အခုအခ်ိန္မွာဆိုရင္ေတာ့ လာမယ့္ စက္တင္ဘာလမွာ Apple ကေန iPhone အသစ္ေတြကို မိတ္ဆက္ေတာ့မယ္ဆိုတာကို လူတုိင္းသိျပီးျဖစ္ေနေလာက္ပါျပီ။ ဒီႏွစ္မွာလည္း Apple ကေန iPhone ကို ၃ မ်ိဳး ထုတ္လုပ္မွာျဖစ္ျပီးေတာ့ 5.8″ နဲ႔ 6.5″ OLED Display အသံုးျပဳထားတဲ့ High End iPhone အသစ္ ၂ မ်ိဳးအျပင္ 6.1″ LCD Display ကို အသံုးျပဳထားတဲ့ iPhone ကိုပါ ထုတ္လုပ္မွာျဖစ္ပါတယ္။

အခု OLED Display ကို အသံုးျပဳထားတဲ့ iPhone အသစ္ေတြက လက္ရွိ iPhone X ရဲ႕ မ်ိဳးဆက္သစ္ စမတ္ဖုန္းေတြျဖစ္လာမွာျဖစ္ေပမယ့္ 6.1″ LCD iPhone ကေတာ့ Budget Model ျဖစ္လာမွာျဖစ္ျပီးေတာ့ လက္ရွိ iPhone ေတြထဲမွာ ေစ်းႏႈန္းအရ အသက္သာဆံုးျဖစ္လာမွာပဲျဖစ္ပါတယ္။ လက္ရွိ ခန္႔မွန္းအေနနဲ႔ကေတာ့ ေဒၚလာ ၆၀၀ နဲ႔ ၇၀၀ ၾကားရွိလာႏိုင္မယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။

Apple 2018 iPhone

အခု Apple ရဲ႕ Budget iPhone ျဖစ္လာမယ့္ 6.1″ LCD iPhone က တကယ္ေရာ ေဒၚလာ ၆၀၀ နဲ႔ ၇၀၀ ဝန္းက်င္ဖုန္းေတြထဲမွာ ဝယ္ယူဖုိ႔တန္တဲ့ ဖုန္းတစ္ခုျဖစ္လာမလား? ေစ်းပိုၾကီးတဲ့ OLED Display iPhone အသစ္ေတြန႔ဲ ယွဥ္ရင္ေရာ ဘာေတြကြာျခားသြားႏုိင္မလဲဆိုတာကို ေလ့လာၾကည့္ရေအာင္လား။

ပိုျပီး နိမ့္ေနတဲ့ Display နဲ႔ Resolution

Apple 2018 iPhone

Apple ရဲ႕ ဒီ Budget iPhone ဟာ 6.1″ LCD Display ကိုပဲ အသံုးျပဳလာမယ္ဆိုတာက ေသခ်ာေနျပီပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ နည္းပညာပိုင္းအေနနဲ႔လည္း ပိုေကာင္းတဲ့ OLED iPhone ေတြနဲ႔ ယွဥ္ရင္ Color Accuracy ပိုင္းနဲ႔ Contrast ပိုင္းမွာ ကြာျခားမွာျဖစ္ပါတယ္။ အဲ့ဒီထက္ပိုတဲ့အခ်က္တစ္ခုကေတာ့ Resolution ပဲျဖစ္ပါတယ္။

iPhone သတင္းေတြကို ေျပာေနၾက KGI Securities ရဲ႕ Ming-Chi Kuo ရဲ႕ ေျပာၾကားခ်က္အရ LCD iPhone ဟာ Resolution အေနနဲ႔ 1792×828 Pixel ရွိတဲ့ Resolution ကိုပဲ အသံုးျပဳထားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ 5.8″ အရြယ္ပဲရွိတဲ့ OLED Display ရဲ႕ 2436×1125 Pixels Resolution ကိုေတာင္မမွီသလို 6.5″ အရြယ္ အၾကီးဆံုး OLED Display iPhone ရဲ႕ 2688×1242 Pixels Resolution နဲ႔ ယွဥ္ရင္ သိသိသာသာကြာျခားသြားမွာပါ။

iPhone အသစ္ေတြထဲမွာ အနည္းဆံုးျဖစ္လာမယ့္ Battery

Apple 2018 iPhone

Apple ဟာ 5.8″ OLED iPhone အသစ္မွာ 2800mAh Battery နဲ႔ 6.5″ OLED iPhone မွာေတာ့ 3400mAh Battery ကို တပ္ဆင္လာမယ္လုိ႔ သတင္းထြက္ေပၚေနတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ 6.1″ LCD iPhone မွာကေတာ့ ပိုျပီးေတာင္ နည္းပါးတဲ့ Battery ပါလာဖုိ႔ မ်ားလာပါတယ္။ လက္ရွိ သိရတဲ့သတင္းေတြအရ 6.1″ LCD iPhone က Battery Capacity အေနနဲ႔ 2600mAh ဒါမွမဟုတ္ 2700mAh Battery ပဲပါဝင္မယ္လုိ႔ ယူဆရပါတယ္။ အဲ့ဒီအတြက္ၾကီးမားတဲ့ 6.1″ အရြယ္အစားရွိေနျပီး OLED Display ေလာက္ Power စားမသက္သာတဲ့ LCD Display က အခုလုိမ်ိဳး ေသးငယ္တဲ့ Battery နဲ႔ဆိုေတာ့ Battery ခံပါ့မလားဆုိတာက ေမးခြန္းထုတ္စရာပါ။

ေလ်ာ႔ထားတဲ့ Storage နဲ႔ RAM

Apple ရဲ႕ OLED iPhone အသစ္ေတြဟာ RAM 4GB ပါဝင္မွာျဖစ္ျပီးေတာ့ Storage အေနနဲ႔လည္း 512GB အထိ ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ 6.1″ LCD iPhone အသစ္မွာကေတာ့ RAM 3GB ပဲ ပါဝင္ျပီးေတာ့ Storage ကလည္း 256GB အထိပဲ ရရွိမွာပါ။ အဲ့ဒီအတြက္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ အရမ္းသိသာမွာမဟုတ္ေပမယ့္ အနည္းငယ္ေတာ့ေလ်ာ႔နည္းဦးမွာပါ။

ပိုျမန္တဲ့ Wi-Fi ကို Upgrade ျပဳလုပ္လာမွာ မဟုတ္ျခင္း

iPhone 8 & iPhone X

Apple ဟာ ဒီႏွစ္ရဲ႕ OLED iPhone ေတြကို 4×4 MIMO 802.11ac WiFi ကို Upgrade ျပဳလုပ္သြားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Wi-Fi လိုင္းဆြဲအားပုိေကာင္းလာမွာျဖစ္သလုိ Wi-Fi Speed ကလည္း ပိျပီး ျမန္ဆန္လာေတာ့မွာပါ။ ဒါေပမယ့္ 6.1″ LCD iPhone မွာကေတာ့ ဒီ Wi-Fi အဆင့္ျမွင့္တင္မႈကို ရရွိမွာမဟုတ္ဘဲ ပံုမွန္ 2×2 MIMO Wi-Fi ကိုပဲ အသံုးျပဳႏုိင္ဦးမွာျဖစ္ပါတယ္။

Dual Camera မပါဝင္ျခင္း

Apple 2018 iPhone

Apple ရဲ႕ OLED iPhone အသစ္ ၂ ခုစလံုးဟာ Dual Camera စနစ္ကို အသံုးျပဳလာမွာျဖစ္ျပီး ယခင္ iPhone 7 Series ၊ 8 Series ေတြလုိမ်ိဳး Plus Model မွာပဲ Dual Camera ပါတာမ်ိဳး ရွိေတာ့မွာမဟုတ္ပါဘူး။ ဒါေပမယ့္ 6.1″ LCD iPhone မွာေတာ့ Single Camera ပဲ ပါဝင္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Dual Camera ရဲ႕ 2x Telephoto လုိမ်ိဳး လုပ္ေဆာင္ခ်က္ေတြကို အသံုးျပဳႏုိင္မွာမဟုတ္ျပန္ပါဘူး။

ဒါကေတာ့ Apple ရဲ႕ ေဒၚလာ ၆၀၀ နဲ႔ ၇၀၀ ဝန္းက်င္ရွိလာမယ့္ 6.1″ LCD iPhone နဲ႔ ေစ်းပိုၾကီးတဲ့ OLED iPhone အသစ္ေတြနဲ႔ အဓိကကြာျခားခ်က္ေတြျဖစ္လာမွာပဲျဖစ္ပါတယ္။ အနိမ့္ဆံုး OLED iPhone အသစ္က ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၁၀၀၀ ဝန္းက်င္က စတင္မွာျဖစ္တဲ့အတြက္ အခု Budget LCD iPhone က ေဒၚလာ ၃၀၀ ေလာက္ သက္သာေနေသးတယ္ဆိုေပမယ့္ ေစ်းသက္သာသြားတာနဲ႔ ယွဥ္ရင္ ေလ်ာ႔သြားတဲ့ စြမ္းေဆာင္ရည္ေတြက တန္ရဲ႕လားဆိုတာကေတာ့ တကယ္တရားဝင္ေၾကညာတဲ့အခ်ိန္ကို ေစာင့္ၾကည့္ျပီးမွ ဆံုးျဖတ္တာ ပိုအဆင္ေျပဦးမွာပါ။

Ref : Forbes

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အခုအချိန်မှာဆိုရင်တော့ လာမယ့် စက်တင်ဘာလမှာ Apple ကနေ iPhone အသစ်တွေကို မိတ်ဆက်တော့မယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်နေလောက်ပါပြီ။ ဒီနှစ်မှာလည်း Apple ကနေ iPhone ကို ၃ မျိုး ထုတ်လုပ်မှာဖြစ်ပြီးတော့ 5.8″ နဲ့ 6.5″ OLED Display အသုံးပြုထားတဲ့ High End iPhone အသစ် ၂ မျိုးအပြင် 6.1″ LCD Display ကို အသုံးပြုထားတဲ့ iPhone ကိုပါ ထုတ်လုပ်မှာဖြစ်ပါတယ်။

အခု OLED Display ကို အသုံးပြုထားတဲ့ iPhone အသစ်တွေက လက်ရှိ iPhone X ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်လာမှာဖြစ်ပေမယ့် 6.1″ LCD iPhone ကတော့ Budget Model ဖြစ်လာမှာဖြစ်ပြီးတော့ လက်ရှိ iPhone တွေထဲမှာ စျေးနှုန်းအရ အသက်သာဆုံးဖြစ်လာမှာပဲဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းအနေနဲ့ကတော့ ဒေါ်လာ ၆၀၀ နဲ့ ၇၀၀ ကြားရှိလာနိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Apple 2018 iPhone

အခု Apple ရဲ့ Budget iPhone ဖြစ်လာမယ့် 6.1″ LCD iPhone က တကယ်ရော ဒေါ်လာ ၆၀၀ နဲ့ ၇၀၀ ဝန်းကျင်ဖုန်းတွေထဲမှာ ဝယ်ယူဖို့တန်တဲ့ ဖုန်းတစ်ခုဖြစ်လာမလား? စျေးပိုကြီးတဲ့ OLED Display iPhone အသစ်တွေနဲ့ ယှဉ်ရင်ရော ဘာတွေကွာခြားသွားနိုင်မလဲဆိုတာကို လေ့လာကြည့်ရအောင်လား။

ပိုပြီး နိမ့်နေတဲ့ Display နဲ့ Resolution

Apple 2018 iPhone

Apple ရဲ့ ဒီ Budget iPhone ဟာ 6.1″ LCD Display ကိုပဲ အသုံးပြုလာမယ်ဆိုတာက သေချာနေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နည်းပညာပိုင်းအနေနဲ့လည်း ပိုကောင်းတဲ့ OLED iPhone တွေနဲ့ ယှဉ်ရင် Color Accuracy ပိုင်းနဲ့ Contrast ပိုင်းမှာ ကွာခြားမှာဖြစ်ပါတယ်။ အဲ့ဒီထက်ပိုတဲ့အချက်တစ်ခုကတော့ Resolution ပဲဖြစ်ပါတယ်။

iPhone သတင်းတွေကို ပြောနေကြ KGI Securities ရဲ့ Ming-Chi Kuo ရဲ့ ပြောကြားချက်အရ LCD iPhone ဟာ Resolution အနေနဲ့ 1792×828 Pixel ရှိတဲ့ Resolution ကိုပဲ အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် 5.8″ အရွယ်ပဲရှိတဲ့ OLED Display ရဲ့ 2436×1125 Pixels Resolution ကိုတောင်မမှီသလို 6.5″ အရွယ် အကြီးဆုံး OLED Display iPhone ရဲ့ 2688×1242 Pixels Resolution နဲ့ ယှဉ်ရင် သိသိသာသာကွာခြားသွားမှာပါ။

iPhone အသစ်တွေထဲမှာ အနည်းဆုံးဖြစ်လာမယ့် Battery

Apple 2018 iPhone

Apple ဟာ 5.8″ OLED iPhone အသစ်မှာ 2800mAh Battery နဲ့ 6.5″ OLED iPhone မှာတော့ 3400mAh Battery ကို တပ်ဆင်လာမယ်လို့ သတင်းထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် 6.1″ LCD iPhone မှာကတော့ ပိုပြီးတောင် နည်းပါးတဲ့ Battery ပါလာဖို့ များလာပါတယ်။ လက်ရှိ သိရတဲ့သတင်းတွေအရ 6.1″ LCD iPhone က Battery Capacity အနေနဲ့ 2600mAh ဒါမှမဟုတ် 2700mAh Battery ပဲပါဝင်မယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက်ကြီးမားတဲ့ 6.1″ အရွယ်အစားရှိနေပြီး OLED Display လောက် Power စားမသက်သာတဲ့ LCD Display က အခုလိုမျိုး သေးငယ်တဲ့ Battery နဲ့ဆိုတော့ Battery ခံပါ့မလားဆိုတာက မေးခွန်းထုတ်စရာပါ။

လျော့ထားတဲ့ Storage နဲ့ RAM

Apple ရဲ့ OLED iPhone အသစ်တွေဟာ RAM 4GB ပါဝင်မှာဖြစ်ပြီးတော့ Storage အနေနဲ့လည်း 512GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် 6.1″ LCD iPhone အသစ်မှာကတော့ RAM 3GB ပဲ ပါဝင်ပြီးတော့ Storage ကလည်း 256GB အထိပဲ ရရှိမှာပါ။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ အရမ်းသိသာမှာမဟုတ်ပေမယ့် အနည်းငယ်တော့လျော့နည်းဦးမှာပါ။

ပိုမြန်တဲ့ Wi-Fi ကို Upgrade ပြုလုပ်လာမှာ မဟုတ်ခြင်း

iPhone 8 & iPhone X

Apple ဟာ ဒီနှစ်ရဲ့ OLED iPhone တွေကို 4×4 MIMO 802.11ac WiFi ကို Upgrade ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Wi-Fi လိုင်းဆွဲအားပိုကောင်းလာမှာဖြစ်သလို Wi-Fi Speed ကလည်း ပိပြီး မြန်ဆန်လာတော့မှာပါ။ ဒါပေမယ့် 6.1″ LCD iPhone မှာကတော့ ဒီ Wi-Fi အဆင့်မြှင့်တင်မှုကို ရရှိမှာမဟုတ်ဘဲ ပုံမှန် 2×2 MIMO Wi-Fi ကိုပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Dual Camera မပါဝင်ခြင်း

Apple 2018 iPhone

Apple ရဲ့ OLED iPhone အသစ် ၂ ခုစလုံးဟာ Dual Camera စနစ်ကို အသုံးပြုလာမှာဖြစ်ပြီး ယခင် iPhone 7 Series ၊ 8 Series တွေလိုမျိုး Plus Model မှာပဲ Dual Camera ပါတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် 6.1″ LCD iPhone မှာတော့ Single Camera ပဲ ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Dual Camera ရဲ့ 2x Telephoto လိုမျိုး လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာမဟုတ်ပြန်ပါဘူး။

ဒါကတော့ Apple ရဲ့ ဒေါ်လာ ၆၀၀ နဲ့ ၇၀၀ ဝန်းကျင်ရှိလာမယ့် 6.1″ LCD iPhone နဲ့ စျေးပိုကြီးတဲ့ OLED iPhone အသစ်တွေနဲ့ အဓိကကွာခြားချက်တွေဖြစ်လာမှာပဲဖြစ်ပါတယ်။ အနိမ့်ဆုံး OLED iPhone အသစ်က စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်က စတင်မှာဖြစ်တဲ့အတွက် အခု Budget LCD iPhone က ဒေါ်လာ ၃၀၀ လောက် သက်သာနေသေးတယ်ဆိုပေမယ့် စျေးသက်သာသွားတာနဲ့ ယှဉ်ရင် လျော့သွားတဲ့ စွမ်းဆောင်ရည်တွေက တန်ရဲ့လားဆိုတာကတော့ တကယ်တရားဝင်ကြေညာတဲ့အချိန်ကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်တာ ပိုအဆင်ပြေဦးမှာပါ။

Ref : Forbes

Zawyè (Akhayar) 

www.akhayar.com