ႏွစ္သစ္တစ္ႏွစ္ထဲ ဝင္ေရာက္လာျပီပဲျဖစ္သလုိ စမတ္ဖုန္းအသစ္ေတြကလည္း အသီးသီးထြက္ရွိလာၾကပါတယ္။ အဲ့ဒီအတြက္ အခုလုိအခ်ိန္က စမတ္ဖုန္းအသစ္လဲခ်င္တဲ့သူေတြအတြက္ အေကာင္းဆံုးေသာ အခ်ိန္လုိ႔လည္း ေျပာရမွာပါ။

ဒီေန႔လို နည္းပညာေခတ္ႀကီးမွာ လူေတြအားလံုးကလည္း အသစ္၊ အသစ္ကိုပဲ ေတာင့္တၾကသည္။ ေမွ်ာ္လင့္ၾကသည္။ နည္းပညာအေျချပဳ ကုမၸဏီႀကီးေတြကလည္း လူေတြရဲ႕ လိုလားခ်က္၊ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖုိ႔ အသစ္၊ အသစ္ေတြကိုပဲ ဆန္းသစ္တီထြင္ၾကသည္။ တစ္ခ်ဳိ႕က အသံုးတည့္ျပီးေတာ့ လူသားေတြအတြက္ ပိုျပီးအဆင္ေျပေစပါတယ္။

ျမန္မာႏွစ္သစ္္ကူးၿပီးခ်ိန္ ျမန္မာ့မိုဘိုင္းလ္ဖုန္းေစ်းကြက္အတြင္းမွာ အသစ္ျမင္လာဖုိ႔ ရွိေနတဲ့ စမတ္ဖုန္းတစ္ခုကေတာ့ Vivo V9 series ျဖစ္ပါသည္။ တျခား အေရွ႕ေတာင္အာရွ ႏိုင္ငံအခ်ဳိ႕ရဲ႕ ေစ်းကြက္ေတြကို ဝင္ေရာက္ၿပီး ျဖစ္ေပမယ့္ ျမန္မာျပည္ ေစ်းကြက္ထဲမွာေတာ့ အေကာင္အထည္မျပေသးတဲ့ Vivo V9 က သိပ္မၾကာခင္ ျမင္ရေတာ့မယ္လုိ႔ ယူဆရပါတယ္။

V9 သည္ AI နည္းပညာသံုး Flagship Series တစ္ခုျဖစ္ေၾကာင္း ျပည္ပ အြန္လုိင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္ကို ျမင္ရတဲ့အတြက္ Vivo က သိပ္မၾကာေသးခင္ကပဲ In-display fingerprint ကို ထုတ္ျပသြားခဲ့ေတာ့ ေမွ်ာ္လင့္စရာျဖစ္လာပါတယ္။ Vivo Brand ကို ႏွစ္သက္သူေတြကေတာ့ AI နည္းပညာသံုး V9 ကို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးႏွင့္ ေစာင့္ေနၾကမည္မွာ ေသခ်ာပါတယ္။

လက္ရွိအခ်ိန္မွာလည္း Vivo ဟာ အခ်ိန္ႏွင့္ တစ္ေျပးညီလိုက္ပါႏိုင္သည့္ smartphone ကုမၸဏီ တစ္ခုျဖစ္ေၾကာင္း သက္ေသျပေနျပီးေတာ့ In-display fingerprint နည္းပညာကို ပိုင္ဆိုင္ထားတဲ့ ပထမဆံုးေသာ ဖုန္းစမတ္ဖုန္းကုမၸဏီတစ္ခုလည္းျဖစ္ေနပါတယ္။

အခုလည္း လာျပန္ၿပီ။ Vivo V9 AI Selfie တဲ့။ ျပည္ပေစ်းကြက္ကို အသာထား။ ျပည္တြင္းေစ်းကြက္ကို ဘယ္လုိပံုနဲ႔၊ ဘယ္အခ်ိန္မွာ ေရာက္လာမလဲဆိုသည္ကိုေတာ့ ေစာင့္ေမွ်ာ္ေနမိပါသည္။ မၾကာမီအခ်ိန္အတြင္း Vivo ရဲ႕ ေနာက္ဆံုးထြက္ V9 ကို ေလ့လာၾကည့္ရပါဦးမယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

နှစ်သစ်တစ်နှစ်ထဲ ဝင်ရောက်လာပြီပဲဖြစ်သလို စမတ်ဖုန်းအသစ်တွေကလည်း အသီးသီးထွက်ရှိလာကြပါတယ်။ အဲ့ဒီအတွက် အခုလိုအချိန်က စမတ်ဖုန်းအသစ်လဲချင်တဲ့သူတွေအတွက် အကောင်းဆုံးသော အချိန်လို့လည်း ပြောရမှာပါ။

ဒီနေ့လို နည်းပညာခေတ်ကြီးမှာ လူတွေအားလုံးကလည်း အသစ်၊ အသစ်ကိုပဲ တောင့်တကြသည်။ မျှော်လင့်ကြသည်။ နည်းပညာအခြေပြု ကုမ္ပဏီကြီးတွေကလည်း လူတွေရဲ့ လိုလားချက်၊ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အသစ်၊ အသစ်တွေကိုပဲ ဆန်းသစ်တီထွင်ကြသည်။ တစ်ချို့က အသုံးတည့်ပြီးတော့ လူသားတွေအတွက် ပိုပြီးအဆင်ပြေစေပါတယ်။

မြန်မာနှစ်သစ်ကူးပြီးချိန် မြန်မာ့မိုဘိုင်းလ်ဖုန်းဈေးကွက်အတွင်းမှာ အသစ်မြင်လာဖို့ ရှိနေတဲ့ စမတ်ဖုန်းတစ်ခုကတော့ Vivo V9 series ဖြစ်ပါသည်။ တခြား အရှေ့တောင်အာရှ နိုင်ငံအချို့ရဲ့ ဈေးကွက်တွေကို ဝင်ရောက်ပြီး ဖြစ်ပေမယ့် မြန်မာပြည် ဈေးကွက်ထဲမှာတော့ အကောင်အထည်မပြသေးတဲ့ Vivo V9 က သိပ်မကြာခင် မြင်ရတော့မယ်လို့ ယူဆရပါတယ်။

V9 သည် AI နည်းပညာသုံး Flagship Series တစ်ခုဖြစ်ကြောင်း ပြည်ပ အွန်လိုင်းမီဒီယာများတွင် ဖော်ပြထားသည်ကို မြင်ရတဲ့အတွက် Vivo က သိပ်မကြာသေးခင်ကပဲ In-display fingerprint ကို ထုတ်ပြသွားခဲ့တော့ မျှော်လင့်စရာဖြစ်လာပါတယ်။ Vivo Brand ကို နှစ်သက်သူတွေကတော့ AI နည်းပညာသုံး V9 ကို မျှော်လင့်ချက်ကြီးကြီးနှင့် စောင့်နေကြမည်မှာ သေချာပါတယ်။

လက်ရှိအချိန်မှာလည်း Vivo ဟာ အချိန်နှင့် တစ်ပြေးညီလိုက်ပါနိုင်သည့် smartphone ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သက်သေပြနေပြီးတော့ In-display fingerprint နည်းပညာကို ပိုင်ဆိုင်ထားတဲ့ ပထမဆုံးသော ဖုန်းစမတ်ဖုန်းကုမ္ပဏီတစ်ခုလည်းဖြစ်နေပါတယ်။

အခုလည်း လာပြန်ပြီ။ Vivo V9 AI Selfie တဲ့။ ပြည်ပဈေးကွက်ကို အသာထား။ ပြည်တွင်းဈေးကွက်ကို ဘယ်လိုပုံနဲ့၊ ဘယ်အချိန်မှာ ရောက်လာမလဲဆိုသည်ကိုတော့ စောင့်မျှော်နေမိပါသည်။ မကြာမီအချိန်အတွင်း Vivo ရဲ့ နောက်ဆုံးထွက် V9 ကို လေ့လာကြည့်ရပါဦးမယ်။

Zawyè (Akhayar) 

www.akhayar.com