[Zawgyi]

၂၀၂၀ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြ က်ငး္ပခြင့္ရရွိခဲ့တဲ့ အစၥတန္ဘူလ္ Istanbul

၂၀၂၀ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ တူရကီႏုိင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕မွာရွိတဲ့ Atatürk Olympic Stadium ကြင္းမွာ က်င္းပခြင့္ရရွိခဲ့ၿပီး အဲဒီကြင္းဟာ ၂၀၀၅ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြတုန္းက လီဗာပူးလ္အသင္းရဲ႕ ေအာင္ေျမလည္းျဖစ္ခဲ့ဖူးပါတယ္။ ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္(UEFA)ရဲ႕ တာ၀န္ရွိသူေတြဟာ ၂၀၂၀ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြ က်င္းပမယ့္ကြင္းနဲ႔ပတ္သက္လုိ႔ ဒီႏွစ္ဗုိလ္လုပဲြက်င္းပမယ့္ ကိဗ္ၿမိဳ႕မွာ အစည္းအေ၀းျပဳလုပ္ ဆုံးျဖတ္ခဲ့ၾကၿပီး အစၥတန္ဘူလ္ကြင္းကုိ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

၂၀၀၅ ဗုိလ္လုပဲြတုန္းက Atatürk Olympic Stadium ကြင္းမွာ လီဗာပူးလ္နဲ႔ ေအစီမီလန္အသငး္တို႔ ဆုံေတြ႕ခဲ့ၿပီး လီဗာပူးလ္အသငး္ (၃)ဂုိးျပတ္ ႐ႈံးနိမ့္ေနရာကေန (၃)ဂုိးျပန္သြင္းယူခဲ့သလုိ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ယူခဲ့တာေၾကာင့္ (၅)ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဆုဖလားကုိ ကုိင္ေျမႇာက္ခြင့္ရရွိခဲ့တယ္။

Liverpool-famously-came-back-from-3-0-down-to-overcome-AC-Milan-in-the-2005-final

Liverpool-famously-came-back-from-3-0-down-to-overcome-AC-Milan-in-the-2005-final

(၁၅)ႏွစ္အၾကာမွာ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ Atatürk Olympic Stadium မွာ တစ္ေက်ာ႔ျပန္ က်င္းပခြင့္ရရွိမွာျဖစ္ၿပီး လာမယ့္ ယူ႐ုိ-၂၀၂၀ ပဲြစဥ္တခ်ိဳ႕ကုိလည္း ဒီကြင္းမွာ ယွဥ္ၿပိဳင္သြားမွာပါ။ Atatürk Olympic Stadium ကြင္းဟာ ပရိသတ္(၇၆၀၀၀)အထိ ၀င္ဆံ့ၿပီး ခ်န္ပီယံလိဂ္ဗုိလ္လုပြဲ က်င္းပခြင့္ရဖုိ႔အတြက္ လစၥဘြန္းက Estadio da Luz ကြင္းနဲ႔အၿပိဳင္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၂၀ ယူ႐ုိပါလိဂ္ဖလားဗုိလ္လုပဲြကုိေတာ့ ပုိလန္ႏုိင္ငံက Gdansk ကြင္းမွာ က်င္းပသြားမွာျဖစ္ပါတယ္။ လာမယ့္ ၂၀၁၉ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကို အက္သလက္တီကုိရဲ႕ အိမ္ကြင္း Wanda Metropolitano နဲ႔ ယူ႐ုိပါလိဂ္ဗုိလ္လုပဲြကုိ အဇာဘုိင္ဂ်န္က Olympic Stadium ကြင္းတို႔မွာ က်င္းပသြားမွာလည္းျဖစ္ပါတယ္။

REF:Daily Mail
Photo: SoccerLite,Ahval
Naing Linn(Akhayar)
www.akhayar.com[Unicode]

၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပခွင့်ရရှိခဲ့တဲ့ အစ္စတန်ဘူလ် Istanbul

၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ Atatürk Olympic Stadium ကွင်းမှာ ကျင်းပခွင့်ရရှိခဲ့ပြီး အဲဒီကွင်းဟာ ၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက လီဗာပူးလ်အသင်းရဲ့ အောင်မြေလည်းဖြစ်ခဲ့ဖူးပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ တာဝန်ရှိသူတွေဟာ ၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပမယ့်ကွင်းနဲ့ပတ်သက်လို့ ဒီနှစ်ဗိုလ်လုပွဲကျင်းပမယ့် ကိဗ်မြို့မှာ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ခဲ့ကြပြီး အစ္စတန်ဘူလ်ကွင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

၂၀၀၅ ဗိုလ်လုပွဲတုန်းက Atatürk Olympic Stadium ကွင်းမှာ လီဗာပူးလ်နဲ့ အေစီမီလန်အသင်းတို့ ဆုံတွေ့ခဲ့ပြီး လီဗာပူးလ်အသင်း (၃)ဂိုးပြတ် ရှုံးနိမ့်နေရာကနေ (၃)ဂိုးပြန်သွင်းယူခဲ့သလို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာကြောင့် (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်ခွင့်ရရှိခဲ့တယ်။

Liverpool-famously-came-back-from-3-0-down-to-overcome-AC-Milan-in-the-2005-final

Liverpool-famously-came-back-from-3-0-down-to-overcome-AC-Milan-in-the-2005-final

(၁၅)နှစ်အကြာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို Atatürk Olympic Stadium မှာ တစ်ကျော့ပြန် ကျင်းပခွင့်ရရှိမှာဖြစ်ပြီး လာမယ့် ယူရို-၂၀၂၀ ပွဲစဉ်တချို့ကိုလည်း ဒီကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။ Atatürk Olympic Stadium ကွင်းဟာ ပရိသတ်(၇၆၀၀၀)အထိ ဝင်ဆံ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပခွင့်ရဖို့အတွက် လစ္စဘွန်းက Estadio da Luz ကွင်းနဲ့အပြိုင် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၀ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲကိုတော့ ပိုလန်နိုင်ငံက Gdansk ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လာမယ့် ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အက်သလက်တီကိုရဲ့ အိမ်ကွင်း Wanda Metropolitano နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို အဇာဘိုင်ဂျန်က Olympic Stadium ကွင်းတို့မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

REF:Daily Mail
Photo: SoccerLite,Ahval
Naing Linn(Akhayar)
www.akhayar.com