




Samsung Galaxy Note 8


Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung ကနေ မကြာခင် လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ Galaxy Note 9 စမတ်ဖုန်းကို ထုတ်ပြသွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ရဲ့ CEO ဖြစ်တဲ့ DJ Koh ကနေ တရားဝင်မကြေညာခင်မှာတင် Samsung Galaxy Note 9 ကို အသုံးပြုနေတဲ့ပုံပါပဲ။

Samsung CEO Using Galaxy Note 9

အခု Samsung CEO DJ Koh ရဲ့ ဓါတ်ပုံကိုတော့ Samsung ရဲ့ Sam Mobile Website မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး Samsung CEO က Galaxy Note 8 နဲ့ ဆင်တူခြင်းသိပ်မရှိတဲ့ဖုန်းတစ်ခုကို အသုံးပြုနေတာဖြစ်ပါတယ်။ S Pen ကိုတွေ့ရပြီးတော့ ဖုန်းအရောင်က ရွှေရောင်ဖြစ်နေတာဖြစ်ပါတယ်။

Samsung CEO Using Galaxy Note 9

Samsung ဟာ Galaxy Note 9 စမတ်ဖုန်းမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေအနေနဲ့တော့ အများအပြားရှိလာမှာမဟုတ်ပဲ Samsung Galaxy Note 8 ဖုန်းကိုပဲ Dual Aperture Camera အပြင် Galaxy S Pen မှာ ပြောင်းလဲမှုအများအပြားရှိလာမယ်လို့ ယူဆရပါတယ်။

Samsung Galaxy Note 8

ဘာပဲဖြစ်ဖြစ် Samsung CEO အနေနဲ့ အခုလိုမျိုး တရားဝင်မကြေညာခင် ထုတ်သုံးနေတာက ယခင်တုန်းက Apple ၊ OnePlus လိုမျိုး ကုမ္ပဏီ CEO တွေက သူတို့ရဲ့ မထွက်ရှိသေးတဲ့ဖုန်းတွေကို အရင်အသုံးပြုနေတာနဲ့တောင် တူညီတယ်လို့ ပြောရမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com