[Zawgyi]

အီတလီႏိုင္ငံက တံတားႀကီး ထက္ပိုင္းျပတ္က်ိဳးက် လူမ်ားစြာေသဆံုး

၁၉၇၆ ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး သက္တမ္း ၅၁ ႏွစ္ရွိၿပီျဖစ္တဲ့ အီတလီႏိုင္ငံ အေနာက္ေျမာက္ပိုင္းက Geona ၿမိဳ႕မွာရွိတဲ့ တံတားႀကီးဟာ ဒီအဂၤါေန႔အေစာပိုင္းမွာေတာ့ ျပင္းထန္စြာမိုးရြာသြန္းထားၿပီးေနာက္ တံတားအလယ္မွ ထက္ပိုင္းက်ိဳးက်ခဲ့ပါတယ္။ ဒီတံတားဟာ ခံႏိုင္ရည္တန္ထက္ေက်ာ္လြန္ၿပီး နိစၥဓူဝ ကားႀကီး၊ ကားငယ္ေတြျဖတ္သန္းသြားလာမႈေၾကာင့္ ျပန္လည္ျပဳျပင္မႈေတြ လိုအပ္ေနဆဲအခ်ိန္မွာ ၿပိဳက်သြားခဲ့တာ ျဖစ္ပါတယ္။ ဒီတံတားႀကီး ၿပိဳက်တဲ့အခ်ိန္မွာ ကား ၃၅ စီးနဲ႔ Truck ကား ၃စီးဟာ ၿပိဳက်သြားတဲ့ အလယ္ပိုင္းမွာရွိေနတာျဖစ္ၿပီး အခ်ိဳ႕ကိုေတာ့ Polvecera ျမစ္ေရထဲမွာ ျပန္ရွာေတြ႕ပါတယ္။

Bridge collapse genoa italy super tease

Bridge collapse genoa italy super tease

Morandi တံတားႀကီးဟာ ျပင္သစ္ကိုသြားတဲ့ A10 Highway ႀကီးနဲ႔ ေျမာက္ပိုင္း Milan နဲ႔ Liguria ကမ္းေျခေတြကို ဆက္ထားတဲ့ တံတားႀကီးပဲ ျဖစ္ပါတယ္။

အင္ဂ်င္နီယာေတြကေတာ့ ဒီတံတားႀကီးဟာ ပြတ္တိုက္စားမႈဒဏ္ေတြေၾကာင့္ရယ္၊ ရာသီဥတုဒဏ္ေတြေၾကာင့္ မုန္တိုင္းအေသးစားတစ္ခုဝင္ခ်ိန္မွာ ၿပိဳက်သြားတာလို႔ သိရပါတယ္။

Genoa bridge Collapse

Genoa bridge Collapse

အီတလီေဆာက္လုပ္ေရးအင္ဂ်င္နီယာအဖြဲ႕အစည္းေတြကေတာ့ ဒီတံတားဟာ စတင္ေဆာက္လုပ္ခ်ိန္မွစၿပီး ခုခ်ိန္ထိေရတြက္ၾကည့္ရင္ တံတားသက္တမ္းထက္ေက်ာ္လြန္ေနခဲ့ၿပီး ျပဳျပင္ျပင္ဆင္စရာ အစိတ္အပိုင္းအမ်ားႀကီးရွိေနတာပါလို႔ ဆိုလိုက္ပါတယ္။

ဒါ့အျပင္ အဲ့ဒီအခ်ိန္ကာလဟာ အီတလီႏိုင္ငံရဲ႕ပြဲေတာ္ျဖစ္တဲ့ Ferragosto ပြဲအတြက္ လူအမ်ားသြားလာေနခ်ိန္မို႔ ကားပိတ္တဲ့အခ်ိန္ဆိုလည္း မမွားပါဘူး။

Genoa bridge collapse

Genoa bridge collapse

လတ္တေလာထိ လူ ၃၉ ဦးေသဆံုးေနၿပီး ၁၅ဦး ထိခိုက္ဒဏ္ရာရကာ ျပင္းထန္အေျခအေနကေတာ့ ၅ေယာက္ရွိပါတယ္။ ေသဆံုးသူထဲမွာ ကေလး ၃ဦးလည္းပါဝင္ပါတယ္။

လက္ရွိမွာေတာ့ ရွာေဖြမႈေတြဆက္လက္လုပ္ေနဆဲျဖစ္ပါတယ္။

ဒီတံတားက်ိဳးက်မႈဟာ အီတလီႏိုင္ငံရဲ႕ ေဆာက္လုပ္ေရးနဲ႔ နည္းပညာေလာကကို ေဝဖန္အျပစ္တင္စရာေတြ မီးေမာင္းထိုးျပလိုက္သလိုပါပဲ။

EiEiKhineMinn (Akhayar)

www.akhayar.com

[Unicode]

အီတလီနိုင်ငံက တံတားကြီး ထက်ပိုင်းပြတ်ကျိုးကျ လူများစွာသေဆုံး

၁၉၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး သက်တမ်း ၅၁ နှစ်ရှိပြီဖြစ်တဲ့ အီတလီနိုင်ငံ အနောက်မြောက်ပိုင်းက Geona မြို့မှာရှိတဲ့ တံတားကြီးဟာ ဒီအင်္ဂါနေ့အစောပိုင်းမှာတော့ ပြင်းထန်စွာမိုးရွာသွန်းထားပြီးနောက် တံတားအလယ်မှ ထက်ပိုင်းကျိုးကျခဲ့ပါတယ်။ ဒီတံတားဟာ ခံနိုင်ရည်တန်ထက်ကျော်လွန်ပြီး နိစ္စဓူဝ ကားကြီး၊ ကားငယ်တွေဖြတ်သန်းသွားလာမှုကြောင့် ပြန်လည်ပြုပြင်မှုတွေ လိုအပ်နေဆဲအချိန်မှာ ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတံတားကြီး ပြိုကျတဲ့အချိန်မှာ ကား ၃၅ စီးနဲ့ Truck ကား ၃စီးဟာ ပြိုကျသွားတဲ့ အလယ်ပိုင်းမှာရှိနေတာဖြစ်ပြီး အချို့ကိုတော့ Polvecera မြစ်ရေထဲမှာ ပြန်ရှာတွေ့ပါတယ်။

Bridge collapse genoa italy super tease

Bridge collapse genoa italy super tease

Morandi တံတားကြီးဟာ ပြင်သစ်ကိုသွားတဲ့ A10 Highway ကြီးနဲ့ မြောက်ပိုင်း Milan နဲ့ Liguria ကမ်းခြေတွေကို ဆက်ထားတဲ့ တံတားကြီးပဲ ဖြစ်ပါတယ်။

အင်ဂျင်နီယာတွေကတော့ ဒီတံတားကြီးဟာ ပွတ်တိုက်စားမှုဒဏ်တွေကြောင့်ရယ်၊ ရာသီဥတုဒဏ်တွေကြောင့် မုန်တိုင်းအသေးစားတစ်ခုဝင်ချိန်မှာ ပြိုကျသွားတာလို့ သိရပါတယ်။

Genoa bridge Collapse

Genoa bridge Collapse

အီတလီဆောက်လုပ်ရေးအင်ဂျင်နီယာအဖွဲ့အစည်းတွေကတော့ ဒီတံတားဟာ စတင်ဆောက်လုပ်ချိန်မှစပြီး ခုချိန်ထိရေတွက်ကြည့်ရင် တံတားသက်တမ်းထက်ကျော်လွန်နေခဲ့ပြီး ပြုပြင်ပြင်ဆင်စရာ အစိတ်အပိုင်းအများကြီးရှိနေတာပါလို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် အဲ့ဒီအချိန်ကာလဟာ အီတလီနိုင်ငံရဲ့ပွဲတော်ဖြစ်တဲ့ Ferragosto ပွဲအတွက် လူအများသွားလာနေချိန်မို့ ကားပိတ်တဲ့အချိန်ဆိုလည်း မမှားပါဘူး။

Genoa bridge collapse

Genoa bridge collapse

လတ်တလောထိ လူ ၃၉ ဦးသေဆုံးနေပြီး ၁၅ဦး ထိခိုက်ဒဏ်ရာရကာ ပြင်းထန်အခြေအနေကတော့ ၅ယောက်ရှိပါတယ်။ သေဆုံးသူထဲမှာ ကလေး ၃ဦးလည်းပါဝင်ပါတယ်။

လက်ရှိမှာတော့ ရှာဖွေမှုတွေဆက်လက်လုပ်နေဆဲဖြစ်ပါတယ်။

ဒီတံတားကျိုးကျမှုဟာ အီတလီနိုင်ငံရဲ့ ဆောက်လုပ်ရေးနဲ့ နည်းပညာလောကကို ဝေဖန်အပြစ်တင်စရာတွေ မီးမောင်းထိုးပြလိုက်သလိုပါပဲ။

EiEiKhineMinn (Akhayar)

www.akhayar.com