[Zawgyi] 


Performance Upgrade

Performance Upgrade


Memoji on iOS 12



Deliver Quietly

New Features 


ARKit 2 on iOS 12




Ref: Apple

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iOS 12 မှာပါတဲ့ သင့်အတွက် အသုံးဝင်မယ့် Feature တွေ

မကြာသေးခင်က ကျင်းပပြီးသွားတဲ့ Apple ရဲ့ WWDC 2018 မှာ iOS 12 အပါအဝင် macOS 10.14 ၊ tvOS 12 နဲ့ watchOS 5 တို့ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။ iPhone တွေက နေ့စဉ်အသုံးပြုရတဲ့ Device တွေဖြစ်တာကြောင့် သင်နဲ့ ထိတွေ့မှုအများဆုံး Device တွေလည်းဖြစ်ပါတယ်။ iOS ကတော့ သင့် iPhone ရဲ့ အသက်ဆိုရင်လည်း မမှားပါဘူး။ 

Performance Upgrade

Performance Upgrade

iOS 12 ကိုတော့ လာမယ့် စက်တင်ဘာဝန်းကျင်မှာ Update လုပ်လို့ရနိုင်မှာပါ။ လက်ရှိအချိန်မှာတော့ Apple က Developer Beta တွေထုတ်ပေးထားတာကြောင့် စမ်းသပ်အသုံးပြုလို့တော့ရနေပါပြီ။ iOS 12 ကတော့ အရင်ကထွက်သမျှ iOS Update တွေထက် သိသိသာသာပိုပြီး အသုံးပြုလို့ကောင်းလာပါတယ်။ iPhone 5s နဲ့ iPhone 6 လို Model အဟောင်းတွေမှာ iOS 12 ကြောင့် အသုံးပြုရတာ ပိုပြီးသွက်သွက်လက်လက်ရှိလာစေပါတယ်။ Apple အနေနဲ့လည်း Perfomance ပိုင်းမှာ ပိုပြီး ဂရုစိုက်ပေးထားတာကြောင့် iOS 12 က စိတ်ကျေနပ်စရာကောင်းတဲ့ Update တစ်ခုလို့ပြောလို့ရပါတယ်။ အရင်က iPhone သုံးရင်းအဆင်မပြေဖြစ်တတ်တဲ့ ပြဿနာတွေက iOS 12 မှာ မတွေ့ရတော့ပါဘူး။ စာရိုက်ရမယ့်အချိန်မှာ Keyboard ပေါ်လာဖို့ ကြာနေတာ၊ မပေါ်လာတာ၊ Animation တွေထစ်နေတာ၊ နှေးနေတာ၊ Lock Screen ကနေ Camera ဆွဲဖွင့်တာနှေးနေတာ နဲ့ တစ်ခုခုကို Share လုပ်ဖို့ Share နှိပ်တဲ့အခါ Share Sheet ပေါ်လာတဲ့အချိန်နှေးနေတာ စတဲ့ပြဿနာတွေအားလုံးကို iOS 12 မှာ သိသိသာသာအဆင်ပြေလာအောင်၊ နှေးနေတာတွေ ပိုမြန်လာအောင်လုပ်ပေးထားတာကိုတွေ့ရပါတယ်။ iPhone 6 လို လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ဖုန်းတွေအတွက်တော့ iOS 12 က အကောင်းဆုံး Update ပါပဲ။ 

Memoji on iOS 12

iMessage | Animoji | Memoji

iPhone X အသုံးပြုသူတွေအတွက်လည်း Animoji မှာ လျှာထုတ်ပြလို့ရလာတာနဲ့ နောက်ထပ် Feature အသစ်အဖြစ် Memoji ဆိုပြီး တစ်ခုထပ်ထည့်ပေးလာတာပါ။ Animoji ကတော့ Emoji လေးတွေကို အသုံးပြုထားတာဖြစ်ပြီး Memoji ကတော့ သင့်မျက်နှာနဲ့တူတဲ့ Emoji မျက်နှာကို သင်ကိုယ်တိုင် ဖန်တီးနိုင်မှာပါ။ Animoji အတွက်လည်း Ghost ၊ T-Rex ၊ Tiger နဲ့ Koala ဆိုပြီး အသစ်တွေပါလာပါတယ်။ FaceTime မှာလည်း လူ ၃၂ ယောက်အထိ တစ်ပြိုင်တည်း Group Video Call ပြောလို့ရလာပါပြီ။ တစ်ချိန်တည်းမှာ လူအားလုံးကိုမမြင်ရပေမယ့် စကားပြောတဲ့လူရဲ့ Video က အလိုလိုပေါ်လာပေးမှာဖြစ်တာကြောင့် Gourp Call မှာ လူများရင်လည်း အဆင်ပြေပါတယ်။ Video Call မှာလည်း Animoji နဲ့ Memoji ကအသုံးပြုလို့ရပါသေးတယ်။ 

Deliver Quietly

New Features 

iOS 12 မှာ တစ်ကယ်အသုံးဝင်မယ့် Feature အသစ်တွေ အများကြီးပါလာပါတယ်။ Screen Time ၊  New Notification Settings ၊ ARKit 2 ၊ Photos နဲ့ Siri Feature စတာ တွေပါ။ Screen Time ကတော့ Feature အသစ်ပါ။ သင်တစ်နေ့တာမှာ ဖုန်းအသုံးပြုချိန်ဘယ်လောက်၊ ဖုန်းကို ဘယ်နှစ်ကြိမ်ကောက်ကိုင်တယ်၊ ဘယ် App ကို ဘယ်လောက်ကြာအောင်သုံးတယ် စတဲ့အချက်တွေကို အသေးစိတ်ကြည့်နိုင်တဲ့ Feature ပါ။ ဥပမာ သင်က App တစ်ခုကို တစ်ရက် နာရီဝက်ပဲသုံးချင်တယ်ဆိုရင် အဲ့ဒီ App အတွက် နာရီသတ်မှတ်ပေးထားလို့ရပါတယ်။ အချိန်ပြည့်ရင် App ကို ဆက်မသုံးဖို့ပြောပါလိမ့်မယ်။ သင် ဖုန်းအသုံးများနေတာကို သင်ကိုယ်တိုင် ပြန်ထိန်းချုပ်ဖို့ ကူညီပေးတဲ့သဘောပါပဲ။ Notification တွေကလည်း အရင်ကထက် ပိုသပ်ရပ်လာပါပြီ။ Notification တွေကို App တစ်ခုစီ အထပ်လိုက် Group ပြန်ဖွဲ့ပေးထားတာကြောင့် အမြင်ပိုင်းမှာ ပိုရှင်းသွားသလို Clean လုပ်ရတာလည်း ပိုလွယ်လာပါတယ်။ Notification တွေကို Lock Screen မှာ မပေါ်ဘဲ Notification Center မှာပဲပေါ်အောင် Quiet Mode ဆိုတာလည်း ပါလာပါတယ်။ ARKit 2 ကြောင့် သူငယ်ချင်းတွေနဲ့ Multiplayer AR Game ဆော့လို့ရလာသလို အပြင်က အရာဝတ္တုတွေနဲ့လည်း တွဲပြီးအလုပ်လုပ်လာနိုင်ပါပြီ။ LEGO ရဲ့ ထုတ်ကုန်တွေနဲ့လည်း iOS 12 ARKit 2 နဲ့ပေါင်းပြီး Game ဆော့လို့ရလာပါပြီ။ 

ARKit 2 on iOS 12

Photos App ကို အသစ်ပြန်ပြင်ပေးထားပြီး Search နဲ့ Suggestion အပိုင်းမှာ ပိုကောင်းလာအောင်လုပ်ပေးထားသလို iBooks ကိုလည်း Apple Books ဆိုပြီး ပြောင်းလဲမိတ်ဆက်ခဲ့ပါတယ်။ ARKit 2 နဲ့ပတ်သက်တဲ့ App အသစ်တစ်ခုထပ်ပါလာပါတယ်။ Camera နဲ့ AR အသုံးပြုပြီး သင့်အနီးနားက အရာဝတ္တုတွေကို အလွယ်တကူတိုင်းတာနိုင်အောင် Measure ဆိုတဲ့ App အသစ်ကိုထည့်ပေးထားပါတယ်။ News App နဲ့ Stock App တွေကိုလည်း ပြန်ပြင်ပေးထားပြီး Stock App နဲ့ Voice Memo App တွေကို iPad အတွက်ပါ ထည့်ပေးလာပါတယ်။  Siri အတွက်လည်း Feature အသစ်တွေထပ်ထည့်ပေးထားတာ တွေ့ရပါတယ်။ Siri Shortcuts Feture ကြောင့် App တွေထဲက သင်လုပ်ချင်တာတွေကို Siri နားလည်အောင် သင်ပေးလို့ရလာပါပြီ။ ဥပမာ သင်က News App ထဲက Spotlights ကိုသွားချင်တယ်ဆိုရင် Siri ကို Spotlights လို့ပြောလိုက်တာနဲ့ဖွင့်ပေးအောင် သင်ပေးထားလို့ရပါတယ်။ သင်ကိုယ်တိုင် တစ်ဆင့်ချင်းဖွင့်ုစရာမလိုတော့ပါဘူး။ 

iOS 12 Supported Device List

iOS 12 ကတော့ အမြင်အရ User Interface အပိုင်းမှာ သိသိသာသာပြောင်းလဲသွားတာ အများကြီးမရှိပေမယ့် လက်တွေ့အသုံးပြုရတဲ့အချိန်မှာတော့ သွက်သွက်လက်လက်ရှိလာတာက သိသာပါတယ်။ iOS 12 ကို လက်ရှိအချိန်မှာ Stable Release မထွက်သေးပေမယ့် Developer Beta ကို စမ်းသပ်အသုံးပြုလို့ရနေပါပြီ။ Developer Beta ကိုတော့ သင့်အနေနဲ့ မစမ်းသပ်သင့်ပါဘူး။  Public Beta လည်း မကြာခင်အချိန်အတွင်းမှာ ထွက်လာတော့မှာပါ။ Stable Version ကတော့ လာမယ့် စက်တင်ဘာလပတ်ဝန်းကျင်မှပဲ တွေ့ရနိုင်မှာပါ။ iOS 12 ကိုတော့ iOS 11 Update ရတဲ့ iOS Device တွေအားလုံးမှာ Update လုပ်နိုင်မှာပါ။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။