[Zawgyi]
SMS ပို့ခြင်း
အခုလို မြန်မာနိုင်ငံရဲ့ လက်ရှိ Telecom Operator ၃ ခုရှိတဲ့အထဲမှာ MPT နဲ့ Ooredoo Myanmar တို့က ဈေးနှုန်းမတိမ်းမယိမ်းဖြစ်နေပေမယ့် MPT က လက်ရှိ 4×4 MIMO 4G LTE+ စနစ်အသစ်က အလွန်မြန်ဆန်တဲ့အပြင် SMS ပို့တဲ့ဈေးနှုန်းအရလည်း အခြားသော Operator တွေနဲ့ ယှဉ်ရင် ပိုပြီး သက်သာတဲ့အတွက် လက်ရှိမှာတော့ အကောင်းဆုံး Operator တစ်ခုဖြစ်နေသေးတယ်လို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ တကယ်လို့ Dual SIM Card အသုံးပြုနေတဲ့သူဆိုရင်တော့ MPT SIM Card ၂ ခုလုံးထည့်ထားပြီး ဖုန်းပြောမယ့် SIM Card ကို “ရှယ်ပြော” အစီအစဉ်ကို ရယူထားပြီး အင်တာနက်သုံးမယ့် SIM Card ကို “ဆွေသဟာ” အစီအစဉ်ရယူထားမယ်ဆိုရင် ဖုန်းအသုံးစရိတ်ကို လျော့ချနိုင်ပါလိမ့်မယ်။
စာရေးသူအနေနဲ့ သုံးစွဲသူတွေအားလုံးကို အော်ပရေတာ သုံးခုလုံးနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက် တွေကို မျှဝေချင်တဲ့အတွက် သက်ဆိုင်ရာ အော်ပရေတာတွေရဲ့ Official Website တွေမှာ ရှိတဲ့သတင်းအချက်အလက်အပေါ်မှာမူတည်ပြီး လေ့လာသုံးသပ်ရေးသားထားတဲ့ အတွက်  အခြားသူတွေရဲ့ အမြင်နဲ့ကွဲလွဲမှုတွေလည်းရှိနိုင်ပါတယ်။
Zawyè (Akhayar) 
www.akhayar.com
[Unicode]
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက မြန်မာနိုင်ငံရဲ့ Telecom Operator တွေဖြစ်တဲ့ Telenor Myanmar ၊ Ooredoo Myanmar နဲ့ MPT တို့က သူတို့ရဲ့ ဝန်ဆောင်မှုအစီအစဉ်တွေကို အနည်းငယ်ပြောင်းလဲထားတယ်ဆိုတော့ လက်ရှိအချိန်မှာ ဘယ် Operator က ဈေးအသက်သာဆုံးလဲဆိုတာကို Akhayar ကနေ သုံးသပ်ပေးလိုက်ပါတယ်။
တူညီတဲ့ Operator SIM Card အချင်းချင်း ဖုန်းခေါ်ဆိုခြင်း
MPT ကနေ MPT ကိုဖုန်းခေါ်သလိုမျိုး တူညီတဲ့ SIM Card အချင်းချင်း ဖုန်းခေါ်ဆိုတာကို အရင်ဆုံးနှိုင်းယှဉ်ကြည့်ကြရအောငင်။
MPT မှာတော့ Plan အနေနဲ့ “ရှယ်ပြော” နဲ့ “ဆွေသဟာ” Plan ၂ ခုရှိပြီး “ဆွေသဟာ” အစီအစဉ်ကို ရယူထားရင် တစ်မိနစ်ကို ၂၃ ကျပ်၊ “ရှယ်ပြော” အစီအစဉ်နဲ့ဆိုရင်တော့ တစ်မိနစ်ကို ၁၅ ကျပ် ပဲကျသင့်မှာဖြစ်ပါတယ်။
Telenor ကလည်း “စိတ်ကြိုက်” အစီအစဉ်နဲ့ “စူပါပွား” အစီအစဉ် ဆိုပြီး Plan ၂ မျိုးရှိပြီး “စိတ်ကြိုက်” အစီအစဉ်နဲ့ဆို တစ်မိနစ်ကို ၂၇ ကျပ်၊ “စူပါပွား” အစီအစဉ်ဆိုရင်တော့ ၁၈ ကျပ် ကျမှာပါ။
Ooredoo ကတော့ ပုံမှန်ခေါ်တာပဲဖြစ်ဖြစ်၊ “ရိုးရိုးလေး” အစီအစဉ်ကို ရယူထားရင်ပဲဖြစ်ဖြစ် တစ်မိနစ်ကို ၁၅ ကျပ်ပဲ ကျပါတယ်။
သုံးသပ်ချက်။ ။ တူညီတဲ့ Operator SIM Card အချင်းချင်း ဖုန်းခေါ်ဆိုတဲ့နေရာမှာတော့ MPT “ရှယ်ပြော” အစီအစဉ် နဲ့ Ooredoo တို့က တစ်မိနစ်ကို ၁၅ ကျပ် နဲ့ ဈေးအသက်သာဆုံးလို့ ပြောလို့ရမှာဖြစ်ပါတယ်။
မတူညီတဲ့ Operator SIM Card ကို ဖုန်းခေါ်ဆိုခြင်း
ကိုယ်သုံးနေတဲ့ Operator SIM Card မဟုတ်တဲ့ အခြား Operator ရဲ့ SIM Card ကို ဖုန်းခေါ်ဆိုမယ်ဆိုရင်ရော ဘယ် Operator က အသက်သာဆုံးဖြစ်မလဲ…
MPT ကတော့ “ရှယ်ပြော” အစီအစဉ်က တစ်မိနစ်ကို ၂၅ ကျပ် ကျမှာဖြစ်ပြီး “ဆွေသဟာ” အစီအစဉ်ကတော့ တစ်မိနစ်ကို ၂၃ ကျပ်ပဲကျမှာဖြစ်ပါတယ်။
Telenor ရဲ့ “စိတ်ကြိုက်” အစီအစဉ်နဲ့ ဆိုရင် တစ်မိနစ်ကို ၂၇ ကျပ်၊ “စူပါပွား” အစီအစဉ်ကို ရယူထားရင် တစ်မိနစ်ကို ၂၅ ကျပ် ကျမှာပါ။
Ooredoo ကို အသုံးပြုပြီးဖုန်းခေါ်ဆိုမယ်ဆိုရင် ပုံမှန် တစ်မိနစ်ကို ၂၃ ကျပ်ကျသင့်ပြီးတော့ “ရိုးရိုးလေး” အစီအစဉ်ကို ရယူထားရင်တော့ တစ်မိနစ်ကို ၁၅ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
သုံးသပ်ချက်။ ။ ဒီနေရာမှာတော့ MPT နဲ့ Ooredoo က အသက်သာဆုံးလို့ သတ်မှတ်နိုင်ပြီး Ooredoo ရဲ့ “ရိုးရိုးလေး” အစီအစဉ်က သက်သာပေမယ့် ရယူဖို့ကို အနည်းဆုံး တစ်လကို တစ်ကြိမ် ဖုန်းဘေပြန်ဖြည့်ဖို့ လိုအပ်တယ်ဆိုတော့ MPT က ပိုပြီး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။
SMS ပို့ခြင်း
SMS ပို့တဲ့နေရာမှာတော့ Operator ၃ မျိုးစလုံးက SMS တစ်စောင်ကို ပုံမှန်အနေနဲ့ ၁၅ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် MPT ရဲ့ “ဆွေသဟာ” အစီအစဉ်ကတော့ SMS တစ်စောင်ကို ၁၀ ကျပ်ပဲ ကျသင့်တဲ့အတွက် ဒီနေရာမှာတော့ MPT က အကောင်းဆုံး ရွေးချယ်စရာဖြစ်နေမှာပါ။
အင်တာနက် အသုံးပြုခြင်း
MPT ရဲ့ “ရှယ်ပြော” အစီအစဉ် ရယူထားတဲ့သူတွေဆိုရင် 1 MB ကို ၈ ကျပ်နှုန်းနဲ့ လက်ရှိကောက်ခံလျက်ရှိပြီး “ဆွေသဟာ” အစီအစဉ်ကို ရယူထားရင်တော့ 1 MB ကို ၆ ကျပ်ပဲ ကျမှာဖြစ်ပါတယ်။
Telenor ကတော့ “စိတ်ကြိုက်” အစီအစဉ်ပဲဖြစ်ဖြစ် “စူပါပွား” အစီအစဉ်ပဲဖြစ်ဖြစ် အင်တာနက်အသုံးပြုမယ်ဆိုရင် 1 MB ကို ၈ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
Ooredoo ကလည်း ပုံမှန် 1 MB ကို ၆ ကျပ် ကောက်ခံပြီး “ရိုးရိုးလေး” အစီအစဉ်ကို ရယူထားရင်တော့ 1 MB ကို ၈ ကျပ် ကျသင့်မှာပါ။
သုံးသပ်ချက်။ ။ အင်တာနက် အသုံးပြုတဲ့နေရာမှာတော့ MPT နဲ့ Ooredoo က ဈေးနှုန်းအသက်သာဆုံးဖြစ်ပေမယ့် လက်ရှိ MPT ရဲ့ 4×4 MIMO 4G LTE+ ရဲ့ အင်တာနက်အမြန်နှုန်းက လက်ရှိအမြန်ဆုံးဖြစ်နေပြီး ကွန်ရက်ရရှိနိုင်တဲ့နေရာတွေကလည်း ပိုပြီးကျယ်ပြန့်တဲ့အတွက် ဒီနေရာမှာလည်း အသာရတယ်လို့ ပြောလို့ရပါတယ်
အခုလျိုမန္မာနိုင်ငံရဲ့ လက်ရွိ Telecom Operator ၃ ခုရွိတဲ့အထဲမွာ MPT နဲ့ Ooredoo Myanmar တို့က စေ်းနှုန်းမတိမ်းမယိမ်ျးဖစ်နေပမယ့် MPT က လက်ရွိ 4×4 MIMO 4G LTE+ စနစ်အသစ္က အလြန်ျမန္ဆန္တဲ့အျပင် SMS ပို့တဲ့စေ်းနှုန်းအရလည်း အျခားသော Operator တြေနဲ့ ယွဉ်ရင် ပျိုပီး သက်သာတဲ့အတြက် လက်ရွိမွာတော့ အေကာင်းဆုံး Operator တစ္ချုဖစ်နေသးတယ္လို့ပဲ သတ္မွတ်ရမျွာဖစ္ပါတယ်။ တကယ္လို့ Dual SIM Card အသုံျးပုနေတဲ့သူဆိုရင်တော့ MPT SIM Card ၂ ခုလုံးထည့်ထာျးပီး ဖုန်ျးေပာမယ့် SIM Card ကို “ရွယ်ျေပာ” အစီအစဉ္ကို ရယူထာျးပီး အင္တာနက်သုံးမယ့် SIM Card ကို “ဆြေသဟာ” အစီအစဉ်ရယူထားမယ္ဆိုရင် ဖုန်းအသုံးစရိတ္ကို လော့်ခ်နိုင္ပါလိမ့်မယ်။
စာရေးသူအေနနဲ့ သုံးစြဲသူတြေအားလုံးကို အ္ပောရေတာ သုံးခုလုံးနဲ့ပတ်သတ္တဲ့ သတင်းအခ်က်အလက် တြေကို မ်ွဝေခ်င္တဲ့အတြက် သက္ဆိုင်ရာ အ္ပောရေတာတြေရဲ့ Official Website တြေမွာ ရွိတဲ့သတင်းအခ်က်အလက်အေပ်ါမွာမူတည်ပြီး လေ့လာသုံးသပ်ရေးသားထားတဲ့ အတြက်  အျခားသူတြေရဲ့ အျမင္နဲ့ကြဲလြဲမှုတြေလည်းရွိနိုင္ပါတယ်။
Zawyè (Akhayar) 
www.akhayar.com