[Zawgyi]







It

It


Bill Skarsgard

Bill Skarsgard


It

It


Jessica Chastain

Jessica Chastain


James McAvoy

James McAvoy


Bill Hader

Bill Hader


Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider
[Unicode]

စတင်ရိုက်ကူးနေပြီဖြစ်တဲ့ ထိတ်လန့်သည်းဖိုဇာတ်ကား ‘It : Chapter 2 (2019)’

၂၀၁၇ ခုနှစ်က ပြသခဲ့တဲ့ “It” ဇာတ်ကားရဲ့နောက်ဆက်တွဲ  ‘It : Chapter 2’ ကို ဒီတစ်ပတ်ထဲမှာ စတင်ရိုက်ကူးပြီလို့ သိရပါတယ်။

သရုပ်ဆောင် James McAvoy ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒီဇာတ်ကားစတင်ရိုက်ကူးတဲ့ အကြောင်းကို Instagram မှာ တင်ထားခဲ့ပါတယ်။ ပုံထဲမှာတော့ သူဟာ ချိစ်တုံးတစ်တုံးကို ကိုင်ထားပြီး Caption မှာ “Day 1 on IT 2. Glad you got the memo guys. #passthecheeseplease #derryordairy.” လို့ ရေးထားပါတယ်။

Day 1 on IT 2. Glad you got the memo guys. #passthecheeseplease #derryordairy

A post shared by James Mcavoy (@jamesmcavoyrealdeal) on

ပထမ ‘It’ ဇာတ်ကားကတော့ အနုပညာအရရော၊ ဝင်ငွေအရပါ အောင်မြင်ခဲ့တာပါ။  Rottten Tomatoes မှာ 85% Critic Score နဲ့ 7.5/10 ရရှိခဲ့သလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့လည်း ဒေါ်လာ သန်း ၇၀၀ လောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ Horror Movie သမိုင်းတလျှောက်မှာဆိုရင် ဝင်ငွေအကောင်းဆုံးအဖြစ်နဲ့ ရပ်တည်နေပါတယ်။ ဒီလို အောင်မြင်မှုတွေရခဲ့လို့လည်း ဒီလို နောက်ဆက်တွဲဇာတ်ကားကို ဆက်ရိုက်ဖို့ ဖြစ်လာတာပါ။

It

It

‘It : Chapter 2’ ကိုတော့ ပထမဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရို်က်တာ Andy Muschietti ကပဲ ရိုက်ကူးမှာ ဖြစ်ပြီး Bill Skarsgard ကလည်း သူ့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Clown နေရာက သရုပ်ဆောင်မှာပဲဖြစ်ပါတယ်။

Bill Skarsgard

Bill Skarsgard

ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ ကောင်းပြီး ပထမဖြစ်ရပ်ဖြစ်ပွားအပြီး ၂၇နှစ်အကြာမှာ Losers’ Club ရဲ့ ကလေးတွေဟာ အရွယ်ရောက်ကုန်ကြပါပြီ။  သူတို့တွေ Derry၊ Maine ကို ပြန်ရောက်ဖို့ ဖြစ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းဆင်ထားကြပါတယ်။

It

It

Jessica Chastain ဟာ Beverly Marsh နေရာက၊

Jessica Chastain

Jessica Chastain

James McAvoy ကတော့ Bill နေရာက၊

James McAvoy

James McAvoy

Bill Hader က Richie နေရာက သရုပ်ဆောင်မှာ ဖြစ်ပြီး

Bill Hader

Bill Hader

‘It : Chapter 2’ တင်မယ့် ရက်ကိုတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider