[Zawgyi]

ေမာ္ရင္ဟုိ Mourinho ရဲ႕တတိယေျမာက္ရာသီ ၾကမၼာဆုိးက တစ္ပတ္ျပန္လည္လာျပန္ၿပီလား

အခုရက္ပုိင္းအတြင္း ပရိသတ္ေတြ စိတ္၀င္စားေနတဲ့ အေၾကာင္းအရာတစ္ခုရွိေနတယ္။ အဲဒါကေတာ့ မန္ယူ Manchester United နည္းျပ ေမာ္ရင္ဟုိနဲ႔ အသင္းတာ၀န္ရွိသူေတြၾကားက အကြဲအၿပဲပါပဲ။ ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း ေမာ္ရင္ဟုိက မန္ယူတာ၀န္ရွိသူေတြဟာ သူလုိခ်င္တဲ့ကစားသမားေတြကုိ မေခၚေသးဘူး၊ ဒီေႏြရာသီမွာ ကစားသမား(၅)ဦးေခၚဖုိ႔ စာရင္းေပးခဲ့ေပမယ့္ တစ္ေယာက္ပဲ ေခၚရေသးတယ္ ဆုိၿပီး ေ၀ဖန္ခဲ့တယ္။ အဲဒီေနာက္ပုိငး္မွာ ေမာ္ရင္ဟုိနဲ႔ မန္ယူအသင္းရဲ႕ ဒုအမႈေဆာင္ခ်ဳပ္ အက္ဒ္၀ုဒ္၀ပ္ Ed Woodward တို႔အၾကား အဆင္မေျပျဖစ္ေနၿပီလုိ႔ ၿဗိတိန္မီဒီယာေတြက အႀကီးအက်ယ္ေရးေတာ့တာပဲ။ ၿဗိတိန္မီဒီယာေတြက ပုိပုိသာသာေရးတာမ်ိဳးရွိေပမယ့္ အမွန္တကယ္လည္း ေမာ္ရင္ဟုိဟာ ကစားသမားေခၚယူမႈနဲ႔ပတ္သက္ၿပီး အက္ဒ္၀ုဒ္၀ပ္ကုိ သိပ္ေက်နပ္ပုံမရဘူး။

Mourinho-is-not-pleased-with-Ed-Woodward

Mourinho-is-not-pleased-with-Ed-Woodward

အခု ၿဗိတိန္နာမည္ႀကီး အားကစားသတငး္စာတစ္ေစာင္ျဖစ္တဲ့ Daily Mail က ေမာ္ရင္ဟုိဟာ အသင္းတစ္သငး္မွာ တတိယရာသီဆုိရင္ ျပႆနာတစ္ခု မဟုတ္တစ္ခုတက္ၿပီး အသင္းနဲ႔လမ္းခဲြခ့ဲရတယ္ဆုိၿပီး ေဖာ္ျပခဲ့တာေၾကာင့္ မန္ယူပရိသတ္ေတြအၾကား သုိ႔ေလာ၊ သုိ႔ေလာ ေမးခြန္းေတြ ထြက္ေနၿပီ။ ေနာက္ၿပီး လာမယ့္ ၂၀၁၈-၁၉ ရာသီမွာ ရာထူးကေန အေစာဆုံးထုတ္ပယ္ခံရဖုိ႔ ေရပန္းစားေနတာက မန္ယူနည္းျပ ေမာ္ရင္ဟုိျဖစ္ပါတယ္ဆုိတဲ့ သတင္းေတြလည္း ထြက္ေပၚေနတယ္။

Mourinho-Facing-Sack

Mourinho-Facing-Sack

ေမာ္ရင္ဟုိရဲ႕ Background ကုိ ျပန္ၾကည့္ရင္လည္း တတိယေျမာက္ရာသီက သိပ္ေတာ့ မလွပဘူး။ ခ်ယ္လ္ဆီးအသင္းကုိ ပထမဆုံးအႀကိမ္ကုိင္တြယ္ခဲ့တုန္းကလည္း ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၀၆ ရာသီေတြမွာ ေအာင္ျမင္မႈအလီလီရခဲ့ေပမယ့္ ၂၀၀၆-၀၇ ရာသီမွာ ျပႆနာ စေတာ့တာပဲ။

mourinho-and-shevchenko

mourinho-and-shevchenko

အသင္းပုိင္ရွင္ ေအဘရာမုိဗစ္ခ်္ Abramovich ႀကိဳက္တဲ့ ယူကရိန္းနာမည္ေက်ာ္ တိုက္စစ္မွဴး ရွက္ဗ္ခ်င္ကို Shevchenko ကုိ ေမာ္ရင္ဟုိက မႀကိဳက္ဘူး၊ သူ႔ကုိ ေခါက္ထားခ်င္ေပမယ့္ ေအဘရာမုိဗစ္ခ်္က ကန္႔ကြက္တယ္။ အဲဒီမွာ ေမာ္ရင္ဟုိနဲ႔ ေအဘရာမုိဗစ္ခ်္တို႔အၾကား မေျပလည္မႈေတြ စတင္လာေတာ့တယ္။ ရလဒ္ကေတာ့ ၂၀၀၇၊ စက္တင္ဘာလမွာ ေမာ္ရင္ဟုိ ရာထူးက ထြက္ခဲ့ရတာပါပဲ။ ရီးယဲလ္အသင္းမွာလည္း ေမာ္ရင္ဟုိရဲ႕ ၾကမၼာဆုိးက မရပ္တန္႔ခဲ့ဘူး။

Cristiano-Ronaldo-and-Mourinho

Cristiano-Ronaldo-and-Mourinho

ေမာ္ရင္ဟုိဟာ ၂၀၁၀ ေႏြရာသီမွာ ရီးယဲလ္နည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရၿပီး လာလီဂါၿပိဳင္ပဲြမွာ ဘာစီလုိနာအသင္း လႊမ္းမုိးေနမႈကုိ ရပ္တန္႔ပစ္ခဲ့တယ္။ ဒီတစ္ခါေတာ့ ေမာ္ရင္ဟုိျဖစ္ခဲ့တာက ရီးယဲလ္အသင္းရဲ႕ Untouchable လုိ႔ တင္စားရမယ့္ ကာဆီးလက္စ္ Casillas ၊ ရာမုိ႔စ္ Ramos တို႔နဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့တာက စခဲ့တာပါ။ အဲဒီေနာက္ပုိင္း စီေရာ္နယ္လ္ဒုိ Cristiano Ronaldo နဲ႔ပါ မေျပလည္ေတာ့တာေၾကာင့္ တတိယေျမာက္ရာသီျဖစ္တ့ဲ ၂၀၁၂-၁၃ ရာသီအၿပီးမွာပဲ ရီးယဲလ္နဲ႔ လမ္းခဲြခဲ့ရျပန္ပါတယ္။

Mourinho-clash-with-Carneiro

Mourinho-clash-with-Carneiro

ရီးယဲလ္နဲ႔လမ္းခဲြၿပီး သိပ္မၾကာခင္ အသင္းေဟာင္း ခ်ယ္လ္ဆီးဆီ တစ္ေက်ာ႔ျပန္လာခဲ့တယ္။ ထုံးစံအတိုင္း ပထမရာသီနဲ႔ ဒုတိယရာသီမွာ ေအာင္ျမင္မႈေတြရတယ္၊ တတိယရာသီမွာ ျပႆနာေတြ စေတာ့တာပါပဲ။ ၂၀၁၅-၁၆ ရာသီအစ ဆြမ္ဆီးနဲ႔ပဲြမွာ ေမာ္ရင္ဟုိန႔ဲ အသင္းဆရာ၀န္မ ကာႏုိင္း႐ုိး Carneiro နဲ႔ အခ်င္းမ်ားခဲ့ၿပီး ေမာ္ရင္ဟုိက ကာႏုိင္း႐ုိးကုိ ဆဲဆုိခဲ့တယ္လုိ႔ စြပ္စဲြခံခဲ့ရသလုိ အဲဒီျဖစ္ရပ္မွာ ကစားသမားေတြကုိယ္တိုင္က ကာႏုိင္း႐ုိးဘက္က ရပ္တည္ခဲ့ၾကတယ္။ အဲဒီရာသီမွာလည္း ခ်ယ္လ္ဆီးအသင္းရဲ႕ ရလဒ္ေတြက ေတာက္ေလွ်ာက္ ဆုိးရြားခဲ့တာေၾကာင့္ ၂၀၁၅၊ ဒီဇင္ဘာလအတြင္းမွာ ရာထူးက ထုတ္ပယ္ခံခဲ့ရျပန္တယ္။

Mourinho-Press-Confrence

Mourinho-Press-Confrence

အခု မန္ယူနည္းျပဘ၀ တတိယေျမာက္ရာသီမွာ ေမာ္ရင္ဟုိအတြက္ ၾကမၼာဆုိးက တစ္ပတ္ျပန္လည္လာၿပီလားလုိ႔ ေမးခြန္းထုတ္စရာျဖစ္လာၿပီ။ ရာသီအစေျခစမ္းပဲြေတြမွာ ရလဒ္ဆုိးရြားေနလုိ႔ ေ၀ဖန္ခံေနရတဲ့အခ်ိန္မွာ ေမာ္ရင္ဟုိရဲ႕ ပါးစပ္မဆင္ျခင္မႈကလည္း မန္ယူတာ၀န္ရွိသူေတြနဲ႔ ပရိသတ္ေတြအတြက္ မခံခ်ိမခံသာျဖစ္စရာပဲ။ ဥပမာ လီဗာပူးလ္ကုိ (၄-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ပဲြအၿပီးမွာဆုိရင္ ေမာ္ရင္ဟုိက သူသာဆုိရင္ ဒီပဲြကုိ လာၾကည့္မွာ မဟုတ္ဘူး။ ဒီလုိပဲြမ်ိဳးကုိ ၾကည့္ဖုိ႔အတြက္ ေငြကုန္ခံမွာ မဟုတ္ဘူး ဆုိတဲ့အေျပာမ်ိဳး၊ သူလုိခ်င္တဲ့ကစားသမားေတြ မေခၚေသးဘူးဆုိတဲ့အေျပာမ်ိဳးေတြက မျဖစ္သင့္ဘူးလုိ႔ပဲ ဆုိရမယ္။

Mourinho-And-Zidane

Mourinho-And-Zidane

အခုဆုိရင္ ေမာ္ရင္ဟုိဟာ နည္းျပရာထူးက ထုတ္ပယ္ခံရေတာ့မယ္ဆုိတဲ့ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေနၿပီး မန္ယူတာ၀န္ရွိသူေတြက ဇီဒန္း Zidane ကုိ နည္းျပသစ္ ခန္႔အပ္ဖုိ႔ စီစဥ္ေနတယ္လုိ႔လည္း မီဒီယာေတြက ေဖာ္ျပေနၾကၿပီ။ ၿဗိတိန္မီဒီယာေတြက ဇီဒန္း- ေမာ္ရင္ဟုိတို႔ရဲ႕ အေျခအေနကုိ ဗန္ဟားလ္-ေမာ္ရင္ဟုိတုန္းက အေျခအေနနဲ႔ ခုိင္းႏႈိင္းသုံးသပ္ခဲ့ၾကတယ္။ မန္ယူအသင္းက ဗန္ဟားလ္ကုိ လမ္းခဲြမယ့္အခ်ိန္မွာ ေမာ္ရင္ဟုိကလည္း ခ်ယ္လ္ဆီးနဲ႔ လမ္းခဲြၿပီးခါစအေနအထား၊ အခု ေမာ္ရင္ဟုိကုိ လမ္းခဲြမလုိျဖစ္ေနခ်ိန္မွာ ဇီဒန္းကလည္း ရီးယဲလ္နည္းျပရာထူးကေန ႏုတ္ထြက္ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့အေနအထား။

Is-Jose-Mourinhos-third-season-curse-about-to-strike-again

Is-Jose-Mourinhos-third-season-curse-about-to-strike-again

ေမာ္ရင္ဟုိဆုိတာကလည္း အသင္းတစ္သင္းနဲ႔ ျပႆနာတစ္ခုမဟုတ္ တစ္ခုျဖစ္ခဲ့ၿပီးမွ လမ္းခဲြခဲ့တဲ့ မွတ္တမး္ဆုိးေတြ ရွိေနတာေၾကာင့္လည္း ဒီရာသီဟာ ေမာ္ရင္ဟုိရဲ႕ တတိယေျမာက္ရာသီ ၾကမၼာဆုိး တစ္ပတ္ျပန္လည္တဲ့ ရာသီျဖစ္လာမလားဆုိတာကေတာ့ . . . .

နည္းျပဘ၀တစ္ေလွ်ာက္ ေမာ္ရင္ဟုိ ရရွိခဲ့တဲ့ ဆုဖလားမ်ား

Porto
Primeira Liga: 2002–03, 2003–04
Taça de Portugal: 2002–03
Supertaça Cândido de Oliveira: 2003
UEFA Champions League: 2003–04
UEFA Cup: 2002–03

Chelsea
Premier League: 2004–05, 2005–06, 2014–15
FA Cup: 2006–07
Football League Cup: 2004–05, 2006–07, 2014–15
FA Community Shield: 2005

Internazionale
Serie A: 2008–09, 2009–10
Coppa Italia: 2009–10
Supercoppa Italiana: 2008
UEFA Champions League: 2009–10

Real Madrid
La Liga: 2011–12
Copa del Rey: 2010–11
Supercopa de España: 2012

Manchester United
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

REF:Daily Mail
Photo:Football Paradise,Firenews,WSBuzz.com,The Sun,Getty Images,Tribuna,Ghanasoccernet.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho ရဲ့တတိယမြောက်ရာသီ ကြမ္မာဆိုးက တစ်ပတ်ပြန်လည်လာပြန်ပြီလား

အခုရက်ပိုင်းအတွင်း ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုရှိနေတယ်။ အဲဒါကတော့ မန်ယူ Manchester United နည်းပြ မော်ရင်ဟိုနဲ့ အသင်းတာဝန်ရှိသူတွေကြားက အကွဲအပြဲပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်ရင်ဟိုက မန်ယူတာဝန်ရှိသူတွေဟာ သူလိုချင်တဲ့ကစားသမားတွေကို မခေါ်သေးဘူး၊ ဒီနွေရာသီမှာ ကစားသမား(၅)ဦးခေါ်ဖို့ စာရင်းပေးခဲ့ပေမယ့် တစ်ယောက်ပဲ ခေါ်ရသေးတယ် ဆိုပြီး ဝေဖန်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မော်ရင်ဟိုနဲ့ မန်ယူအသင်းရဲ့ ဒုအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward တို့အကြား အဆင်မပြေဖြစ်နေပြီလို့ ဗြိတိန်မီဒီယာတွေက အကြီးအကျယ်ရေးတော့တာပဲ။ ဗြိတိန်မီဒီယာတွေက ပိုပိုသာသာရေးတာမျိုးရှိပေမယ့် အမှန်တကယ်လည်း မော်ရင်ဟိုဟာ ကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး အက်ဒ်ဝုဒ်ဝပ်ကို သိပ်ကျေနပ်ပုံမရဘူး။

Mourinho-is-not-pleased-with-Ed-Woodward

Mourinho-is-not-pleased-with-Ed-Woodward

အခု ဗြိတိန်နာမည်ကြီး အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mail က မော်ရင်ဟိုဟာ အသင်းတစ်သင်းမှာ တတိယရာသီဆိုရင် ပြဿနာတစ်ခု မဟုတ်တစ်ခုတက်ပြီး အသင်းနဲ့လမ်းခွဲခဲ့ရတယ်ဆိုပြီး ဖော်ပြခဲ့တာကြောင့် မန်ယူပရိသတ်တွေအကြား သို့လော၊ သို့လော မေးခွန်းတွေ ထွက်နေပြီ။ နောက်ပြီး လာမယ့် ၂၀၁၈-၁၉ ရာသီမှာ ရာထူးကနေ အစောဆုံးထုတ်ပယ်ခံရဖို့ ရေပန်းစားနေတာက မန်ယူနည်းပြ မော်ရင်ဟိုဖြစ်ပါတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်။

Mourinho-Facing-Sack

Mourinho-Facing-Sack

မော်ရင်ဟိုရဲ့ Background ကို ပြန်ကြည့်ရင်လည်း တတိယမြောက်ရာသီက သိပ်တော့ မလှပဘူး။ ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ်ကိုင်တွယ်ခဲ့တုန်းကလည်း ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၀၆ ရာသီတွေမှာ အောင်မြင်မှုအလီလီရခဲ့ပေမယ့် ၂၀၀၆-၀၇ ရာသီမှာ ပြဿနာ စတော့တာပဲ။

mourinho-and-shevchenko

mourinho-and-shevchenko

အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် Abramovich ကြိုက်တဲ့ ယူကရိန်းနာမည်ကျော် တိုက်စစ်မှူး ရှက်ဗ်ချင်ကို Shevchenko ကို မော်ရင်ဟိုက မကြိုက်ဘူး၊ သူ့ကို ခေါက်ထားချင်ပေမယ့် အေဘရာမိုဗစ်ချ်က ကန့်ကွက်တယ်။ အဲဒီမှာ မော်ရင်ဟိုနဲ့ အေဘရာမိုဗစ်ချ်တို့အကြား မပြေလည်မှုတွေ စတင်လာတော့တယ်။ ရလဒ်ကတော့ ၂၀၀၇၊ စက်တင်ဘာလမှာ မော်ရင်ဟို ရာထူးက ထွက်ခဲ့ရတာပါပဲ။ ရီးယဲလ်အသင်းမှာလည်း မော်ရင်ဟိုရဲ့ ကြမ္မာဆိုးက မရပ်တန့်ခဲ့ဘူး။

Cristiano-Ronaldo-and-Mourinho

Cristiano-Ronaldo-and-Mourinho

မော်ရင်ဟိုဟာ ၂၀၁၀ နွေရာသီမှာ ရီးယဲလ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်း လွှမ်းမိုးနေမှုကို ရပ်တန့်ပစ်ခဲ့တယ်။ ဒီတစ်ခါတော့ မော်ရင်ဟိုဖြစ်ခဲ့တာက ရီးယဲလ်အသင်းရဲ့ Untouchable လို့ တင်စားရမယ့် ကာဆီးလက်စ် Casillas ၊ ရာမို့စ် Ramos တို့နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာက စခဲ့တာပါ။ အဲဒီနောက်ပိုင်း စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ပါ မပြေလည်တော့တာကြောင့် တတိယမြောက်ရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီအပြီးမှာပဲ ရီးယဲလ်နဲ့ လမ်းခွဲခဲ့ရပြန်ပါတယ်။

Mourinho-clash-with-Carneiro

Mourinho-clash-with-Carneiro

ရီးယဲလ်နဲ့လမ်းခွဲပြီး သိပ်မကြာခင် အသင်းဟောင်း ချယ်လ်ဆီးဆီ တစ်ကျော့ပြန်လာခဲ့တယ်။ ထုံးစံအတိုင်း ပထမရာသီနဲ့ ဒုတိယရာသီမှာ အောင်မြင်မှုတွေရတယ်၊ တတိယရာသီမှာ ပြဿနာတွေ စတော့တာပါပဲ။ ၂၀၁၅-၁၆ ရာသီအစ ဆွမ်ဆီးနဲ့ပွဲမှာ မော်ရင်ဟိုနဲ့ အသင်းဆရာဝန်မ ကာနိုင်းရိုး Carneiro နဲ့ အချင်းများခဲ့ပြီး မော်ရင်ဟိုက ကာနိုင်းရိုးကို ဆဲဆိုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရသလို အဲဒီဖြစ်ရပ်မှာ ကစားသမားတွေကိုယ်တိုင်က ကာနိုင်းရိုးဘက်က ရပ်တည်ခဲ့ကြတယ်။ အဲဒီရာသီမှာလည်း ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေက တောက်လျှောက် ဆိုးရွားခဲ့တာကြောင့် ၂၀၁၅၊ ဒီဇင်ဘာလအတွင်းမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြန်တယ်။

Mourinho-Press-Confrence

Mourinho-Press-Confrence

အခု မန်ယူနည်းပြဘ၀ တတိယမြောက်ရာသီမှာ မော်ရင်ဟိုအတွက် ကြမ္မာဆိုးက တစ်ပတ်ပြန်လည်လာပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပြီ။ ရာသီအစခြေစမ်းပွဲတွေမှာ ရလဒ်ဆိုးရွားနေလို့ ဝေဖန်ခံနေရတဲ့အချိန်မှာ မော်ရင်ဟိုရဲ့ ပါးစပ်မဆင်ခြင်မှုကလည်း မန်ယူတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် မခံချိမခံသာဖြစ်စရာပဲ။ ဥပမာ လီဗာပူးလ်ကို (၄-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာဆိုရင် မော်ရင်ဟိုက သူသာဆိုရင် ဒီပွဲကို လာကြည့်မှာ မဟုတ်ဘူး။ ဒီလိုပွဲမျိုးကို ကြည့်ဖို့အတွက် ငွေကုန်ခံမှာ မဟုတ်ဘူး ဆိုတဲ့အပြောမျိုး၊ သူလိုချင်တဲ့ကစားသမားတွေ မခေါ်သေးဘူးဆိုတဲ့အပြောမျိုးတွေက မဖြစ်သင့်ဘူးလို့ပဲ ဆိုရမယ်။

Mourinho-And-Zidane

Mourinho-And-Zidane

အခုဆိုရင် မော်ရင်ဟိုဟာ နည်းပြရာထူးက ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပြီး မန်ယူတာဝန်ရှိသူတွေက ဇီဒန်း Zidane ကို နည်းပြသစ် ခန့်အပ်ဖို့ စီစဉ်နေတယ်လို့လည်း မီဒီယာတွေက ဖော်ပြနေကြပြီ။ ဗြိတိန်မီဒီယာတွေက ဇီဒန်း- မော်ရင်ဟိုတို့ရဲ့ အခြေအနေကို ဗန်ဟားလ်-မော်ရင်ဟိုတုန်းက အခြေအနေနဲ့ ခိုင်းနှိုင်းသုံးသပ်ခဲ့ကြတယ်။ မန်ယူအသင်းက ဗန်ဟားလ်ကို လမ်းခွဲမယ့်အချိန်မှာ မော်ရင်ဟိုကလည်း ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးခါစအနေအထား၊ အခု မော်ရင်ဟိုကို လမ်းခွဲမလိုဖြစ်နေချိန်မှာ ဇီဒန်းကလည်း ရီးယဲလ်နည်းပြရာထူးကနေ နုတ်ထွက်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့အနေအထား။

Is-Jose-Mourinhos-third-season-curse-about-to-strike-again

Is-Jose-Mourinhos-third-season-curse-about-to-strike-again

မော်ရင်ဟိုဆိုတာကလည်း အသင်းတစ်သင်းနဲ့ ပြဿနာတစ်ခုမဟုတ် တစ်ခုဖြစ်ခဲ့ပြီးမှ လမ်းခွဲခဲ့တဲ့ မှတ်တမ်းဆိုးတွေ ရှိနေတာကြောင့်လည်း ဒီရာသီဟာ မော်ရင်ဟိုရဲ့ တတိယမြောက်ရာသီ ကြမ္မာဆိုး တစ်ပတ်ပြန်လည်တဲ့ ရာသီဖြစ်လာမလားဆိုတာကတော့ . . . .

နည်းပြဘဝတစ်လျှောက် မော်ရင်ဟို ရရှိခဲ့တဲ့ ဆုဖလားများ

Porto
Primeira Liga: 2002–03, 2003–04
Taça de Portugal: 2002–03
Supertaça Cândido de Oliveira: 2003
UEFA Champions League: 2003–04
UEFA Cup: 2002–03

Chelsea
Premier League: 2004–05, 2005–06, 2014–15
FA Cup: 2006–07
Football League Cup: 2004–05, 2006–07, 2014–15
FA Community Shield: 2005

Internazionale
Serie A: 2008–09, 2009–10
Coppa Italia: 2009–10
Supercoppa Italiana: 2008
UEFA Champions League: 2009–10

Real Madrid
La Liga: 2011–12
Copa del Rey: 2010–11
Supercopa de España: 2012

Manchester United
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

REF:Daily Mail
Photo:Football Paradise,Firenews,WSBuzz.com,The Sun,Getty Images,Tribuna,Ghanasoccernet.com
Naing Linn(Akhayar)
www.akhayar.com