Android ဆိုတဲ့ စကားလံုးက စမတ္ဖုန္းအသံုးျပဳသူေတြအတြက္ကေတာ့ ရင္းႏွီးျပီးသား စကားလံုးတစ္ခုျဖစ္မွာပါ။ လက္ရွိမွာ စမတ္ဖုန္းကုမၸဏီေတြက Google က ထုတ္ထားတဲ့ Android OS ကို စိတ္ၾကိဳက္ User Interface ေတြနဲ႔ ျပင္ဆင္ျပီးေတာ့ ကိုယ္ပိုင္ပံုစံျဖစ္ေအာင္ ျပင္ဆင္ျပီး ထုတ္လုပ္ေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ Google ကေန ကိုယ္တိုင္ထုတ္လုပ္ထားတဲ့ Pixel စမတ္ဖုန္းေတြလိုမ်ိဳးဖုန္းေတြနဲ႔ Android One စမတ္ဖုန္းေတြမွာေတာ့ အခုလုိမ်ိဳး ျပင္ဆင္ထားတဲ့ System UI ေတြမဟုတ္ဘဲ လံုးဝကို ရုိးရွင္းတဲ့ User Interface ကိုပဲ အသံုးျပဳထားတာျဖစ္ပါတယ္။ လက္ရွိမွာ အျမန္ဆံုးဆိုတဲ့စမတ္ဖုန္းေတြကလည္း Pure Android လုိမ်ိဳး ရုိးရွင္းတဲ့ UI ကို အသံုးျပဳထားျဖစ္ပါတယ္။ အဲ့ဒီအတြက္ Pure Android ကို သံုးထားတဲ့ စမတ္ဖုန္းေတြက ဘာေၾကာင့္ Gamer ေတြနဲ႔ Heavy User ေတြအတြက္ ပိုေကာင္းေနသလဲဆိုတာကို ၾကည့္လုိက္ရေအာင္။

Asus Zenfone Max Pro M1

ဒီေနရာမွာ Pure Android OS သံုးဖုန္းတစ္ခုျဖစ္တဲ့ ASUS Zenfone Max Pro M1 နဲ႔ ႏႈိင္းယွဥ္ျပခ်င္ပါတယ္။ ဒီ Zenfone Max Pro M1 စမတ္ဖုန္းက Processor ပိုင္းအေနနဲ႔ Snapdragon 636 ကိုပဲ အသံုးျပဳထားတာျဖစ္တဲ့အတြက္ ပံုမွန္ Mid Range ဖုန္းတစ္ခုရဲ႕ စြမ္းေဆာင္ရည္ရွိတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ Pure Android ကို အသံုးျပဳထားတဲ့အတြက္ တျခားေသာ Processor အတူတူ အသံုးျပဳထားတဲ့ စမတ္ဖုန္းေတြထက္ ပိုျပီး ျမန္ဆန္တယ္ဆုိတဲ့ ခံစားမႈကို ရရွိေနမွာပါ။

ဒါက ဘာေၾကာင့္လဲဆိုရင္ Pure Android ရဲ႕ ရုိးရွင္းတဲ့ User Interface ေၾကာင့္ဆိုတာက ပိုမွန္ပါတယ္။ Animation ေတြနဲ႔ System Application ေတြက ဖုန္းရဲ႕ Processing Power နဲ႔ RAM ကို စားသံုးမႈနည္းပါးတဲ့အတြက္ အသံုးျပဳေနတဲ့ Application ေတြနဲ႔ Game ေတြကို ပိုျပီး CPU နဲ႔ RAM ကို ေကာင္းေကာင္းအသံုးျပဳလုိ႔ ရရွိေစတာျဖစ္ပါတယ္။ ဒါက ဘယ္မွာ သိသာေစမလဲဆုိရင္ Application ေတြအမ်ားအျပား Multitasking အသံုးျပဳေနတဲ့အခ်ိန္နဲ႔ Game ေဆာ့ေနတဲ့အခ်ိန္မွာလည္း Background မွာ System က အသံုးျပဳမႈနည္းပါးတဲ့အတြက္ ပိုျပီးေခ်ာေမြ႕တဲ့ Gaming Experience ကို ခံစားႏုိင္မွာပါ။

ASUS Zenfone Max Pro M1

အခုလုိမ်ိဳး Pure Android ေၾကာင့္ Processor နဲ႔ RAM အသံုးျပဳမႈ နည္းပါးတာက ေနာက္ထပ္တစ္ေနရာမွာလည္း အားသာခ်က္ရွိလာပါတယ္။ ဒါက Heat တက္တဲ့အပိုင္းမွာပါ။ Pure Android ကို အသံုးျပဳထားတဲ့စမတ္ဖုန္းေတြမွာ သိသိသာသာကို တျခားေသာ UI ပိုင္း ရႈပ္တဲ့စမတ္ဖုန္းေတြထက္ Heat ထုတ္လႊင့္မႈနည္းပါးပါတယ္။ ဒါက ASUS Zenfone Max Pro M1 နဲ႔ ဂိမ္းေဆာ့ၾကည့္တဲ့အခ်ိန္မွာ အခ်ိန္နာရီနဲ႔ခ်ီျပီး ေဆာ့ကစားတဲ့အခ်ိန္မွာေတာင္ Heat တက္လာတာကို လံုးဝမေတြ႕ရပါဘူး။ ဒါက တကယ္ကို အထင္ၾကီးဖုိ႔ေကာင္းတဲ့အခ်က္ပါ။

ASUS Zenfone Max Pro M1

အခုေနာက္ပိုင္းမွာ Google ကိုယ္တုိင္ကေန Android OS ကို Feature အသစ္ေတြအမ်ားအျပားထည့္သြင္းလာတဲ့အတြက္ ဒီ Pure Android ဖုန္းေတြမွာလည္း အသံုးဝင္တဲ့ Feature ေတြ တျဖည္းျဖည္းပါဝင္လာမွာျဖစ္တဲ့အတြက္ေနာက္ပိုင္းမွာ Pure Android ျဖစ္ေနလို႔ Feature မစံုဘူးဆိုတာလည္း တျဖည္းျဖည္းေလ်ာ႔နည္းလာႏုိင္ပါေသးတယ္။

အဲ့ဒီအတြက္ ကိုယ္က စမတ္ဖုန္းတစ္ခုကို ေရြးခ်ယ္ေတာ့မယ္ဆိုရင္ Feature ေတြမ်ားျပားတာကို လူတုိင္းၾကည့္ျပီး ေရြးခ်ယ္တယ္ဆိုေပမယ့္ အျခားတစ္ဖက္မွာ တကယ္ ဖုန္းအသံုးျပဳတဲ့အခ်ိန္မွာ ရုိးရွင္းျပီး Application အမ်ားအျပားကို Multitasking ျပဳလုပ္တဲ့ေနရာမွာ ဒါမွမဟုတ္ Game ေဆာ့တဲ့အခ်ိန္မွာ ပိုျပီးေကာင္းတဲ့ Pure Android သံုးထားတဲ့ စမတ္ဖုန္းေတြက ပိုျပီးေရြးခ်ယ္သင့္တဲ့ဖုန္းေတြလုိ႔ျမင္မိပါတယ္။ Akhayar-Tech ပရိသတ္ၾကီးကေရာ ဘယ္လုိမ်ိဳးျမင္မိပါသလဲ?

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Android ဆိုတဲ့ စကားလုံးက စမတ်ဖုန်းအသုံးပြုသူတွေအတွက်ကတော့ ရင်းနှီးပြီးသား စကားလုံးတစ်ခုဖြစ်မှာပါ။ လက်ရှိမှာ စမတ်ဖုန်းကုမ္ပဏီတွေက Google က ထုတ်ထားတဲ့ Android OS ကို စိတ်ကြိုက် User Interface တွေနဲ့ ပြင်ဆင်ပြီးတော့ ကိုယ်ပိုင်ပုံစံဖြစ်အောင် ပြင်ဆင်ပြီး ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် Google ကနေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Pixel စမတ်ဖုန်းတွေလိုမျိုးဖုန်းတွေနဲ့ Android One စမတ်ဖုန်းတွေမှာတော့ အခုလိုမျိုး ပြင်ဆင်ထားတဲ့ System UI တွေမဟုတ်ဘဲ လုံးဝကို ရိုးရှင်းတဲ့ User Interface ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ လက်ရှိမှာ အမြန်ဆုံးဆိုတဲ့စမတ်ဖုန်းတွေကလည်း Pure Android လိုမျိုး ရိုးရှင်းတဲ့ UI ကို အသုံးပြုထားဖြစ်ပါတယ်။ အဲ့ဒီအတွက် Pure Android ကို သုံးထားတဲ့ စမတ်ဖုန်းတွေက ဘာကြောင့် Gamer တွေနဲ့ Heavy User တွေအတွက် ပိုကောင်းနေသလဲဆိုတာကို ကြည့်လိုက်ရအောင်။

Asus Zenfone Max Pro M1

ဒီနေရာမှာ Pure Android OS သုံးဖုန်းတစ်ခုဖြစ်တဲ့ ASUS Zenfone Max Pro M1 နဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။ ဒီ Zenfone Max Pro M1 စမတ်ဖုန်းက Processor ပိုင်းအနေနဲ့ Snapdragon 636 ကိုပဲ အသုံးပြုထားတာဖြစ်တဲ့အတွက် ပုံမှန် Mid Range ဖုန်းတစ်ခုရဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Pure Android ကို အသုံးပြုထားတဲ့အတွက် တခြားသော Processor အတူတူ အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထက် ပိုပြီး မြန်ဆန်တယ်ဆိုတဲ့ ခံစားမှုကို ရရှိနေမှာပါ။

ဒါက ဘာကြောင့်လဲဆိုရင် Pure Android ရဲ့ ရိုးရှင်းတဲ့ User Interface ကြောင့်ဆိုတာက ပိုမှန်ပါတယ်။ Animation တွေနဲ့ System Application တွေက ဖုန်းရဲ့ Processing Power နဲ့ RAM ကို စားသုံးမှုနည်းပါးတဲ့အတွက် အသုံးပြုနေတဲ့ Application တွေနဲ့ Game တွေကို ပိုပြီး CPU နဲ့ RAM ကို ကောင်းကောင်းအသုံးပြုလို့ ရရှိစေတာဖြစ်ပါတယ်။ ဒါက ဘယ်မှာ သိသာစေမလဲဆိုရင် Application တွေအများအပြား Multitasking အသုံးပြုနေတဲ့အချိန်နဲ့ Game ဆော့နေတဲ့အချိန်မှာလည်း Background မှာ System က အသုံးပြုမှုနည်းပါးတဲ့အတွက် ပိုပြီးချောမွေ့တဲ့ Gaming Experience ကို ခံစားနိုင်မှာပါ။

ASUS Zenfone Max Pro M1

အခုလိုမျိုး Pure Android ကြောင့် Processor နဲ့ RAM အသုံးပြုမှု နည်းပါးတာက နောက်ထပ်တစ်နေရာမှာလည်း အားသာချက်ရှိလာပါတယ်။ ဒါက Heat တက်တဲ့အပိုင်းမှာပါ။ Pure Android ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေမှာ သိသိသာသာကို တခြားသော UI ပိုင်း ရှုပ်တဲ့စမတ်ဖုန်းတွေထက် Heat ထုတ်လွှင့်မှုနည်းပါးပါတယ်။ ဒါက ASUS Zenfone Max Pro M1 နဲ့ ဂိမ်းဆော့ကြည့်တဲ့အချိန်မှာ အချိန်နာရီနဲ့ချီပြီး ဆော့ကစားတဲ့အချိန်မှာတောင် Heat တက်လာတာကို လုံးဝမတွေ့ရပါဘူး။ ဒါက တကယ်ကို အထင်ကြီးဖို့ကောင်းတဲ့အချက်ပါ။

ASUS Zenfone Max Pro M1

အခုနောက်ပိုင်းမှာ Google ကိုယ်တိုင်ကနေ Android OS ကို Feature အသစ်တွေအများအပြားထည့်သွင်းလာတဲ့အတွက် ဒီ Pure Android ဖုန်းတွေမှာလည်း အသုံးဝင်တဲ့ Feature တွေ တဖြည်းဖြည်းပါဝင်လာမှာဖြစ်တဲ့အတွက်နောက်ပိုင်းမှာ Pure Android ဖြစ်နေလို့ Feature မစုံဘူးဆိုတာလည်း တဖြည်းဖြည်းလျော့နည်းလာနိုင်ပါသေးတယ်။

အဲ့ဒီအတွက် ကိုယ်က စမတ်ဖုန်းတစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် Feature တွေများပြားတာကို လူတိုင်းကြည့်ပြီး ရွေးချယ်တယ်ဆိုပေမယ့် အခြားတစ်ဖက်မှာ တကယ် ဖုန်းအသုံးပြုတဲ့အချိန်မှာ ရိုးရှင်းပြီး Application အများအပြားကို Multitasking ပြုလုပ်တဲ့နေရာမှာ ဒါမှမဟုတ် Game ဆော့တဲ့အချိန်မှာ ပိုပြီးကောင်းတဲ့ Pure Android သုံးထားတဲ့ စမတ်ဖုန်းတွေက ပိုပြီးရွေးချယ်သင့်တဲ့ဖုန်းတွေလို့မြင်မိပါတယ်။ Akhayar-Tech ပရိသတ်ကြီးကရော ဘယ်လိုမျိုးမြင်မိပါသလဲ?

Zawyè (Akhayar) 

www.akhayar.com