Google လုိမ်ိဳး လက္ရွိမွာ အၾကီးမားဆံုး Software ကုမၸဏီၾကီးက သူ႕ရဲ႕ စမတ္ဖုန္းေတြကို ၆ လေလာက္အလုိထဲက သတင္းေပါက္ၾကားေစခဲ့တာက မေတာ္တဆမဟုတ္ဘဲ တမင္လုပ္တာျဖစ္ႏုိင္မလား?

ဒါကအခုအခ်ိန္အထိ မ်ားစြာေသာ Hands-on Test ေတြ၊ Unboxing Video ေတြနဲ႔ Review Video ေတြအထိ Google က Launch Event မလုပ္ခင္ အခ်ိန္ေတာ္ေတ္ာကိုေစာျပီးတက္လာတာေတြကေန စပါတယ္။ ေနာက္ျပီး ထူးဆန္းတာတစ္ခုက အခုထြက္လာတဲ့ Leak သတင္းေတြအကုန္လံုးနီးပါးက Google Pixel 3 ထက္ Google Pixel 3 XL ျဖစ္ေနတာပါ။

ယခု Leak ျဖစ္ေနတဲ့သတင္းေတြအရ Google Pixel 3 XL ဟာ ေတာ္ေတာ္ေလးကို အရုပ္ဆုိးတဲ့ Notch ပါဝင္လာမွာျဖစ္ျပီးေတာ့ လက္ရွိ Reviewer ေတြအေတာ္မ်ားမ်ားကလည္း Google Pixel 3 XL ရဲ႕ Notch ကိုပဲ အဓိကတုိက္ခုိက္ျပီးေျပာေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ Google က ဒါကိုလည္း တမင္လုပ္ေနတဲ့ပံုပါပဲ။

ဒါကိုေသခ်ာေစခဲ့တာကေတာ့ မေန႔ညက Google က သူ႔ရဲ႕ Made By Google Social Media Account ေတြမွာ Video တစ္ခုကို တင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Google က “So you think you know… Tune in tomorrow to see for yourself.” ဆုိျပီး လက္ရွိ Tech Reviewer ေတြရဲ႕ Google Pixel 3 ဖုန္းအေၾကာင္း အကုန္သိေနျပီလုိ႔ ေျပာၾကားထားတဲ့ Clip ေတြကိုတစ္ခုထဲအေနနဲ႔ စုစည္းျပီးေတာ့ ေဖာ္ျပသြားတာျဖစ္ပါတယ္။

အခု Video အရ Google က တမင္ကို Google Pixel 3 XL ဖုန္းကို Leak ျပဳလုပ္ထားသလားဆုိတာက ပိုျပီး စိတ္ဝင္စားစရာျဖစ္လာပါတယ္။ ဘာပဲျဖစ္ျဖစ္ Google က Tech Industry တစ္ခုလံုးကို ေလွာင္ေျပာင္ဖုိ႔မ်ား တိတ္တဆိတ္ၾကံစည္ေနတာေတာင္ ျဖစ္ေနႏုိင္ပါတယ္။

Google Pixel 3 XL ဖုန္းဟာ အခုအခ်ိန္မွာ Engadget ၊ Android Authority နဲ႔ တျခားေသာ Reviewer ေတြကေတာင္ Review ေတြျပဳလုပ္ေနျပီျဖစ္တဲ့ဖုန္းတစ္ခုပါ။ အဲ့ဒီအတြက္ အခု Pixel 3 XL က ေသခ်ာေနျပီေတာင္ေျပာလုိ႔ရႏုိင္ေပမယ့္ ရုရွား Review Video တစ္ခုမွာေတာ့ အဆုိပါ Google Pixel 3 XL ကို Wi-Fi ခ်ိတ္ဆက္လုိက္တဲ့အခ်ိန္မွာ အဆုိပါ Unit ကို Block လုပ္ခံလုိက္ရျပီး Recovery Mode ကိုပါ ဖယ္ရွားခံလုိက္ရတယ္လုိ႔ သိရပါတယ္။ ဒါက Google က တမင္ပဲ Google Pixel 3 XL Unit ေတြကို Leak လုပ္လုိ႔ရေအာင္ ထုတ္ေပးထားျပီးေတာ့ Event မတုိင္ခင္မွာ ပိတ္သိမ္းတာမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။

အဲ့ဒါေၾကာင့္ ဒီေန႔ည ၉ နာရီမွာ ျပဳလုပ္ေတာ့မယ့္ Google Event မွာ Pixel 3 ဖုန္းေတြကို Leak ျဖစ္လာတဲ့အတိုင္းပဲေတြ႕ရမလား… တစ္ၾကိမ္မွ ေတြ႕ဖူးေသးမရွိေသးတဲ့ Google Pixel ဖုန္းေတြမ်ားေတြ႕လာရမလားဆိုတာကေတာ့ တကယ္ကို စိတ္လႈပ္ရွားစရာပါ။

Akhayar ပရိသတ္ေတြအေနနဲ႔ေရာ ဘာကိုေမွ်ာ္လင့္ေနပါသလဲ?

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google လိုမျိုး လက်ရှိမှာ အကြီးမားဆုံး Software ကုမ္ပဏီကြီးက သူ့ရဲ့ စမတ်ဖုန်းတွေကို ၆ လလောက်အလိုထဲက သတင်းပေါက်ကြားစေခဲ့တာက မတော်တဆမဟုတ်ဘဲ တမင်လုပ်တာဖြစ်နိုင်မလား?

ဒါကအခုအချိန်အထိ များစွာသော Hands-on Test တွေ၊ Unboxing Video တွေနဲ့ Review Video တွေအထိ Google က Launch Event မလုပ်ခင် အချိန်တော်တေ်ာကိုစောပြီးတက်လာတာတွေကနေ စပါတယ်။ နောက်ပြီး ထူးဆန်းတာတစ်ခုက အခုထွက်လာတဲ့ Leak သတင်းတွေအကုန်လုံးနီးပါးက Google Pixel 3 ထက် Google Pixel 3 XL ဖြစ်နေတာပါ။

ယခု Leak ဖြစ်နေတဲ့သတင်းတွေအရ Google Pixel 3 XL ဟာ တော်တော်လေးကို အရုပ်ဆိုးတဲ့ Notch ပါဝင်လာမှာဖြစ်ပြီးတော့ လက်ရှိ Reviewer တွေအတော်များများကလည်း Google Pixel 3 XL ရဲ့ Notch ကိုပဲ အဓိကတိုက်ခိုက်ပြီးပြောနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် Google က ဒါကိုလည်း တမင်လုပ်နေတဲ့ပုံပါပဲ။

ဒါကိုသေချာစေခဲ့တာကတော့ မနေ့ညက Google က သူ့ရဲ့ Made By Google Social Media Account တွေမှာ Video တစ်ခုကို တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒါကတော့ Google က “So you think you know… Tune in tomorrow to see for yourself.” ဆိုပြီး လက်ရှိ Tech Reviewer တွေရဲ့ Google Pixel 3 ဖုန်းအကြောင်း အကုန်သိနေပြီလို့ ပြောကြားထားတဲ့ Clip တွေကိုတစ်ခုထဲအနေနဲ့ စုစည်းပြီးတော့ ဖော်ပြသွားတာဖြစ်ပါတယ်။

အခု Video အရ Google က တမင်ကို Google Pixel 3 XL ဖုန်းကို Leak ပြုလုပ်ထားသလားဆိုတာက ပိုပြီး စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် Google က Tech Industry တစ်ခုလုံးကို လှောင်ပြောင်ဖို့များ တိတ်တဆိတ်ကြံစည်နေတာတောင် ဖြစ်နေနိုင်ပါတယ်။

Google Pixel 3 XL ဖုန်းဟာ အခုအချိန်မှာ Engadget ၊ Android Authority နဲ့ တခြားသော Reviewer တွေကတောင် Review တွေပြုလုပ်နေပြီဖြစ်တဲ့ဖုန်းတစ်ခုပါ။ အဲ့ဒီအတွက် အခု Pixel 3 XL က သေချာနေပြီတောင်ပြောလို့ရနိုင်ပေမယ့် ရုရှား Review Video တစ်ခုမှာတော့ အဆိုပါ Google Pixel 3 XL ကို Wi-Fi ချိတ်ဆက်လိုက်တဲ့အချိန်မှာ အဆိုပါ Unit ကို Block လုပ်ခံလိုက်ရပြီး Recovery Mode ကိုပါ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါက Google က တမင်ပဲ Google Pixel 3 XL Unit တွေကို Leak လုပ်လို့ရအောင် ထုတ်ပေးထားပြီးတော့ Event မတိုင်ခင်မှာ ပိတ်သိမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဲ့ဒါကြောင့် ဒီနေ့ည ၉ နာရီမှာ ပြုလုပ်တော့မယ့် Google Event မှာ Pixel 3 ဖုန်းတွေကို Leak ဖြစ်လာတဲ့အတိုင်းပဲတွေ့ရမလား… တစ်ကြိမ်မှ တွေ့ဖူးသေးမရှိသေးတဲ့ Google Pixel ဖုန်းတွေများတွေ့လာရမလားဆိုတာကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပါ။

Akhayar ပရိသတ်တွေအနေနဲ့ရော ဘာကိုမျှော်လင့်နေပါသလဲ?

Zawyè (Akhayar) 

www.akhayar.com