ (၃၄) ႏွစ္ရွိၿပီျဖစ္တဲ့ ကြင္းလယ္လူ ဒီေရာ့စီ (De Rossi) တုိ႔လည္း အနားယူသြားပါတယ္။ ဂါးရက္ေဘးလ္ (Gareth Bale) ၊ အာဂ်န္ေရာ္ဘင္ (Arjen Robben) ၊ အလက္ဆစ္ဆန္းခ်က္ (Alexis Sánchez) ၊ အာတူရုိဗီဒယ္ (Arturo Vidal) ၊ အန္တုိနီယုိဗလင္စီယာ (Antonio Valencia) နဲ႔ ေဒးဗစ္အယ္လာဘာ (David Alaba) တုိ႔လုိ နာမည္ေက်ာ္ေတြအျပင္ ဘူဖြန္၊ ဘုိႏူခ်ီ (Bonucci) တုိ႔လုိ ဂႏၱဝင္ကစားသမားေတြလည္း ၂ဝ၁၈ကမၻာ့ဖလားပြဲမွာ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

နှစ် (၆ဝ) အတွင်း ပထမဆုံးအကြိမ်ခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီလက်ရွေးစင်အသင်း

အီတလီလက်ရွေးစင်အသင်းဟာ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားရှုံးထွက်ပွဲမှာ သရေကျပြီး ၂ဝ၁၈ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲကျရှုံးခဲ့ပါတယ်။ နိုဝင်ဘာလ (၁ဝ) ရက်နေ့က ဆွီဒင်နိုင်ငံမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ အီတလီအသင်းက ၁ဂိုး ဂိုးမရှိ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့မှာ သရေသာ ရယူနိုင်ခဲ့လို့ အခုလို ထွက်ခဲ့ရတာဖြစ်ပါတယ်။ အီတလီအသင်းဟာ ၁၉၅၈ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲမအောင်ဖြစ်ခဲ့ပြီး နှစ် (၆ဝ) အတွင်းမှာ ဒုတိယအကြိမ် ခြေစစ်ပွဲမအောင်ခဲ့တာဖြစ်ပါတယ်။

အီတလီလက်ရွေးစင်အသင်း
အီတလီလက်ရွေးစင်အသင်း

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာလို တာဗက်ချီယို (Carlo Tavecchio) ကလည်း ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲမအောင်ဖြစ်သွားတဲ့အတွက် ပရိသတ်ကြီးကို တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ဖွင့်ဟပြောဆိုသွားပါတယ်။ အီတလီအသင်းနည်းပြကြီး ဂီယန်ပီရို ဗန်တူရာ (Gian Piero Ventura) ဟာ ခြေစစ်ပွဲမအောင်ဖြစ်ခဲ့ပြီး အသင်းမှ နှုတ်ထွက်သွားပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် သူကိုယ်တိုင်က မနှုတ်ထွက်ပါဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း အီတလီဘောလုံးအဖွဲ့ချုပ်က သူ့ကို ရာထူးမှ ထုတ်ပယ်မယ့် အနေအထားမှာ ရှိပါတယ်။

ဝမ်းနည်းနေကြတဲ့ အီတလီအသင်းသားများ
ဝမ်းနည်းနေကြတဲ့ အီတလီအသင်းသားများ

အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်တဲ့ အကျိုးဆက်တစ်ခုအနေနဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန် (Buffon) ဟာလည်း နိုင်ငံတကာလက်ရွေးစင်မှ အနားယူခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်လိုက်တာက ဘူဖွန်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲငါးကြိမ်ဆက်တိုက် ကစားဖူးတဲ့ ကစားသမားစံချိန်ကို တင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘူဖွန်ဟာ ၂ဝဝ၂ကမ္ဘာဖလား၊ ၂ဝဝ၆ကမ္ဘာ့ဖလား၊ ၂ဝ၁ဝကမ္ဘာ့ဖလားနဲ့ ၂ဝ၁၄ကမ္ဘာ့ဖလားပွဲတွေမှာ ပါဝင်ဖူးတဲ့ ဂိုးသမားကြီးဖြစ်ပါတယ်။ အသက် (၃၉) နှစ်ရှိတဲ့ ဂိုးသမားကြီးအနေနဲ့ ၂ဝ၂၂ကမ္ဘာ့ဖလားဆိုတာ မရေရာတော့တဲ့ အနေအထားပါ။ ဒါ့ကြောင့်လည်း အနားယူခဲ့ဟန်တူပါတယ်။ ဒါ့အပြင် ဆွီဒင်အသင်းနဲ့ သရေပွဲအပြီးမှာ (၃၃) နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်နောက်ခံလူ ချီလီနီ (Chiellini) ၊ (၃၆) နှစ်ရှိပြီဖြစ်တဲ့ နောက်ခံလူ ဘာရာဂလီ (Barzagli) နဲ့ (၃၄) နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ ဒီရော့စီ (De Rossi) တို့လည်း အနားယူသွားပါတယ်။ ဂါးရက်ဘေးလ် (Gareth Bale) ၊ အာဂျန်ရော်ဘင် (Arjen Robben) ၊ အလက်ဆစ်ဆန်းချက် (Alexis Sánchez) ၊ အာတူရိုဗီဒယ် (Arturo Vidal) ၊ အန်တိုနီယိုဗလင်စီယာ (Antonio Valencia) နဲ့ ဒေးဗစ်အယ်လာဘာ (David Alaba) တို့လို နာမည်ကျော်တွေအပြင် ဘူဖွန်၊ ဘိုနူချီ (Bonucci) တို့လို ဂန္တဝင်ကစားသမားတွေလည်း ၂ဝ၁၈ကမ္ဘာ့ဖလားပွဲမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com