[Zawgyi]

Meizu 15 ကို April ၂၂ ရက်နေ့မှာတရားဝင် မိတ်ဆက်မယ်





Ref:Gizmochina
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Meizu 15 ကို April ၂၂ ရက်နေ့မှာတရားဝင် မိတ်ဆက်မယ္

လပေါင်းများစွာ အဆုံးမသတ်နိုင်တဲ့ ကောလဟာလတွေထွက်ခဲ့ပြီးတဲ့နောက်မှာတော့ Meizu 15 ကို တရားဝင်တွေ့မြင်ရမယ့်ရက် ထွက်ပေါ်လာပြီဖြစ်ပါတယ်။ လာမယ့် April လ ၂၂ရက်နေ့မှာ Meizu 15, Meizu 15 Plus နဲ့ Meizu 15 Lite ဆိုတဲ့ စမတ်ဖုန်းမော်ဒယ် ၃မျိုးကိုမိတ်ဆက်သွားတော့မှာပါ။ အချိန်ကတော့ တရုတ်စံတော်ချိန် ည ၇နာရီခွဲဖြစ်မယ်လို့သိရပါတယ်။ ဒီသတင်းကတော့ Meizu ရဲ့ Head of Global Marketing ကနေထုတ်ပြန်ခဲ့တာဖြစ်ပြီး Meizu ရဲ့ တရုတ် Social Page ဖြစ်တဲ့ Weibo ကတဆင့်ပြန်လည်ကြေညာခဲ့တာပါ။
Meizu M15 စမတ်ဖုန်း ၃ မျိုးမှာပါဝင်မယ့်အချက်အလက်တွေကတော့ TENAA မှာဖော်ပြချက်အရ အောက်ပါအတိုင်းတွေ့ရှိရပါတယ်။

Meizu 15 နဲ့ 15 Lite တို့ကို 5.46 လက်မအရွယ် 16:9 မျက်နှာပြင်တပ်ဆင်ထားဖွယ်ရှိပြီး Meizu 15 Plus မှာတော့ 5.95 လက်မအရွယ် QHD AMOLED Display ပါဝင်မယ်လို့ဆိုပါတယ်။ Camera ပိုင်းမှာတော့ Lite Version ကလွဲလို့ ကျန်တဲ့ ၂မျိုးလုံးမှာ Dual Camera ပါဝင်မယ်လို့ဖော်ပြထားပြီး Selfie Camera ကတော့ ဖုန်းသုံးမျိုးလုံးမှာ 20MP ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Scanner ကိုတော့ ရှေ့ဘက်မျက်နှာပြင်ရှိ Home Button မှာတပ်ထည့်သွင်းထားမှာဖြစ်ပြီး စတင်အသုံးပြုရမယ့် Android OS Version ကတော့ (7.xx) Nougat ဖြစ်ပါတယ်။

It Is Official: Meizu 15 Launches April 22

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ Meizu 15 Series ဟာ ဒီနေ့ခေတ်စားနေတဲ့ 18:9 Full Screen Display လည်းမဟုတ်သလို လက်ရှိစမတ်ဖုန်းမှန်သမျှ အသည်းအသန်ထည့်သွင်းနေကြတဲ့ iPhone X လို Notch လည်းပါဝင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ကျောဘက် Camera ရဲ့တည်နေရာကလည်း ထောင့်စွန်းမှာ ဒေါင်လိုက်ထားထားမှာမဟုတ်ပဲ Meizu ဖုန်းတွေမှာအသုံးအများဆုံးဖြစ်တဲ့ ကျောဘက်အလယ် ဝန်းကျင်မှာပဲ တပ်ဆင်မယ်လို့သိရှိရပါတယ်။ ဒီတစ်ခေါက်မှာတော့ Meizu ရဲ့ သူများလုပ်တိုင်း လိုက်မလုပ်ပဲ ခေါင်းမာရဲတဲ့ သတ္တိကိုချီးကျူးရမှာဖြစ်သလို ပွဲထွက်လာတဲ့အခါမှာလည်း Fans တွေအနေနဲ့ ဘယ်အတိုင်းအတာထိ လက်ခံနိုင်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref:Gizmochina
Phone Hay Ko (Akhayar)
www.akhayar.com