[Zawgyi]

Zuckerberg နဲ႔ ဇနီးျဖစ္သူ Dr.Priscilla Chan တည္ေထာင္ထားတဲ့ ဆင္းရဲသားကူညီေထာက္ပံ့ေရး စီမံကိန္းဟာ အခုအခါမွာ ထင္ရွားတဲ့ဒီမိုကရက္တစ္ ဆႏၵမဲေကာက္ခံသူတစ္ေယာက္ တည္ေထာင္ထားတဲ့ အဖြဲ႔အစည္းတစ္ခုနဲ႔အတူ အလုပ္တြဲလုပ္ေနပါတယ္။

အဲ့ဒီလူကေတာ့ သမၼတေဟာင္းအိုဘားမားနဲ႔ ဟီလာရီကလင္တန္တို႔ရဲ႕ သမၼတေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးေရးေတြမွာ အလုပ္လုပ္ေပးခဲ့တဲ့ ဆႏၵမဲေကာက္ခံသူ၊ အႀကံေပးသူ Joel Benenson ပဲျဖစ္ပါတယ္။ သူ႔ရဲ႕အဖြဲ႔အစည္းျဖစ္တဲ့ Beneson Strategy Group ဟာ Zuckerberg ရဲ႕ ဆင္းရဲသားကူညီေထာက္ပံ့ေရး စီမံကိန္းအတြက္ သုေတသနလုပ္ငန္းေတြကို လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္။

သိပၸံပညာ၊ ပညာေရး၊ ေနအိမ္ရရွိေရး၊ ဒုစရိုက္ဆန္႔က်င္ေရးစတဲ့ နယ္ပယ္္အသီးသီးမွာ လုပ္ေဆာင္မယ့္ သုေတသနေတြဟာ ဆင္းရဲသားကူညီေထာက္ပံ့ေရးစီမံကိန္းကို အေထာက္အကူျပဳဖို႔ပဲျဖစ္တယ္လုိ႔ Zuckerberg ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ပါတယ္။

Benenson ဟာ CEOေတြ၊ အက်ဳိးအျမတ္မဲ့အဖြဲ႔အစည္းေတြ၊ စည္းရံုးေရးေတြအတြက္ အလုပ္လုပ္ေပးခဲ့သူတစ္ေယာက္ျဖစ္ၿပီး သူဟာ Zuckerberg နဲ႔အတူ တြဲအလုပ္လုပ္ေနတဲ့အတြက္ Zuckerberg ဟာ ႏိုင္ငံေရးေလာကထဲဝင္ဖုိ႔ ေျခလွမ္းျပင္ဆင္ေနတယ္ဆိုတဲ့ ထင္ေၾကးေပးခ်က္ေတြကို ျပန္လည္ၿပီး ႏိုးထလာေစခဲ့ပါတယ္။

ဒါေပမဲ႔ Zuckerberg ကေတာ့ ဒီသတင္းေတြကို ထပ္ခါတလဲလဲ ျငင္းပယ္ေနတာျဖစ္ပါတယ္။ ဒါေပမဲ႔ သူဟာ ဒီႏွစ္ထဲမွာတင္ အိမ္ျဖဴေတာ္ရဲ႕ အႀကီးတန္းအႀကံေပးျဖစ္ခဲ့သူ David plouffe အပါအဝင္ ႏိုင္ငံေရးသမားေတြ၊ အစိုးရဌာနဆိုင္ရာမွာလုပ္ေနသူ ေျခာက္ေယာက္ေလာက္နဲ႔ ဆံုေတြ႔ခဲ့ပါတယ္။

သမၼတ အိုဘားမားရဲ႕ မဲဆြယ္စည္းရံုးေရးအတြက္ ခန္႔အပ္ထားတဲ့ အမ်ဳိးသားဆက္သြယ္ေရးအရာရွိေဟာင္း Brunt Colbrun ကလည္း အရင္ႏွစ္က Zuckerberg ရဲ႕အဖြဲ႔အစည္းနဲ႔အတူ ပူးေပါင္းခဲ့ပါတယ္။ ဝန္ထမ္း ဦးေရ ၁၀၀ ေက်ာ္ရွိတဲ့ ဒီအဖြဲ႔အစည္းထဲမွာ ဒီလုိဝန္ထမ္းအနည္းငယ္ကို ထပ္ၿပီးခန္႔အပ္တာဟာ အထူးအဆန္းေတာ့ မဟုတ္ေပမယ့္ ႏိုင္ငံေရးသမားေဟာင္းေတြသာ ျဖစ္တယ္ဆိုတဲ့ အခ်က္ကေတာ့ မီဒီယာေတြနဲ႔ ႏိုင္ငံေရးေလ့လာသူေတြကို မ်က္ခံုးလႈပ္ေစခဲ့ပါတယ္။

သူဟာ Mike Bloomberg ကို အတုယူအားက်ေနတာျဖစ္ႏိုင္ၿပီး စီးပြားေရးလုပ္ငန္းေတြ၊ ပရဟိတလုပ္ငန္းေတြလုပ္ရင္း ကမာၻႀကီးကိုေျပာင္းလဲဖို႔ထက္ သမၼတတစ္ေယာက္အေနနဲ႔ ကမာၻႀကီးကို ပိုမိုေျပာင္းလဲႏိုင္မယ္ဆိုတာကို သိရွိသြားျခင္းျဖစ္ႏုိင္ပါတယ္လုိ႔ New York ၿမိဳ႕ေတာ္ဝန္ Bloomberg ရဲ႕ စည္းရံုးေရးမန္ေနဂ်ာေဟာင္း ျဖစ္သူ Bradley Tusk က ေျပာခဲ့ပါတယ္။

ဒီလုိလုပ္လိုက္တာဟ Zukerberg ရဲ႕ ပရဟိတအဖြဲ႔အစည္းကို တျခားပရဟိတအဖြဲ႔အစည္းေတြနဲ႔ ကြဲျပားသြားေစၿပီး Zukerberg မိသားစုဟာ သူတို႔ရဲ႕ ဘီလီယံနဲ႔ခ်ီတဲ့ေငြေၾကးေတြကို သုေတသနျပဳလုပ္ေရး၊ အလုပ္အသစ္ေတြမွာ ရင္ႏွီးျမွဳပ္ႏွံေရးနဲ႔ ျပည္သူလူထုေဆြးေႏြးပြဲေတြ လုပ္တဲ့ေနရာေတြမွာ အသံုးျပဳသြားမွာ ျဖစ္ပါတယ္။

စည္းရံုးေရးဟာ သူ႔ရဲ႕ ခ်ဥ္းကပ္နည္းေတြထဲက တစ္စိတ္တစ္ပိုင္းျဖစ္တယ္လုိ႔ Zukerberg က ေျပာၾကားခဲ့ပါတယ္။

HGID_KV_Ads_Square2

အခရာ

www.akhayar.com

[Unicode]

Zuckerberg နဲ့ ဇနီးဖြစ်သူ Dr.Priscilla Chan တည်ထောင်ထားတဲ့ ဆင်းရဲသားကူညီထောက်ပံ့ရေး စီမံကိန်းဟာ အခုအခါမှာ ထင်ရှားတဲ့ဒီမိုကရက်တစ် ဆန္ဒမဲကောက်ခံသူတစ်ယောက် တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုနဲ့အတူ အလုပ်တွဲလုပ်နေပါတယ်။

အဲ့ဒီလူကတော့ သမ္မတဟောင်းအိုဘားမားနဲ့ ဟီလာရီကလင်တန်တို့ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ အလုပ်လုပ်ပေးခဲ့တဲ့ ဆန္ဒမဲကောက်ခံသူ၊ အကြံပေးသူ Joel Benenson ပဲဖြစ်ပါတယ်။ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Beneson Strategy Group ဟာ Zuckerberg ရဲ့ ဆင်းရဲသားကူညီထောက်ပံ့ရေး စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

သိပ္ပံပညာ၊ ပညာရေး၊ နေအိမ်ရရှိရေး၊ ဒုစရိုက်ဆန့်ကျင်ရေးစတဲ့ နယ်ပယ်အသီးသီးမှာ လုပ်ဆောင်မယ့် သုတေသနတွေဟာ ဆင်းရဲသားကူညီထောက်ပံ့ရေးစီမံကိန်းကို အထောက်အကူပြုဖို့ပဲဖြစ်တယ်လို့ Zuckerberg ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

Benenson ဟာ CEOတွေ၊ အကျိုးအမြတ်မဲ့ အဖွဲ့အစည်းတွေ၊ စည်းရုံးရေးတွေအတွက် အလုပ်လုပ်ပေးခဲ့သူတစ်ယောက်ဖြစ်ပြီး သူဟာ Zuckerberg နဲ့အတူ တွဲအလုပ်လုပ်နေတဲ့အတွက် Zuckerberg ဟာ နိုင်ငံရေးလောကထဲဝင်ဖို့ ခြေလှမ်းပြင်ဆင်နေတယ်ဆိုတဲ့ ထင်ကြေးပေးချက်တွေကို ပြန်လည်ပြီး နိုးထလာစေခဲ့ပါတယ်။

ဒါပေမဲ့ Zuckerberg ကတော့ ဒီသတင်းတွေကို ထပ်ခါတလဲလဲ ငြင်းပယ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီနှစ်ထဲမှာတင် အိမ်ဖြူတော်ရဲ့ အကြီးတန်းအကြံပေးဖြစ်ခဲ့သူ David plouffe အပါအဝင် နိုင်ငံရေးသမားတွေ၊ အစိုးရဌာနဆိုင်ရာမှာလုပ်နေသူ ခြောက်ယောက်လောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ မဲဆွယ်စည်းရုံးရေးအတွက် ခန့်အပ်ထားတဲ့ အမျိုးသားဆက်သွယ်ရေးအရာရှိဟောင်း Brunt Colbrun ကလည်း အရင်နှစ်က Zuckerberg ရဲ့အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းခဲ့ပါတယ်။ ဝန်ထမ်း ဦးရေ ၁၀၀ ကျော်ရှိတဲ့ ဒီအဖွဲ့အစည်းထဲမှာ ဒီလိုဝန်ထမ်းအနည်းငယ်ကို ထပ်ပြီးခန့်အပ်တာဟာ အထူးအဆန်းတော့ မဟုတ်ပေမယ့် နိုင်ငံရေးသမားဟောင်းတွေသာဖြစ်တယ်ဆိုတဲ့ အချက်ကတော့ မီဒီယာတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကို မျက်ခုံးလှုပ်စေခဲ့ပါတယ်။

သူဟာ Mike Bloomberg ကို အတုယူအားကျနေတာဖြစ်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေလုပ်ရင်း ကမ္ဘာကြီးကိုပြောင်းလဲဖို့ထက် သမ္မတတစ်ယောက်အနေနဲ့ ကမ္ဘာကြီးကို ပိုမိုပြောင်းလဲနိုင်မယ်ဆိုတာကို သိရှိသွားခြင်းဖြစ်နိုင်ပါတယ်လို့ New York မြို့တော်ဝန် Bloomberg ရဲ့ စည်းရုံးရေးမန်နေဂျာဟောင်း ဖြစ်သူ Bradley Tusk က ပြောခဲ့ပါတယ်။

ဒီလိုလုပ်လိုက်တာဟ Zukerberg ရဲ့ ပရဟိတအဖွဲ့အစည်းကို တခြားပရဟိတအဖွဲ့အစည်းတွေနဲ့ ကွဲပြားသွားစေပြီး Zukerberg မိသားစုဟာ သူတို့ရဲ့ ဘီလီယံနဲ့ချီတဲ့ငွေကြေးတွေကို သုတေသနပြုလုပ်ရေး၊ အလုပ်အသစ်တွေမှာ ရင်နှီးမြှုပ်နှံရေးနဲ့ ပြည်သူလူထုဆွေးနွေးပွဲတွေလုပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

စည်းရုံးရေးဟာ သူ့ရဲ့ ချဉ်းကပ်နည်းတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ Zukerberg က ပြောကြားခဲ့ပါတယ်။

HGID_KV_Ads_Square2

အခရာ

www.akhayar.com