Samsung ရဲ႕ Galaxy Note Series စမတ္ဖုန္းေတြက S Pen ဆိုတဲ့ Stylus ပါဝင္တဲ့ စမတ္ဖုန္းေတြျဖစ္ျပီး Note ဆိုတဲ့အတိုင္း ထြက္ရွိလာတဲ့အခ်ိန္တိုင္း ၾကီးမားတဲ့ Display ပါဝင္လာတဲ့ဖုန္းေတြျဖစ္ပါတယ္။ အခုေနာက္ဆံုးအေနနဲ႔လည္း Samsung ကေန Galaxy Note 9 စမတ္ဖုန္းကို မေန႔ညက မိတ္ဆက္လုိက္ျပီျဖစ္ျပီး လက္ရွိအေကာင္းဆံုး Flagship စမတ္ဖုန္းတစ္ခုကို လုိခ်င္တဲ့သူေတြအတြက္ ေရြးခ်ယ္စရာတစ္ခုျဖစ္လာခဲ့ပါတယ္။

Samsung Galaxy Note 9

ကၽြန္ေတ္ာတို႔ Akhayar-Tech အေနနဲ႔လည္း Samsung Myanmar ရဲ႕ ဖိတ္ၾကားခ်က္အရ ကမၻာေအးဘုရားလမ္းမွာ ျပဳလုပ္ခဲ့တဲ့ Galaxy Unpacked Event ကို Livestream ၾကည့္ရႈခဲ့ျပီး Galaxy Note 9 ကိုပါ စမ္းသပ္သံုးစြဲခြင့္ရရွိခဲ့ပါတယ္။ အဲ့ဒီအတြက္ အခု Article မွာေတာ့ Samsung က ထုတ္လုပ္လုိက္တဲ့ Galaxy Note 9 စမတ္ဖုန္းက တကယ္ကို ကၽြန္ေတာ္တို႔အတြက္ လုိအပ္တဲ့ဖုန္းတစ္ခု #ThePhoneWeNeed ျဖစ္လာမလားဆုိတာကို ေျပာသြားမွာပါ။

Samsung Galaxy Note 9 ဖုန္းက Display ပိုင္းအေနနဲ႔ကေတာ့ ျပီးခဲ့တဲ့ Galaxy Note 8 စမတ္ဖုန္းထက္ 0.1″ ပိုျပီး ၾကီးမားတဲ့ 6.4″ Display ျဖစ္ျပီး Resolution အေနနဲ႔ေတာ့ 1440×2960 Pixel QuadHD+ Super AMOLED Display ကို သံုးစြဲထားတာျဖစ္ပါတယ္။

Samsung Galaxy Note 9

Galaxy Note 9 ရဲ႕ ဒီဇုိင္းအရေတာ့ Galaxy Note 8 ကေန သိသိသာသာေျပာင္းလဲသြားျခင္းမရွိဘဲ ဖုန္းရဲ႕ ေနာက္ဖက္မွာရွိတဲ့ Camera နဲ႔ Fingerprint Sensor ေနရာကိုပဲ အနည္းငယ္ေျပာင္းလဲခဲ့ပံုပါပဲ။ Camera ပိုင္းမွာေတာ့ Samsung Galaxy S9+ ရဲ႕ Dual Aperture f1.5/f2.4 အသံုးျပဳထားတဲ့ 12MP Camera နဲ႔အတူ Secondary 12MP f2.4 Telephoto Camera ကိုပါ တပ္ဆင္ထားတာျဖစ္ပါတယ္။ Samsung ရဲ႕ အဆုိအရေတာ့ AI နည္းပညာေတြကိုပါ ထည့္သြင္းထားျပီး ကိုယ္ရုိက္ကူးတဲ့ Scenes ေတြကို အလုိအေလ်ာက္သိရွိႏုိင္တဲ့ Intelligent Camera နည္းပညာအသစ္လည္း ပါဝင္မယ္လုိ႔ သိရပါတယ္။ Selfie Camera အေနနဲ႔ကေတာ့ တူညီတဲ့ 8MP f1.7 Camera ကိုပဲထည့္သြင္းထားတာျဖစ္ပါတယ္။

Processor ပိုင္းအေနနဲ႔ကေတာ့ Qualcomm Snapdragon 845 သို႔မဟုတ္ Exynos 9810 Processor ကို အသံုးျပဳထားျပီးေတာ့ RAM 6GB နဲ႔ 8GB ဆိုျပီး ထြက္ရွိလာမွာျဖစ္ပါတယ္။ Storage ကိုလည္း 128GB နဲ႔ 512GB အျပင္ MicroSD Card ပါထပ္မံတိုးခ်ဲ႕ႏုိင္ဦးမွာပါ။

Samsung Galaxy Note 9

Galaxy Note 9 မွာ သိသာတဲ့ေျပာင္းလဲမႈ ၂ ခုရွိေနခဲ့ျပီး အဲ့ဒါကေတာ့ S Pen နဲ႔ Battery ပိုင္းပဲျဖစ္ပါတယ္။ ပထမဆံုးအေနနဲ႔ S Pen ကို Bluetooth ထည့္သြင္းေပးခဲ့ျပီးေတာ့ Camera အတြက္ Remote Shutter ၊ YouTube Play/Pause နဲ႔ Presentation ေတြကို ထိန္းခ်ဳပ္ႏုိင္မွာျဖစ္ပါတယ္။ အခုလုိအသံုးျပဳဖုိ႔အတြက္ S Pen က အကြာအေဝး ၁၀ မီတာအတြင္းထိန္းခ်ဴပ္ႏုိင္ျပီး မိနစ္ ၃၀ စာ Battery ဒါမွမဟုတ္ Click အခ်က္ေပါင္း ၂၀၀ အသံုးျပဳႏုိင္မွာပါ။ S Pen ကို အားျပန္သြင္းဖို႔အတြက္ကေတာ့ ဖုန္းအတြင္းကို စကၠန္႔ ၄၀ ထည့္သြင္းထားလုိက္ရင္ ရပါျပီ။

Samsung Galaxy Note 9

Samsung က ယခု S Pen ကေန ထိန္းခ်ဴပ္ႏုိင္မယ့္ Software SDK ကိုလည္း Developer ေတြကို ထုတ္ေပးသြားဦးမယ္လုိ႔ သိရပါတယ္။

ေနာက္ထပ္ေျပာင္းလဲမႈကေတာ့ Battery ပါ။ Samsung Galaxy Note 9 စမတ္ဖုန္းက ၾကီးမားတဲ့ 4000mAh Battery ပါဝင္တဲ့ စမတ္ဖုန္းတစ္ခုလည္းျဖစ္ျပီးေတာ့ တစ္ေနကုန္အသံုးျပဳႏုိင္မယ္လုိ႔ သိရပါတယ္။ 15W Fast Wireless Charging ကို အသံုးျပဳႏုိင္ေပမယ့္လည္း ၾကိဳးနဲ႔ အားသြင္းတဲ့အခ်ိန္မွာေတာ့ Quick Charge 2.0 နဲ႔ပဲ အားသြင္းႏုိင္မွာျဖစ္ပါတယ္။

အခု Samsung Galaxy Note 9 စမတ္ဖုန္းကုိ ယခု ၾသဂုတ္လ ၁၀ ရက္ေန႔ကေန ၾသဂုတ္လ ၂၂ ရက္ေန႔အတြင္းမွာ ျမန္မာႏိုင္ငံတစ္ဝန္းရွိ အနီးစပ္ဆံုး Samsung Brand Shop မ်ားႏွင့္ လက္လီအေရာင္းကိုယ္စားလွယ္ဆိုင္ႀကီးမ်ားတြင္ စရန္ေငြ ၅၀,၀၀၀ က်ပ္ေပးသြင္း၍ ႀကိဳတင္မွာယူႏိုင္မည္ျဖစ္ပါတယ္။ ၾကိဳတင္မွာယူသူမ်ားအတြက္ အထူးအခြင့္အေရးအေနျဖင့္ Galaxy Note 9 (128 GB Version) ဝယ္ယူသူတိုင္းအတြက္ ၇ ေသာင္းက်ပ္ တန္ဖိုးရွိ Samsung Original Wireless Charger Stand ကိုလည္းေကာင္း၊ Galaxy Note 9 (512 GB Version) ဝယ္ယူသူတိုင္းအတြက္ က်ပ္ ၁သိန္း၁ေသာင္းခန္႔ တန္ဖိုးရွိ Samsung Original Wireless Charger Duo (ဖုန္းႏွစ္လံုးအား တစ္ၿပိဳင္နက္အားသြင္းႏိုင္သည္။) ကိုလည္းေကာင္း ရရွိမည္ျဖစ္ပါတယ္။

ေစ်းႏႈန္းအေနနဲ႔ကေတာ့ RAM 6GB ၊ Storage 128GB Version ကို ေငြက်ပ္ ၁,၃၉၉,၀၀၀ က်ပ္ နဲ႔ RAM 8GB ၊ 512GB Version ကို ေငြက်ပ္ ၁,၇၅၀,၀၀၀ က်ပ္နဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

Samsung Myanmar မွ ႀကိဳတင္မွာယူသူ Samsung ခ်စ္သူမ်ားအား ေက်းဇူးတံု႔ျပန္သည့္ အထူးအစီအစဥ္အေနျဖင့္ Galaxy Note 9 ႀကိဳတင္မွာယူအားေပးသူမ်ားအတြက္ လက္ေဆာင္ပစၥည္းအျပင္ ထပ္မံကံစမ္းႏိုင္သည့္ ဆုႀကီးမ်ားစြာ ပါဝင္ေသာ အထူး ကံစမ္းမဲအစီအစဥ္အား ထည့္သြင္းထားပါတယ္။ ထပ္မံကံထူးႏိုင္သည့္ ဆုလက္ေဆာင္ပစၥည္းမ်ားမွာ Grand Prize အျဖစ္ Star City Thanlyin မွ အိပ္ခန္းႏွစ္ခန္းပါဝင္ေသာ Apartment တစ္ခန္း၊ First Prize အျဖစ္ 2017 ေမာ္ဒယ္ Mitsubishi Mirage ကားသစ္တစ္စီး၊ ဒုတိယဆုအျဖစ္ Samsung 48” TV အလံုး ၃၀ ႏွင့္ တတိယဆုအေနျဖင့္ ေရစိုခံ Clip 2 Speaker အလံုး ၄၀၀ အစရွိသည့္ ဆုမဲေပါင္း ၄၃၂ ဆုပါဝင္မွာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Samsung ရဲ့ Galaxy Note Series စမတ်ဖုန်းတွေက S Pen ဆိုတဲ့ Stylus ပါဝင်တဲ့ စမတ်ဖုန်းတွေဖြစ်ပြီး Note ဆိုတဲ့အတိုင်း ထွက်ရှိလာတဲ့အချိန်တိုင်း ကြီးမားတဲ့ Display ပါဝင်လာတဲ့ဖုန်းတွေဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့လည်း Samsung ကနေ Galaxy Note 9 စမတ်ဖုန်းကို မနေ့ညက မိတ်ဆက်လိုက်ပြီဖြစ်ပြီး လက်ရှိအကောင်းဆုံး Flagship စမတ်ဖုန်းတစ်ခုကို လိုချင်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။

Samsung Galaxy Note 9

ကျွန်တေ်ာတို့ Akhayar-Tech အနေနဲ့လည်း Samsung Myanmar ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘာအေးဘုရားလမ်းမှာ ပြုလုပ်ခဲ့တဲ့ Galaxy Unpacked Event ကို Livestream ကြည့်ရှုခဲ့ပြီး Galaxy Note 9 ကိုပါ စမ်းသပ်သုံးစွဲခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီအတွက် အခု Article မှာတော့ Samsung က ထုတ်လုပ်လိုက်တဲ့ Galaxy Note 9 စမတ်ဖုန်းက တကယ်ကို ကျွန်တော်တို့အတွက် လိုအပ်တဲ့ဖုန်းတစ်ခု #ThePhoneWeNeed ဖြစ်လာမလားဆိုတာကို ပြောသွားမှာပါ။

Samsung Galaxy Note 9 ဖုန်းက Display ပိုင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ Galaxy Note 8 စမတ်ဖုန်းထက် 0.1″ ပိုပြီး ကြီးမားတဲ့ 6.4″ Display ဖြစ်ပြီး Resolution အနေနဲ့တော့ 1440×2960 Pixel QuadHD+ Super AMOLED Display ကို သုံးစွဲထားတာဖြစ်ပါတယ်။

Samsung Galaxy Note 9

Galaxy Note 9 ရဲ့ ဒီဇိုင်းအရတော့ Galaxy Note 8 ကနေ သိသိသာသာပြောင်းလဲသွားခြင်းမရှိဘဲ ဖုန်းရဲ့ နောက်ဖက်မှာရှိတဲ့ Camera နဲ့ Fingerprint Sensor နေရာကိုပဲ အနည်းငယ်ပြောင်းလဲခဲ့ပုံပါပဲ။ Camera ပိုင်းမှာတော့ Samsung Galaxy S9+ ရဲ့ Dual Aperture f1.5/f2.4 အသုံးပြုထားတဲ့ 12MP Camera နဲ့အတူ Secondary 12MP f2.4 Telephoto Camera ကိုပါ တပ်ဆင်ထားတာဖြစ်ပါတယ်။ Samsung ရဲ့ အဆိုအရတော့ AI နည်းပညာတွေကိုပါ ထည့်သွင်းထားပြီး ကိုယ်ရိုက်ကူးတဲ့ Scenes တွေကို အလိုအလျောက်သိရှိနိုင်တဲ့ Intelligent Camera နည်းပညာအသစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ တူညီတဲ့ 8MP f1.7 Camera ကိုပဲထည့်သွင်းထားတာဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 845 သို့မဟုတ် Exynos 9810 Processor ကို အသုံးပြုထားပြီးတော့ RAM 6GB နဲ့ 8GB ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ Storage ကိုလည်း 128GB နဲ့ 512GB အပြင် MicroSD Card ပါထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Samsung Galaxy Note 9

Galaxy Note 9 မှာ သိသာတဲ့ပြောင်းလဲမှု ၂ ခုရှိနေခဲ့ပြီး အဲ့ဒါကတော့ S Pen နဲ့ Battery ပိုင်းပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ S Pen ကို Bluetooth ထည့်သွင်းပေးခဲ့ပြီးတော့ Camera အတွက် Remote Shutter ၊ YouTube Play/Pause နဲ့ Presentation တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အခုလိုအသုံးပြုဖို့အတွက် S Pen က အကွာအဝေး ၁၀ မီတာအတွင်းထိန်းချူပ်နိုင်ပြီး မိနစ် ၃၀ စာ Battery ဒါမှမဟုတ် Click အချက်ပေါင်း ၂၀၀ အသုံးပြုနိုင်မှာပါ။ S Pen ကို အားပြန်သွင်းဖို့အတွက်ကတော့ ဖုန်းအတွင်းကို စက္ကန့် ၄၀ ထည့်သွင်းထားလိုက်ရင် ရပါပြီ။

Samsung Galaxy Note 9

Samsung က ယခု S Pen ကနေ ထိန်းချူပ်နိုင်မယ့် Software SDK ကိုလည်း Developer တွေကို ထုတ်ပေးသွားဦးမယ်လို့ သိရပါတယ်။

နောက်ထပ်ပြောင်းလဲမှုကတော့ Battery ပါ။ Samsung Galaxy Note 9 စမတ်ဖုန်းက ကြီးမားတဲ့ 4000mAh Battery ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုလည်းဖြစ်ပြီးတော့ တစ်နေကုန်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ 15W Fast Wireless Charging ကို အသုံးပြုနိုင်ပေမယ့်လည်း ကြိုးနဲ့ အားသွင်းတဲ့အချိန်မှာတော့ Quick Charge 2.0 နဲ့ပဲ အားသွင်းနိုင်မှာဖြစ်ပါတယ်။

အခု Samsung Galaxy Note 9 စမတ်ဖုန်းကို ယခု သြဂုတ်လ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၂၂ ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ အနီးစပ်ဆုံး Samsung Brand Shop များနှင့် လက်လီအရောင်းကိုယ်စားလှယ်ဆိုင်ကြီးများတွင် စရန်ငွေ ၅၀,၀၀၀ ကျပ်ပေးသွင်း၍ ကြိုတင်မှာယူနိုင်မည်ဖြစ်ပါတယ်။ ကြိုတင်မှာယူသူများအတွက် အထူးအခွင့်အရေးအနေဖြင့် Galaxy Note 9 (128 GB Version) ဝယ်ယူသူတိုင်းအတွက် ၇ သောင်းကျပ် တန်ဖိုးရှိ Samsung Original Wireless Charger Stand ကိုလည်းကောင်း၊ Galaxy Note 9 (512 GB Version) ဝယ်ယူသူတိုင်းအတွက် ကျပ် ၁သိန်း၁သောင်းခန့် တန်ဖိုးရှိ Samsung Original Wireless Charger Duo (ဖုန်းနှစ်လုံးအား တစ်ပြိုင်နက်အားသွင်းနိုင်သည်။) ကိုလည်းကောင်း ရရှိမည်ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ RAM 6GB ၊ Storage 128GB Version ကို ငွေကျပ် ၁,၃၉၉,၀၀၀ ကျပ် နဲ့ RAM 8GB ၊ 512GB Version ကို ငွေကျပ် ၁,၇၅၀,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Samsung Myanmar မှ ကြိုတင်မှာယူသူ Samsung ချစ်သူများအား ကျေးဇူးတုံ့ပြန်သည့် အထူးအစီအစဉ်အနေဖြင့် Galaxy Note 9 ကြိုတင်မှာယူအားပေးသူများအတွက် လက်ဆောင်ပစ္စည်းအပြင် ထပ်မံကံစမ်းနိုင်သည့် ဆုကြီးများစွာ ပါဝင်သော အထူး ကံစမ်းမဲအစီအစဉ်အား ထည့်သွင်းထားပါတယ်။ ထပ်မံကံထူးနိုင်သည့် ဆုလက်ဆောင်ပစ္စည်းများမှာ Grand Prize အဖြစ် Star City Thanlyin မှ အိပ်ခန်းနှစ်ခန်းပါဝင်သော Apartment တစ်ခန်း၊ First Prize အဖြစ် 2017 မော်ဒယ် Mitsubishi Mirage ကားသစ်တစ်စီး၊ ဒုတိယဆုအဖြစ် Samsung 48” TV အလုံး ၃၀ နှင့် တတိယဆုအနေဖြင့် ရေစိုခံ Clip 2 Speaker အလုံး ၄၀၀ အစရှိသည့် ဆုမဲပေါင်း ၄၃၂ ဆုပါဝင်မှာပါ။

Zawyè (Akhayar) 

www.akhayar.com