[Zawgyi]

ဂ်ာမန္ေတြရဲ႕ လူမ်ိဳးႀကီး၀ါဒၾကားထဲမွာ အုိေဇးလ္ Ozil က ဓားစာခံျဖစ္ခဲ့တာလား

“ဂ်ာမနီအသင္းႏုိင္ပဲြရရင္ ကၽြန္ေတာ္က ဂ်ာမန္ႏုိင္ငံသား၊ တကယ္လုိ႔ ႐ႈံးၿပီဆုိရင္ ကၽြန္ေတာ့္ကုိ တျခားႏုိင္ငံသားအျဖစ္ သတ္မွတ္ခဲ့ၾကတယ္”။ ဒီစကားေတြက ဂ်ာမနီလက္ေရြးစင္ကစားသမားဘ၀ကုိ အဆုံးသတ္ၿပီလုိ႔ အတည္ျပဳခဲ့တဲ့ေနာက္မွာ အုိေဇးလ္ Ozil ရဲ႕ ရင္ဘတ္ထဲကေန နာနာက်င္က်င္ထြက္ၾကလာတဲ့ စကားလုံးေတြပါ။ လက္ေရြးစင္အသင္းကေန အနားယူဖုိ႔ ဆုံးျဖတ္လုိက္ၿပီလုိ႔ အုိေဇးလ္က လူသိရွင္ၾကားေျပာခဲ့တဲ့အခ်ိန္မွာ ပရိသတ္ေတြအတြက္ အံ့အားသင့္စရာျဖစ္ခဲ့ရတယ္။ ဒါေပမဲ့ ေသေသခ်ာခ်ာစဥ္းစားၾကည့္ရင္ေတာ့ အခုအေျခအေနဟာ လက္ေရြးစင္အသငး္ကေန အုိေဇးလ္ အနားယူသင့္တဲ့အခ်ိန္ပါပဲ။

Ozil

Ozil

ဒီလုိေျပာရတာက အုိေဇးလ္ရဲ႕အသက္အရြယ္၊ ေျခစြမ္းပုိင္းအရ မဟုတ္ဘူး။ ၂၀၁၈ ကမၻာ႔ဖလားမွာ ဂ်ာမနီအသင္း က်႐ႈံးခဲ့တဲ့အတြက္ ဂ်ာမန္ေဘာလုံးေလာကတစ္ခုလုံးက အုိေဇးလ္ Ozil တစ္ေယာက္တည္းကုိပဲ တရားခံအျဖစ္ ၀ုိင္းၿပီး လက္ညိွဳးေနတာက မျဖစ္သင့္သလုိ၊ ဂ်ာမနီအသင္းအတြက္ အျပည့္အ၀အာ႐ုံစုိက္ခဲ့တဲ့ အုိေဇးလ္အတြက္လည္း တရားမွ်တမႈမရွိလုိ႔ပါပဲ။ အမွန္အတိုင္းေျပာရရင္ ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ဂ်ာမန္ပရိသတ္ေတြက ၂၀၁၈ ကမၻာ႔ဖလားမွာ အုိေဇးလ္ေျခစြမ္းမျပႏုိင္လုိ႔ ေ၀ဖန္ခ်င္တာထက္ ၿပိဳင္ပဲြမတိုင္ခင္ တူရကီသမၼတ အာဒုိဂန္ Erdogan နဲ႔ ေတြ႕ဆုံၿပီး အတူဓာတ္ပုံ႐ုိက္ခဲ့တာကုိ ပုိၿပီးအျပစ္ေျပာခ်င္ေနတာျဖစ္ပါတယ္။ အဲဒီဓာတ္ပုံထြက္ေပၚလာၿပီးတဲ့ေနာက္ အုိေဇးလ္ဟာ ဂ်ာမနီႏုိင္ငံထက္ တူရကီႏုိင္ငံကုိ ပုိခ်စ္တယ္သူဆုိၿပီး ဂ်ာမန္ေတြက ေ၀ဖန္တိုက္ခုိက္ခဲ့ၾကပါေတာ့တယ္။

Erdogan-meets-with-Gundogan-Mesut-Ozil-Cenk-Tosun

Erdogan-meets-with-Gundogan-Mesut-Ozil-Cenk-Tosun

အုိေဇးလ္ရဲ႕မိသားစုဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၅၀)ေလာက္တုန္းက တူရကီႏုိင္ငံကေန ဂ်ာမနီႏုိင္ငံကုိ ေရႊ႕ေျပာင္းအလုပ္သမားေတြအျဖစ္ ေရာက္ရွိေနထုိင္ခဲ့တာျဖစ္ၿပီး အုိေဇးလ္က တတိယမ်ိဳးဆက္ျဖစ္ပါတယ္။ အုိေဇးလ္ေျပာခဲ့သလုိပါပဲ။ ဂ်ာမန္ေတြက အသင္းႏုိင္ပဲြရရင္ေတာ့ အုိေဇးလ္ကုိ တခမ္းတနား ခ်ီးက်ဴးခဲ့ေပမယ့္ ေအာင္ျမင္မႈမရေတာ့ရင္ ၀ုိင္းလက္ညႇိဳးထုိးသလုိျဖစ္ခဲ့တယ္။ တကယ္လုိ႔ ဂ်ာမနီသာ ၂၀၁၈ ကမၻာ႔ဖလားမွာ အုပ္စုကမထြက္ရဘဲ အဆင့္တစ္ခုခုကုိ ေရာက္ခဲ့ရင္ အာဒုိဂန္နဲ႔ အုိေဇးလ္တို႔ရဲ႕ကိစၥက ဒီေလာက္အထိ Highlight ျဖစ္လာပ့ါမလား။ ၂၀၁၈ ကမၻာ႔ဖလားမွာ အုိေဇးလ္ဟာ ေျခစြမ္းမျပႏုိင္ဘူးဆုိတာေတာ့ လက္ခံေပးလုိ႔ရတယ္၊ ဒါေပမဲ့ ဂ်ာမနီအသင္းက ေပၚတူဂီလုိမ်ိဳး ကစားသမားတစ္ဦးတည္းနဲ႔ တည္ေဆာက္ထားတဲ့အသင္းမဟုတ္ဘူး။ ကြင္းလယ္မွာ World Class Players ေတြက အမ်ားႀကီး။ ဒီထဲမွာမွ အုိေဇးလ္ေၾကာင့္ ဂ်ာမနီ အုပ္စုကထြက္ခဲ့ရတယ္ဆုိရင္ေတာ့ အဲဒီစြပ္စဲြခ်က္ေတြက မွ်တမႈရွိလား၊ မရွိလားဆုိတာ စဥ္းစားစရာေတာင္ မလုိပါဘူး။

Ozil-Family-

Ozil-Family-

အုိေဇးလ္နဲ႔အာဒုိဂန္တို႔ေတြ႕ဆုံခဲ့ၿပီးေနာက္မွာ ဂ်ာမနီအသင္းမန္ေနဂ်ာ ဘီယာေဟာ့ဖ္ Bierhoff က အုိေဇးလ္ကုိ ကမၻာ႔ဖလားလူစာရင္းမွာ မေရြးဖုိ႔ ေတာင္းဆုိခဲ့တဲ့အထိျဖစ္ခဲ့ၿပီး ဂ်ာမန္ေဘာလုံးအဖဲြ႕ခ်ဳပ္ဥကၠဌ ဂရင္ဒယ္လ္ Grindel ကလည္း အုိေဇးလ္ဟာ အမွားတစ္ခုက်ဴးလြန္လုိက္သလိုပဲလုိ႔ ျပစ္တင္ခဲ့တယ္။ ကမၻာ႔ဖလားမတိုင္ခင္ ေျခစမ္းပဲြေတြမွာလည္း အုိေဇးလ္ဟာ ဂ်ာမန္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရင္ဆုိင္ခဲ့ၿပီး ကုိယ့္အသငး္ပရိသတ္ေတြ ေလွာင္ေျပာင္တာကုိ ခံခဲ့ရတဲ့ကစားသမားတစ္ေယာက္က ဘယ္လုိေျခစြမ္းျပကစားႏုိင္ေတာ့မွာလဲ။ ေတာင္ကုိရီးယားနဲ႔ အုပ္စုေနာက္ဆုံးပဲြမွာဆုိရင္ အုိေဇးလ္ဟာ သည္းမခံႏုိင္ေတာ့တဲ့အဆုံး ဂ်ာမန္ပရိသတ္ေတြနဲ႔ အျပန္အလွန္အခ်င္းမ်ားခဲ့တဲ့အထိျဖစ္ခဲ့ရတယ္။

Ozil-clashes-with-Germany-fans

Ozil-clashes-with-Germany-fans

ဂ်ာမန္ေတြဟာ ဟုိးအရင္ကတည္းက လူမ်ိဳးႀကီး၀ါဒက်င့္သုံးခဲ့ၾကသူေတြျဖစ္ၿပီး ကုိယ့္ေသြးကုိယ့္သားစစ္စစ္ကုိမွ ေလးစားတန္ဖုိးထားၾကသူေတြျဖစ္ပါတယ္။ အခုအုိေဇးလ္ရဲ႕အျဖစ္က “ထန္းသီးေၾကြခုိက္ က်ီးနင္းခုိက္”ဆုိသလုိ တူရကီသမၼတနဲ႔ ေတြ႕ဆုံခဲ့တဲ့ ကိစၥက ၂၀၁၈ ကမၻာ႔ဖလားမွာ ဂ်ာမနီအသင္းအုပ္စုကထြက္ခဲ့ရတာနဲ႔ သြားၿပီးဆက္စပ္သလုိျဖစ္ခဲ့ရတယ္။ တကယ္ေတာ့ အဲဒါႏွစ္ခုက ဘာမွ မဆုိင္ပါဘူး။ ဂ်ာမန္ေတြက အုိေဇးလ္ဟာ အာဒုိဂန္ တူရကီသမၼတေရြးေကာက္ပဲြမွာ အႏုိင္ရဖုိ႔ သူ႔ရဲ႕ ပုံရိပ္ကုိ အသုံးခ်ၿပီး Promotion ဆင္းေပးခဲ့တာလုိ႔ စြပ္စြဲခဲ့ၾကတယ္။ အာဒုိဂန္ရဲ႕ ႏုိင္ငံေရး Image က သိပ္မလွတာေၾကာင့္ ဂ်ာမန္ေတြက အာဒုိဂန္နဲ႔ဆက္စပ္ၿပီး အုိေဇးလ္ကုိပါ ပစ္မွတ္ထားတိုက္ခုိက္သလုိျဖစ္သြားခဲ့တယ္။

Ozil-1

Ozil-1

အုိေဇးလ္ရဲ႕ ဂ်ာမနီအသင္းအတြက္ စြမ္းေဆာင္ရည္မွတ္တမ္းကုိ ျပန္ၾကည့္ရင္ သူဟာ ေလွာင္ေျပာင္ေ၀ဖန္ခံရမယ့္ကစားသမားတစ္ဦး မဟုတ္ဘူးဆုိတာ သိႏုိင္ပါတယ္။ ၂၀၀၉ ခုႏွစ္မွာ ဂ်ာမနီယူ-၂၁ အသင္းနဲ႔အတူ ဥေရာပခ်န္ပီယံရွစ္ဆုဖလားရရွိခဲ့ၿပီး အဲဒီႏွစ္မွာပဲ ဂ်ာမနီစီနီယာအသင္းအတြက္ စတင္ေရြးခ်ယ္ခံခဲ့ရတဲ့ အုိေဇးလ္ဟာ လက္ေရြးစင္ကစားသမား (၉)ႏွစ္တာကာလအတြင္း (၉၂)ပဲြကစား၊ (၂၃)ဂုိးသြင္းယူခဲ့သလုိ ဂုိးဖန္တီးမႈ အႀကိမ္(၄၀)အထိ ျပဳလုပ္ခဲ့တယ္။ ၂၀၀၉ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ အုိေဇးလ္လုိ ဂုိးဖန္တီးမႈအမ်ားဆုံးျပဳလုပ္ခဲ့တဲ့ကစားသမား ဂ်ာမနီအသငး္မွာ မရွိပါဘူး။ အုိေဇးလ္ရဲ႕အသက္က (၂၉)ႏွစ္အထိျဖစ္ေနလုိ႔ ႏုိင္ငံအသင္းမွာ ေနာက္ထပ္ကစားရလည္း (၃)၊(၄)ႏွစ္ပါပဲ။ ဒါေပမဲ့ အုိေဇးလ္လုိကစားသမားမ်ိဳးဟာ သူ႔ေနာင္ေတာ္ႀကီးေတြျဖစ္တဲ့ ပုိေဒါစကီး Podolski ၊ ကလုိေဆး Klose ၊ ရွ၀ုိင္းစတုိင္ဂါ Schweinsteiger တို႔လုိ လက္ေရြးစင္အသင္းကုိ ဂုဏ္သိကၡာရွိရွိ  ႏႈတ္ဆက္ခြင့္ရသင့္ခဲ့တာပါ။

schweinsteiger-and-podolski

schweinsteiger-and-podolski

ဘာပဲျဖစ္ျဖစ္ အခုအခ်ိန္မွာေတာ့ အုိေဇးလ္ဟာ လက္ေရြးစင္ကစားသမားဘ၀ကုိ ကန္႔လန္႔ကာ ခ်ခဲ့ပါၿပီ။ အုိေဇးလ္ေျပာခဲ့တဲ့စကားနဲ႔ အဆုံးသတ္ခ်င္ပါတယ္။ “ဂ်ာမနီလက္ေရြးစင္အသင္းအက်ႌကုိ ကၽြန္ေတာ္ ဂုဏ္ယူျမတ္ႏုိးစြာနဲ႔ ၀တ္ဆင္ကစားခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ အဲဒါေတြက ၿပီးဆုံးသြားခဲ့ပါၿပီ။ ကၽြန္ေတာ့္ကုိ မလုိေတာ့ဘူးလုိ႔ ခံစားမိၿပီး ၂၀၀၉ က စလုိ႔ လက္ရွိအခ်ိန္အထိ ဂ်ာမန္ေဘာလုံးေလာကအတြက္ ရယူေပးခဲ့တဲ့ ေအာင္ျမင္မႈေတြကုိ ဂ်ာမန္ပရိသတ္ေတြ ေမ့သြားၿပီျဖစ္ပါတယ္”တဲ့။

REF:BBC,.theguardian
Photo:Chicago Tribune,The National,Reuters UK,ibtimes,trbimg,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂျာမန်တွေရဲ့ လူမျိုးကြီးဝါဒကြားထဲမှာ အိုဇေးလ် Ozil က ဓားစာခံဖြစ်ခဲ့တာလား

“ဂျာမနီအသင်းနိုင်ပွဲရရင် ကျွန်တော်က ဂျာမန်နိုင်ငံသား၊ တကယ်လို့ ရှုံးပြီဆိုရင် ကျွန်တော့်ကို တခြားနိုင်ငံသားအဖြစ် သတ်မှတ်ခဲ့ကြတယ်”။ ဒီစကားတွေက ဂျာမနီလက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ပြီလို့ အတည်ပြုခဲ့တဲ့နောက်မှာ အိုဇေးလ် Ozil ရဲ့ ရင်ဘတ်ထဲကနေ နာနာကျင်ကျင်ထွက်ကြလာတဲ့ စကားလုံးတွေပါ။ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ အိုဇေးလ်က လူသိရှင်ကြားပြောခဲ့တဲ့အချိန်မှာ ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သေသေချာချာစဉ်းစားကြည့်ရင်တော့ အခုအခြေအနေဟာ လက်ရွေးစင်အသင်းကနေ အိုဇေးလ် အနားယူသင့်တဲ့အချိန်ပါပဲ။

Ozil

Ozil

ဒီလိုပြောရတာက အိုဇေးလ်ရဲ့အသက်အရွယ်၊ ခြေစွမ်းပိုင်းအရ မဟုတ်ဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်း ကျရှုံးခဲ့တဲ့အတွက် ဂျာမန်ဘောလုံးလောကတစ်ခုလုံးက အိုဇေးလ် Ozil တစ်ယောက်တည်းကိုပဲ တရားခံအဖြစ် ဝိုင်းပြီး လက်ညှိုးနေတာက မဖြစ်သင့်သလို၊ ဂျာမနီအသင်းအတွက် အပြည့်အဝအာရုံစိုက်ခဲ့တဲ့ အိုဇေးလ်အတွက်လည်း တရားမျှတမှုမရှိလို့ပါပဲ။ အမှန်အတိုင်းပြောရရင် ဂျာမန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဂျာမန်ပရိသတ်တွေက ၂၀၁၈ ကမ္ဘာ့ဖလားမှာ အိုဇေးလ်ခြေစွမ်းမပြနိုင်လို့ ဝေဖန်ချင်တာထက် ပြိုင်ပွဲမတိုင်ခင် တူရကီသမ္မတ အာဒိုဂန် Erdogan နဲ့ တွေ့ဆုံပြီး အတူဓာတ်ပုံရိုက်ခဲ့တာကို ပိုပြီးအပြစ်ပြောချင်နေတာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံထွက်ပေါ်လာပြီးတဲ့နောက် အိုဇေးလ်ဟာ ဂျာမနီနိုင်ငံထက် တူရကီနိုင်ငံကို ပိုချစ်တယ်သူဆိုပြီး ဂျာမန်တွေက ဝေဖန်တိုက်ခိုက်ခဲ့ကြပါတော့တယ်။

Erdogan-meets-with-Gundogan-Mesut-Ozil-Cenk-Tosun

Erdogan-meets-with-Gundogan-Mesut-Ozil-Cenk-Tosun

အိုဇေးလ်ရဲ့မိသားစုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)လောက်တုန်းက တူရကီနိုင်ငံကနေ ဂျာမနီနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ရောက်ရှိနေထိုင်ခဲ့တာဖြစ်ပြီး အိုဇေးလ်က တတိယမျိုးဆက်ဖြစ်ပါတယ်။ အိုဇေးလ်ပြောခဲ့သလိုပါပဲ။ ဂျာမန်တွေက အသင်းနိုင်ပွဲရရင်တော့ အိုဇေးလ်ကို တခမ်းတနား ချီးကျူးခဲ့ပေမယ့် အောင်မြင်မှုမရတော့ရင် ဝိုင်းလက်ညှိုးထိုးသလိုဖြစ်ခဲ့တယ်။ တကယ်လို့ ဂျာမနီသာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုကမထွက်ရဘဲ အဆင့်တစ်ခုခုကို ရောက်ခဲ့ရင် အာဒိုဂန်နဲ့ အိုဇေးလ်တို့ရဲ့ကိစ္စက ဒီလောက်အထိ Highlight ဖြစ်လာပ့ါမလား။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အိုဇေးလ်ဟာ ခြေစွမ်းမပြနိုင်ဘူးဆိုတာတော့ လက်ခံပေးလို့ရတယ်၊ ဒါပေမဲ့ ဂျာမနီအသင်းက ပေါ်တူဂီလိုမျိုး ကစားသမားတစ်ဦးတည်းနဲ့ တည်ဆောက်ထားတဲ့အသင်းမဟုတ်ဘူး။ ကွင်းလယ်မှာ World Class Players တွေက အများကြီး။ ဒီထဲမှာမှ အိုဇေးလ်ကြောင့် ဂျာမနီ အုပ်စုကထွက်ခဲ့ရတယ်ဆိုရင်တော့ အဲဒီစွပ်စွဲချက်တွေက မျှတမှုရှိလား၊ မရှိလားဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။

Ozil-Family-

Ozil-Family-

အိုဇေးလ်နဲ့အာဒိုဂန်တို့တွေ့ဆုံခဲ့ပြီးနောက်မှာ ဂျာမနီအသင်းမန်နေဂျာ ဘီယာဟော့ဖ် Bierhoff က အိုဇေးလ်ကို ကမ္ဘာ့ဖလားလူစာရင်းမှာ မရွေးဖို့ တောင်းဆိုခဲ့တဲ့အထိဖြစ်ခဲ့ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဂရင်ဒယ်လ် Grindel ကလည်း အိုဇေးလ်ဟာ အမှားတစ်ခုကျူးလွန်လိုက်သလိုပဲလို့ ပြစ်တင်ခဲ့တယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတွေမှာလည်း အိုဇေးလ်ဟာ ဂျာမန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ပြီး ကိုယ့်အသင်းပရိသတ်တွေ လှောင်ပြောင်တာကို ခံခဲ့ရတဲ့ကစားသမားတစ်ယောက်က ဘယ်လိုခြေစွမ်းပြကစားနိုင်တော့မှာလဲ။ တောင်ကိုရီးယားနဲ့ အုပ်စုနောက်ဆုံးပွဲမှာဆိုရင် အိုဇေးလ်ဟာ သည်းမခံနိုင်တော့တဲ့အဆုံး ဂျာမန်ပရိသတ်တွေနဲ့ အပြန်အလှန်အချင်းများခဲ့တဲ့အထိဖြစ်ခဲ့ရတယ်။

Ozil-clashes-with-Germany-fans

Ozil-clashes-with-Germany-fans

ဂျာမန်တွေဟာ ဟိုးအရင်ကတည်းက လူမျိုးကြီးဝါဒကျင့်သုံးခဲ့ကြသူတွေဖြစ်ပြီး ကိုယ့်သွေးကိုယ့်သားစစ်စစ်ကိုမှ လေးစားတန်ဖိုးထားကြသူတွေဖြစ်ပါတယ်။ အခုအိုဇေးလ်ရဲ့အဖြစ်က “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်”ဆိုသလို တူရကီသမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းအုပ်စုကထွက်ခဲ့ရတာနဲ့ သွားပြီးဆက်စပ်သလိုဖြစ်ခဲ့ရတယ်။ တကယ်တော့ အဲဒါနှစ်ခုက ဘာမှ မဆိုင်ပါဘူး။ ဂျာမန်တွေက အိုဇေးလ်ဟာ အာဒိုဂန် တူရကီသမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ သူ့ရဲ့ ပုံရိပ်ကို အသုံးချပြီး Promotion ဆင်းပေးခဲ့တာလို့ စွပ်စွဲခဲ့ကြတယ်။ အာဒိုဂန်ရဲ့ နိုင်ငံရေး Image က သိပ်မလှတာကြောင့် ဂျာမန်တွေက အာဒိုဂန်နဲ့ဆက်စပ်ပြီး အိုဇေးလ်ကိုပါ ပစ်မှတ်ထားတိုက်ခိုက်သလိုဖြစ်သွားခဲ့တယ်။

Ozil-1

Ozil-1

အိုဇေးလ်ရဲ့ ဂျာမနီအသင်းအတွက် စွမ်းဆောင်ရည်မှတ်တမ်းကို ပြန်ကြည့်ရင် သူဟာ လှောင်ပြောင်ဝေဖန်ခံရမယ့်ကစားသမားတစ်ဦး မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဂျာမနီယူ-၂၁ အသင်းနဲ့အတူ ဥရောပချန်ပီယံရှစ်ဆုဖလားရရှိခဲ့ပြီး အဲဒီနှစ်မှာပဲ ဂျာမနီစီနီယာအသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရတဲ့ အိုဇေးလ်ဟာ လက်ရွေးစင်ကစားသမား (၉)နှစ်တာကာလအတွင်း (၉၂)ပွဲကစား၊ (၂၃)ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု အကြိမ်(၄၀)အထိ ပြုလုပ်ခဲ့တယ်။ ၂၀၀၉ ခုနှစ်ကနေ လက်ရှိအချိန်အထိ အိုဇေးလ်လို ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ခဲ့တဲ့ကစားသမား ဂျာမနီအသင်းမှာ မရှိပါဘူး။ အိုဇေးလ်ရဲ့အသက်က (၂၉)နှစ်အထိဖြစ်နေလို့ နိုင်ငံအသင်းမှာ နောက်ထပ်ကစားရလည်း (၃)၊(၄)နှစ်ပါပဲ။ ဒါပေမဲ့ အိုဇေးလ်လိုကစားသမားမျိုးဟာ သူ့နောင်တော်ကြီးတွေဖြစ်တဲ့ ပိုဒေါစကီး Podolski ၊ ကလိုဆေး Klose ၊ ရှဝိုင်းစတိုင်ဂါ Schweinsteiger တို့လို လက်ရွေးစင်အသင်းကို ဂုဏ်သိက္ခာရှိရှိ  နှုတ်ဆက်ခွင့်ရသင့်ခဲ့တာပါ။

schweinsteiger-and-podolski

schweinsteiger-and-podolski

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ အိုဇေးလ်ဟာ လက်ရွေးစင်ကစားသမားဘဝကို ကန့်လန့်ကာ ချခဲ့ပါပြီ။ အိုဇေးလ်ပြောခဲ့တဲ့စကားနဲ့ အဆုံးသတ်ချင်ပါတယ်။ “ဂျာမနီလက်ရွေးစင်အသင်းအကျႌကို ကျွန်တော် ဂုဏ်ယူမြတ်နိုးစွာနဲ့ ဝတ်ဆင်ကစားခဲ့တာပါ။ အခုအချိန်မှာတော့ အဲဒါတွေက ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော့်ကို မလိုတော့ဘူးလို့ ခံစားမိပြီး ၂၀၀၉ က စလို့ လက်ရှိအချိန်အထိ ဂျာမန်ဘောလုံးလောကအတွက် ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေကို ဂျာမန်ပရိသတ်တွေ မေ့သွားပြီဖြစ်ပါတယ်”တဲ့။

REF:BBC,.theguardian
Photo:Chicago Tribune,The National,Reuters UK,ibtimes,trbimg,Goal.com
Naing Linn(Akhayar)
www.akhayar.com