This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ုပ္သံအကူဒုိင္စနစ္ (VAR) ကုိ အသုံးျပဳတာက တကယ္အက်ိဳးရွိေစရဲ႕လား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ႐ုပ္သံအကူဒုိင္စနစ္ (VAR)ကုိ ကမၻာ႔ဖလားသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအသုံးျပဳမယ္လုိ႔ ဖီဖာက ေၾကညာခဲ့ခ်ိန္မွာ ေထာက္ခံတဲ့အသံေတြထက္ ေ၀ဖန္သံေတြက ပုိၿပီးထြက္ေပၚခဲ့တယ္။ ဒီကမၻာ႔ဖလားၿပိဳင္ပဲြမတုိင္ခင္ကတည္းက ဖီဖာဟာ VAR စနစ္ကုိ သူ႔လက္ေအာက္ခံၿပိဳင္ပဲြေတြမွာ စမ္းသပ္အသုံးျပဳခဲ့တုန္းကလည္း အဲဒီစနစ္အေပၚ ေဘာလုံးေလာကရဲ႕ နာမည္ႀကီးပုဂၢိဳလ္ေတြက ေ၀ဖန္ခဲ့ၾကဖူးတယ္။ ဒါေပမဲ့ သိတဲ့အတိုင္းပဲ။ ဖီဖာကေတာ့ ေခါင္းမာမာနဲ႔ပဲ VAR စနစ္ကုိ အတည္ျပဳခဲ့တယ္။ ဒီစနစ္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ေကာင္းတယ္လုိ႔ပဲေျပာရမယ္။ ေဘာလုံးပဲြေတြမွာ အျငင္းပြားစရာသြင္းဂုိးေတြ၊ ပယ္နယ္တီေတြ၊ လူကၽြံေဘာေတြ၊ လူမွားၿပီး ထုတ္ပယ္တာမ်ိဳးေတြ မျဖစ္ရေအာင္ ႐ုပ္သံနဲ႔ျပန္ၾကည့္ၿပီး ဆုံးျဖတ္ေစတာပါ။

Is-VAR-Really-Improve-Football-

ဒါေပမဲ့ ဒီစနစ္အသုံးျပဳတာက တကယ္ေရာအက်ိဳးရွိေစရဲ႕လား။ အဓိကေျပာခ်င္တာက ပယ္နယ္တီဂုိးေတြပါပဲ။ ၂၀၁၈ ကမၻာ႔ဖလားမွာ ပယ္နယ္တီေပးခဲ့ရတဲ့အႀကိမ္က ဒီေန႔ညပဲြေတြ မတိုင္ခင္ (၂၂)ႀကိမ္အထိရွိေနပါၿပီ။ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ပယ္နယ္တီေပးခဲ့ရမႈအမ်ားဆုံးၿပိဳင္ပဲြေတြက ၁၉၉၀၊ ၁၉၉၈၊ ၂၀၀၂ ၿပိဳင္ပဲြေတြမွာျဖစ္ၿပီး စုစုေပါင္း(၁၈)ႀကိမ္အထိရွိခဲ့တယ္။ အဲဒီစံခ်ိန္ကုိ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြက ခ်ိဳးဖ်က္ႏုိင္ခဲ့ၿပီျဖစ္သလုိ ကစားရမယ့္ပဲြေတြကလည္း အမ်ားႀကီးက်န္ေသးတာေၾကာင့္ ေနာက္ထပ္၊ ေနာက္ထပ္ေသာ ပယ္နယ္တီဂုိးေတြကုိ ထပ္ၿပီး ျမင္ရဦးမွာပဲ။ ဒီပယ္နယ္တီ(၂၂)ႀကိမ္မွာ ပယ္နယ္တီဧရိယာအတြင္း ျပစ္ဒဏ္က်ဴးလြန္လုိ႔ ေပးခဲ့ရတာထက္ လက္ထိေဘာေတြေၾကာင့္ ေပးခဲ့ရတာ ပုိမ်ားတာကုိ ပရိသတ္ေတြ သတိျပဳမိမွာပါ။ ပယ္နယ္တီဧရိယာထဲမွာ လက္ထိေဘာျဖစ္တယ္ဆုိတာ အေျခအေနအမ်ိဳးမ်ိဳးရွိပါတယ္။ ရည္ရြယ္ခ်က္ရွိရွိ လက္နဲ႔ပုတ္တာ ျဖစ္ႏုိင္သလုိ၊ မေတာ္တဆလက္နဲ႔ထိမိတာလည္းျဖစ္ႏုိင္တယ္။ အဲဒါကုိ ႐ုပ္သံျပန္ၾကည့္ၿပီး ဆုံးျဖတ္ရမွာက ကြင္းလယ္ဒုိင္ရဲ႕တာ၀န္ပါ။ အခု လက္ထိေဘာျဖစ္ရပ္ေတာ္ေတာ္မ်ားမ်ားကုိ ၾကည့္ရင္ ရည္ရြယ္ခ်က္ရွိရွိ လက္နဲ႔ထိတာထက္၊ မေတာ္တဆလက္နဲ႔ ထိမိတဲ့ျဖစ္ရပ္ေတြ ပုိမ်ားပါတယ္။

Rojo-Hand-Ball

Rojo-Hand-Ball

အာဂ်င္တီးနား-ႏုိက္ဂ်ီးရီးယားတို႔ ကစားခဲ့တဲ့ပဲြတုနး္က အာဂ်င္တီးနားေနာက္ခံလူ ႐ုိဟုိ Rojo ေခါင္းခုန္တိုက္ရင္း ေဘာလုံးကုိ လက္နဲ႔ထိမိခဲ့တယ္။ ဒါကုိ တူရကီလူမ်ိဳးကြင္းလယ္ဒုိင္ ဂ်က္ကစ္ Çakir က ႐ုပ္သံျပန္ၾကည့္ၿပီး ပယ္နယ္တီ မေပးခဲ့ဘူး။ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လုိ႔ေျပာရမယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဒုိင္လူႀကီးေတြျဖစ္ေနတာက ကုိယ္ပုိင္ဆုံးျဖတ္ခ်က္ထက္ VAR ကုိ အားကုိးေနတာက ဆုိးရြားလြန္းတယ္။ အီရန္-ေပၚတူဂီပဲြတုန္းက မလုိအပ္ဘဲ VAR ခဏခဏ ျပန္ၾကည့္ေနတာေၾကာင့္ ပဲြရဲ႕အရွိန္ကုိ ေႏွာက္ေႏွးေစၿပီး အခ်ိန္လည္းပုတ္ပါတယ္။ ေနာက္တစ္ခ်က္က ဂုိးသြင္းၿပီးရင္ VAR နဲ႔ ျပန္ၾကည့္ၿပီးမွ ဆုံးျဖတ္တာပါ။ တခ်ိဳ႕ဂုိးေတြကေတာ့ ျဖစ္သင့္ပါတယ္။ လူကၽြံအေနအထား၊ လက္နဲ႔ထိ မထိ စတဲ့ သံသယျဖစ္စရာအေနအထားဆုိရင္ေတာ့ မွန္ပါတယ္။ အခုက ရွင္းရွင္းလင္းလင္းအေနအထားမွာေတာင္ VAR ကုိ ၾကည့္ၿပီးမွ ကြင္းလယ္ဒုိင္က ဂုိးေပးတာက မျဖစ္သင့္ဘူးလုိ႔ပဲဆုိရမယ္။

Aspas-Goal-against-Morocco

Aspas-Goal-against-Morocco

စပိန္-ေမာ္႐ုိကုိပဲြမွာ စပိန္တိုက္စစ္မွဴး အက္စ္ပတ္ Aspas ရဲ႕သြင္းဂုိးကုိပဲၾကည့္ပါ။ အက္စ္ပတ္ဟာ လူကၽြံေထာင္ေခ်ာက္ကုိ ေက်ာ္ျဖတ္ၿပီး ဂုိးသြင္းယူခဲ့တာျဖစ္ေပမယ့္ ကြင္းလယ္ဒုိင္က VAR နဲ႔ ဆုံးျဖတ္ၿပီးမွ ဂုိးေပးခဲ့တယ္။

Aspas-goal

Aspas-goal

စနစ္တစ္ခုမွာ ေကာင္းတဲ့အခ်က္ေတြလည္း ရွိႏုိင္သလုိ ဆုိးတဲ့အခ်က္ေတြရွိတာကလည္း ရွိတာက ဓမၼတာပါပဲ။ အခု VAR လည္း ဒီအတိုင္းပါပဲ။ ဒါေပမဲ့ Technology ေတြ အားကုိးလြန္းတာေၾကာင့္ လူသားေတြရဲ႕ Efficiency က်ဆင္းလာတာကေတာ့ စိတ္ပ်က္စရာပါ။ အခုလည္း ကြင္းလယ္ဒုိင္လူႀကီးေတြက ကုိယ္ပုိင္ဆုံးျဖတ္ခ်က္ ခ်မွတ္ဖုိ႔ ေတြေ၀ေနတာ၊ ႐ုပ္သံျပန္ၾကည့္ၿပီးတာေတာင္မွ ဆုံးျဖတ္ခ်က္ေတြ မွားယြင္းေနတာ စတဲ့ျဖစ္ရပ္ေတြကုိ ျမင္ေတြ႕ေနရတယ္။VAR စနစ္ကုိ အသုံးျပဳတာဟာ တကယ္ေရာ အက်ိဳးရွိေစရဲ႕လားဆုိတာ ပရိသတ္ေတြကုိယ္တိုင္ပဲ စဥ္းစားဆုံးျဖတ္ေစခ်င္ပါတယ္ . . .

Photo: The Australian,Evening Standard,Washington Post,YouTube
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရုပ်သံအကူဒိုင်စနစ် (VAR) ကို အသုံးပြုတာက တကယ်အကျိုးရှိစေရဲ့လား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံအကူဒိုင်စနစ် (VAR)ကို ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအသုံးပြုမယ်လို့ ဖီဖာက ကြေညာခဲ့ချိန်မှာ ထောက်ခံတဲ့အသံတွေထက် ဝေဖန်သံတွေက ပိုပြီးထွက်ပေါ်ခဲ့တယ်။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကတည်းက ဖီဖာဟာ VAR စနစ်ကို သူ့လက်အောက်ခံပြိုင်ပွဲတွေမှာ စမ်းသပ်အသုံးပြုခဲ့တုန်းကလည်း အဲဒီစနစ်အပေါ် ဘောလုံးလောကရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေက ဝေဖန်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ ဖီဖာကတော့ ခေါင်းမာမာနဲ့ပဲ VAR စနစ်ကို အတည်ပြုခဲ့တယ်။ ဒီစနစ်ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းတယ်လို့ပဲပြောရမယ်။ ဘောလုံးပွဲတွေမှာ အငြင်းပွားစရာသွင်းဂိုးတွေ၊ ပယ်နယ်တီတွေ၊ လူကျွံဘောတွေ၊ လူမှားပြီး ထုတ်ပယ်တာမျိုးတွေ မဖြစ်ရအောင် ရုပ်သံနဲ့ပြန်ကြည့်ပြီး ဆုံးဖြတ်စေတာပါ။

Is-VAR-Really-Improve-Football-

ဒါပေမဲ့ ဒီစနစ်အသုံးပြုတာက တကယ်ရောအကျိုးရှိစေရဲ့လား။ အဓိကပြောချင်တာက ပယ်နယ်တီဂိုးတွေပါပဲ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပယ်နယ်တီပေးခဲ့ရတဲ့အကြိမ်က ဒီနေ့ညပွဲတွေ မတိုင်ခင် (၂၂)ကြိမ်အထိရှိနေပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပယ်နယ်တီပေးခဲ့ရမှုအများဆုံးပြိုင်ပွဲတွေက ၁၉၉၀၊ ၁၉၉၈၊ ၂၀၀၂ ပြိုင်ပွဲတွေမှာဖြစ်ပြီး စုစုပေါင်း(၁၈)ကြိမ်အထိရှိခဲ့တယ်။ အဲဒီစံချိန်ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သလို ကစားရမယ့်ပွဲတွေကလည်း အများကြီးကျန်သေးတာကြောင့် နောက်ထပ်၊ နောက်ထပ်သော ပယ်နယ်တီဂိုးတွေကို ထပ်ပြီး မြင်ရဦးမှာပဲ။ ဒီပယ်နယ်တီ(၂၂)ကြိမ်မှာ ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်လို့ ပေးခဲ့ရတာထက် လက်ထိဘောတွေကြောင့် ပေးခဲ့ရတာ ပိုများတာကို ပရိသတ်တွေ သတိပြုမိမှာပါ။ ပယ်နယ်တီဧရိယာထဲမှာ လက်ထိဘောဖြစ်တယ်ဆိုတာ အခြေအနေအမျိုးမျိုးရှိပါတယ်။ ရည်ရွယ်ချက်ရှိရှိ လက်နဲ့ပုတ်တာ ဖြစ်နိုင်သလို၊ မတော်တဆလက်နဲ့ထိမိတာလည်းဖြစ်နိုင်တယ်။ အဲဒါကို ရုပ်သံပြန်ကြည့်ပြီး ဆုံးဖြတ်ရမှာက ကွင်းလယ်ဒိုင်ရဲ့တာဝန်ပါ။ အခု လက်ထိဘောဖြစ်ရပ်တော်တော်များများကို ကြည့်ရင် ရည်ရွယ်ချက်ရှိရှိ လက်နဲ့ထိတာထက်၊ မတော်တဆလက်နဲ့ ထိမိတဲ့ဖြစ်ရပ်တွေ ပိုများပါတယ်။

Rojo-Hand-Ball

Rojo-Hand-Ball

အာဂျင်တီးနား-နိုက်ဂျီးရီးယားတို့ ကစားခဲ့တဲ့ပွဲတုန်းက အာဂျင်တီးနားနောက်ခံလူ ရိုဟို Rojo ခေါင်းခုန်တိုက်ရင်း ဘောလုံးကို လက်နဲ့ထိမိခဲ့တယ်။ ဒါကို တူရကီလူမျိုးကွင်းလယ်ဒိုင် ဂျက်ကစ် Çakir က ရုပ်သံပြန်ကြည့်ပြီး ပယ်နယ်တီ မပေးခဲ့ဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပြောရမယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးတွေဖြစ်နေတာက ကိုယ်ပိုင်ဆုံးဖြတ်ချက်ထက် VAR ကို အားကိုးနေတာက ဆိုးရွားလွန်းတယ်။ အီရန်-ပေါ်တူဂီပွဲတုန်းက မလိုအပ်ဘဲ VAR ခဏခဏ ပြန်ကြည့်နေတာကြောင့် ပွဲရဲ့အရှိန်ကို နှောက်နှေးစေပြီး အချိန်လည်းပုတ်ပါတယ်။ နောက်တစ်ချက်က ဂိုးသွင်းပြီးရင် VAR နဲ့ ပြန်ကြည့်ပြီးမှ ဆုံးဖြတ်တာပါ။ တချို့ဂိုးတွေကတော့ ဖြစ်သင့်ပါတယ်။ လူကျွံအနေအထား၊ လက်နဲ့ထိ မထိ စတဲ့ သံသယဖြစ်စရာအနေအထားဆိုရင်တော့ မှန်ပါတယ်။ အခုက ရှင်းရှင်းလင်းလင်းအနေအထားမှာတောင် VAR ကို ကြည့်ပြီးမှ ကွင်းလယ်ဒိုင်က ဂိုးပေးတာက မဖြစ်သင့်ဘူးလို့ပဲဆိုရမယ်။

Aspas-Goal-against-Morocco

Aspas-Goal-against-Morocco

စပိန်-မော်ရိုကိုပွဲမှာ စပိန်တိုက်စစ်မှူး အက်စ်ပတ် Aspas ရဲ့သွင်းဂိုးကိုပဲကြည့်ပါ။ အက်စ်ပတ်ဟာ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်က VAR နဲ့ ဆုံးဖြတ်ပြီးမှ ဂိုးပေးခဲ့တယ်။

Aspas-goal

Aspas-goal

စနစ်တစ်ခုမှာ ကောင်းတဲ့အချက်တွေလည်း ရှိနိုင်သလို ဆိုးတဲ့အချက်တွေရှိတာကလည်း ရှိတာက ဓမ္မတာပါပဲ။ အခု VAR လည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ Technology တွေ အားကိုးလွန်းတာကြောင့် လူသားတွေရဲ့ Efficiency ကျဆင်းလာတာကတော့ စိတ်ပျက်စရာပါ။ အခုလည်း ကွင်းလယ်ဒိုင်လူကြီးတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်ဖို့ တွေဝေနေတာ၊ ရုပ်သံပြန်ကြည့်ပြီးတာတောင်မှ ဆုံးဖြတ်ချက်တွေ မှားယွင်းနေတာ စတဲ့ဖြစ်ရပ်တွေကို မြင်တွေ့နေရတယ်။VAR စနစ်ကို အသုံးပြုတာဟာ တကယ်ရော အကျိုးရှိစေရဲ့လားဆိုတာ ပရိသတ်တွေကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်စေချင်ပါတယ် . . .

Photo: The Australian,Evening Standard,Washington Post,YouTube
Naing Linn(Akhayar)
www.akhayar.com