ေငြက်ပ္ ၂ သိန္းဝန္းက်င္ဟာ စမတ္ဖုန္းအသစ္တစ္ခုကိုဝယ္ဖုိ႔စဥ္းစားေနတဲ့သူေတြအတြက္ ထိပ္ဆံုးကစဥ္းစားျဖစ္မယ့္ ေစ်းတစ္ခုျဖစ္မွာပါ။ ဒီေစ်းဝန္းက်င္မွာ စမတ္ဖုန္းဝယ္မယ္ဆုိရင္ ေရြးခ််ယ္ႏုိင္တဲ့ဖုန္းေတြအမ်ားအျပားရွိေနတဲ့ထဲကမွ Honor က ထုတ္လုပ္ထားတဲ့ Honor 9 Lite ဖုန္းအေၾကာင္းကို အဓိကေျပာသြားမွာပဲျဖစ္ပါတယ္။

အခု Honor 9 Lite စမတ္္ဖုန္းက ျမန္မာႏုိင္ငံေစ်းကြက္ထဲမွာ ေငြက်ပ္ ၂၁၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတဲ့စမတ္ဖုန္းတစ္ခုျဖစ္ျပီးေတာ့ ေပးရတဲ့ေစ်းနဲ႔ယွဥ္မယ္ဆုိရင္ ေပးရတာတန္တယ္လုိ႔ ေျပာလို႔ရတဲ့ စြမ္းေဆာင္ရည္ရွိတဲ့စမတ္ဖုန္းတစ္ခုလည္းျဖစ္ပါတယ္။

ဒါေပမယ့္ Honor 9 Lite ဖုန္းကို ဝယ္ဖုိ႔စဥ္းစားေနတဲ့သူေတြဆုိရင္ ဘာေၾကာင့္ဒီ Honor 9 Lite ဖုန္းက ဝယ္ယူသင့္သလဲဆုိတဲ့အခ်က္ေတြကို ၾကည့္လုိက္ရေအာင္။

Honor 9 Lite

Design

Honor 9 Lite

Honor 9 Lite စမတ္ဖုန္းဟာ ဒီဇုိင္းပိုင္းမွာေတာ့ လက္ထဲကိုင္လုိ႔ေတာ္ေတာ္ေလးကိုေကာင္းတဲ့ Glass Front & Back Cover နဲ႔ Aluminum Frame ကို အသံုးျပဳျပီး တည္ေဆာက္ထားတာျဖစ္ပါတယ္။ Notch ပါဝင္ျခင္းမရွိတဲ့အတြက္ Display က ဖုန္းကိုယ္ထည္ရဲ႕ ၇၅ ရာခုိင္ႏႈန္းကို ေနရာယူထားျပီးေတာ့ ေဘးေဘာင္ေတြကလည္း ေသးငယ္တယ္လုိ႔ေျပာႏုိင္ပါတယ္။

ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာကလည္း Dual Camera နဲ႔ Fingerprint Scanner ကို ထည့္သြင္းေပးထားျပီးေတာ့ ဖုန္းရဲ႕ MicroUSB ၊ Audio Port ၊ Speaker နဲ႔ Mic Port ေတြကို ဖုန္းရဲ႕ ေအာက္ေျခမွာပဲေတြ႕ရမွာျဖစ္ပါတယ္။

Display

Honor 9 Lite

Honor 9 Lite စမတ္ဖုန္းဟာ Full HD+ Resolution ရွိတဲ့ 5.65″ 18:9 Ratio Display ပါဝင္မွာျဖစ္ျပီးေတာ့ ဒီေစ်းဝန္းက်င္မွာ ေတာ္ေတာ္ေလးကိုအဆင္ေျပတဲ့ အရည္အေသြးရွိတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ Notch မပါတဲ့အတြက္ Display မွာ သိသိသာသာ Cutout မရွိတာကလည္း ပိုျပီး အဆင္ေျပတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Camera

Honor 9 Lite

Camera ပိုင္းကေတာ့ Honor 9 Lite ရဲ႕ အဓိကအားသာခ်က္လုိ႔ေျပာႏုိင္ျပီးေတာ့ ဖုန္းရဲ႕ အေရွ႕ဘက္မွာေရာ အေနာက္ဘက္မွာေရာ 13MP + 2MP Dual Camera ေတြကို တပ္ဆင္ထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ စုစုေပါင္း ကင္မရာ ၄ လံုးပါဝင္မွာျဖစ္သလုိ ကင္မရာပိုင္းမွာလည္း အရည္အေသြးေတာ္ေတာ္ေလးကို ေကာင္းတာကိုေတြ႕ရပါတယ္။

Portrait Shot ေတြကို စိတ္ၾကိဳက္ရုိက္ကူးလုိ႔ရသလုိ Pro Mode လည္းပါဝင္တဲ့အတြက္ ISO ၊ Shutter Speed စတဲ့ Setting ေတြကို Manual ခ်ိန္ျပီး ရုိက္ကူးခ်င္တဲ့သူေတြအတြက္ေတာ္ေတာ္ေလးကို အဆင္ေျပပါတယ္။

Performance

စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ Honor 9 Lite စမတ္ဖုန္းက Kirin 659 Processor ကိုပဲ အသံုးျပဳထားျပီးေတာ့ လက္ရွိ Snapdragon Processor ေတြနဲ႔ ယွဥ္မယ္ဆိရင္ အားနည္းတယ္လုိ႔ ေျပာႏုိင္ေပမယ့္ ပံုမွန္အသံုးျပဳမယ့္သူေတြအတြက္ကေတာ့ အဆင္ေျပပါေသးတယ္။ RAM အေနနဲ႔ 3GB ၊ Storage 32GB ပါဝင္မွာျဖစ္ျပီးေတာ့ MicroSD Card ကေန ထပ္ျပီး တုိးခ်ဲ႕လုိ႔ရဦးမွာပါ။

တျခားအခ်က္ေတြအေနနဲ႔ကေတာ့ 3000mAh Battery ပဲပါဝင္တဲ့အတြက္ နည္းပါးတယ္လုိ႔ ဆုိႏုိင္ျပီးေတာ့ MicroUSB ကိုပဲ အသံုးျပဳထားတာေတြက အားနည္းခ်က္လုိ႔ ေျပာႏုိင္ပါတယ္။

Honor 9 Lite

ဒါေပမယ့္ လက္ရွိ ၂ သိန္းေက်ာ္တန္ တျခားဖုန္းေတြထက္ Honor 9 Lite ဟာ Design ပိုင္းပိုမိုလွပျပီးေတာ့ ကင္မရာပိုင္းအရလည္း ေပးရတဲ့ေစ်းထက္ပိုေကာင္းတဲ့အတြက္ တကယ္လုိ႔ကိုယ္က Screen Size ေသးေသးနဲ႔ လက္တဖက္ထဲကိုင္လုိ႔အဆင္ေျပတဲ့ဖုန္းတစ္ခုကို ရွာေနတယ္ဆုိရင္ Honor 9 Lite က ထည့္သြင္းစဥ္းစားသင့္တဲ့ဖုန္းတစ္ခုလို႔ သတ္မွတ္ရမွာပါ။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

ငွေကျပ် ၂ သိန်းဝန်းကျင်ဟာ စမတ်ဖုန်းအသစ်တစ်ခုကိုဝယ်ဖို့စဉ်းစားနေတဲ့သူတွေအတွက် ထိပ်ဆုံးကစဉ်းစားဖြစ်မယ့် စျေးတစ်ခုဖြစ်မှာပါ။ ဒီစျေးဝန်းကျင်မှာ စမတ်ဖုန်းဝယ်မယ်ဆိုရင် ရွေးချျယ်နိုင်တဲ့ဖုန်းတွေအများအပြားရှိနေတဲ့ထဲကမှ Honor က ထုတ်လုပ်ထားတဲ့ Honor 9 Lite ဖုန်းအကြောင်းကို အဓိကပြောသွားမှာပဲဖြစ်ပါတယ်။

အခု Honor 9 Lite စမတ််ဖုန်းက မြန်မာနိုင်ငံစျေးကွက်ထဲမှာ ငွေကျပ် ၂၁၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတဲ့စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ ပေးရတဲ့စျေးနဲ့ယှဉ်မယ်ဆိုရင် ပေးရတာတန်တယ်လို့ ပြောလို့ရတဲ့ စွမ်းဆောင်ရည်ရှိတဲ့စမတ်ဖုန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် Honor 9 Lite ဖုန်းကို ဝယ်ဖို့စဉ်းစားနေတဲ့သူတွေဆိုရင် ဘာကြောင့်ဒီ Honor 9 Lite ဖုန်းက ဝယ်ယူသင့်သလဲဆိုတဲ့အချက်တွေကို ကြည့်လိုက်ရအောင်။

Honor 9 Lite

Design

Honor 9 Lite

Honor 9 Lite စမတ်ဖုန်းဟာ ဒီဇိုင်းပိုင်းမှာတော့ လက်ထဲကိုင်လို့တော်တော်လေးကိုကောင်းတဲ့ Glass Front & Back Cover နဲ့ Aluminum Frame ကို အသုံးပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ Notch ပါဝင်ခြင်းမရှိတဲ့အတွက် Display က ဖုန်းကိုယ်ထည်ရဲ့ ၇၅ ရာခိုင်နှုန်းကို နေရာယူထားပြီးတော့ ဘေးဘောင်တွေကလည်း သေးငယ်တယ်လို့ပြောနိုင်ပါတယ်။

ဖုန်းရဲ့နောက်ကျောဘက်မှာကလည်း Dual Camera နဲ့ Fingerprint Scanner ကို ထည့်သွင်းပေးထားပြီးတော့ ဖုန်းရဲ့ MicroUSB ၊ Audio Port ၊ Speaker နဲ့ Mic Port တွေကို ဖုန်းရဲ့ အောက်ခြေမှာပဲတွေ့ရမှာဖြစ်ပါတယ်။

Display

Honor 9 Lite

Honor 9 Lite စမတ်ဖုန်းဟာ Full HD+ Resolution ရှိတဲ့ 5.65″ 18:9 Ratio Display ပါဝင်မှာဖြစ်ပြီးတော့ ဒီစျေးဝန်းကျင်မှာ တော်တော်လေးကိုအဆင်ပြေတဲ့ အရည်အသွေးရှိတယ်လို့ ပြောလို့ရပါတယ်။ Notch မပါတဲ့အတွက် Display မှာ သိသိသာသာ Cutout မရှိတာကလည်း ပိုပြီး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

Camera

Honor 9 Lite

Camera ပိုင်းကတော့ Honor 9 Lite ရဲ့ အဓိကအားသာချက်လို့ပြောနိုင်ပြီးတော့ ဖုန်းရဲ့ အရှေ့ဘက်မှာရော အနောက်ဘက်မှာရော 13MP + 2MP Dual Camera တွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စုစုပေါင်း ကင်မရာ ၄ လုံးပါဝင်မှာဖြစ်သလို ကင်မရာပိုင်းမှာလည်း အရည်အသွေးတော်တော်လေးကို ကောင်းတာကိုတွေ့ရပါတယ်။

Portrait Shot တွေကို စိတ်ကြိုက်ရိုက်ကူးလို့ရသလို Pro Mode လည်းပါဝင်တဲ့အတွက် ISO ၊ Shutter Speed စတဲ့ Setting တွေကို Manual ချိန်ပြီး ရိုက်ကူးချင်တဲ့သူတွေအတွက်တော်တော်လေးကို အဆင်ပြေပါတယ်။

Performance

စွမ်းဆောင်ရည်ပိုင်းမှာတော့ Honor 9 Lite စမတ်ဖုန်းက Kirin 659 Processor ကိုပဲ အသုံးပြုထားပြီးတော့ လက်ရှိ Snapdragon Processor တွေနဲ့ ယှဉ်မယ်ဆိရင် အားနည်းတယ်လို့ ပြောနိုင်ပေမယ့် ပုံမှန်အသုံးပြုမယ့်သူတွေအတွက်ကတော့ အဆင်ပြေပါသေးတယ်။ RAM အနေနဲ့ 3GB ၊ Storage 32GB ပါဝင်မှာဖြစ်ပြီးတော့ MicroSD Card ကနေ ထပ်ပြီး တိုးချဲ့လို့ရဦးမှာပါ။

တခြားအချက်တွေအနေနဲ့ကတော့ 3000mAh Battery ပဲပါဝင်တဲ့အတွက် နည်းပါးတယ်လို့ ဆိုနိုင်ပြီးတော့ MicroUSB ကိုပဲ အသုံးပြုထားတာတွေက အားနည်းချက်လို့ ပြောနိုင်ပါတယ်။

Honor 9 Lite

ဒါပေမယ့် လက်ရှိ ၂ သိန်းကျော်တန် တခြားဖုန်းတွေထက် Honor 9 Lite ဟာ Design ပိုင်းပိုမိုလှပပြီးတော့ ကင်မရာပိုင်းအရလည်း ပေးရတဲ့စျေးထက်ပိုကောင်းတဲ့အတွက် တကယ်လို့ကိုယ်က Screen Size သေးသေးနဲ့ လက်တဖက်ထဲကိုင်လို့အဆင်ပြေတဲ့ဖုန်းတစ်ခုကို ရှာနေတယ်ဆိုရင် Honor 9 Lite က ထည့်သွင်းစဉ်းစားသင့်တဲ့ဖုန်းတစ်ခုလို့ သတ်မှတ်ရမှာပါ။

Zawyè (Akhayar) 

www.akhayar.com