[Zawgyi]

ဥေရာပေဘာလုံးေလာကမွာ ရီးယဲလ္ရဲ႕ ေအာင္ျမင္မႈကုိ မီႏုိင္မယ့္အသင္း မရွိေတာ့ဘူးလား

ခ်န္ပီယံလိဂ္ဖလားကုိ (၁၃)ႀကိမ္ေျမာက္အျဖစ္ ရီးယဲလ္အသင္း ရရွိခဲ့ၿပီးတဲ့ေနာက္ ေမးခြန္းတစ္ခု ထြက္ေပၚ လာခဲ့ပါတယ္။ အဲဒါကေတာ့ ဥေရာပေဘာလုံးေလာကမွာ ရီးယဲလ္အသငး္ရဲ႕ ေအာင္ျမင္မႈေတြကုိ အမီလုိက္ ႏုိင္မယ့္ အသင္း မရွိႏုိင္ေတာ့ဘူးလားဆုိတာပါပဲ။ ခ်န္ပီယံလိဂ္ဆုိတာက ဥေရာပက ထိပ္သီးအသင္းေတြ အမ်ားစု ပါ၀င္ယွဥ္ၿပိဳင္ေနတဲ့ၿပိဳင္ပဲြျဖစ္တာေၾကာင့္ ဒီလုိၿပိဳင္ပဲြမ်ိဳးမွာ ဗုိလ္စဲြဖုိ႔ဆုိတာက ေတာ္႐ုံစြမ္းေဆာင္ရည္မ်ိဳးနဲ႔ မျဖစ္ႏုိင္ဘူး။ ဒါေပမဲ့ ရီးယဲလ္အသင္းအတြက္ေတာ့ ခ်န္ပီယံလိဂ္ဖလားက ပုံမွန္ယူေနၾက ဆုဖလားတစ္ခုလုိ ျဖစ္ေနၿပီ။ ေနာက္ဆုံး(၅)ႏွစ္အတြင္း (၄)ႀကိမ္ဗုိလ္စဲြခဲ့တဲ့အျပင္ နည္းျပဇီဒန္း Zidane ကလည္း ဒီဆုဖလားကုိ (၃)ႏွစ္ဆက္တိုက္ ရယူခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဆုဖလားက ရီးယဲလ္တစ္သင္းတည္းအတြက္မ်ား သတ္မွတ္ထားသလုိ႔ေတာင္ ထင္ရတယ္။

ခ်န္ပီယံလိဂ္ေခတ္မွာ ဆုဖလား(၃)ႀကိမ္ဆက္ ယူထားတဲ့ ပထမဆုံးအသင္း၊ အရင္ ဥေရာပဖလားတုန္းကလည္း ေခတ္ဦးပုိင္းႏွစ္ေတြမွာ (၅)ႀကိမ္ဆက္ ရယူခဲ့တဲ့အသင္း မွတ္တမ္းေတြက တျခား ဥေရာပထိပ္သီးအသင္း ေတြထက္ အျပတ္အသတ္အသာရေနတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္(အရင္ ဥေရာပဖလား)သမုိင္းတစ္ေလွ်ာက္မွာလည္း ႏုိင္ပဲြအမ်ားဆုံးအသင္း၊ သြင္းဂုိးအမ်ားဆုံးအသင္းဆုိတဲ့ စံခ်ိန္မွတ္တမ္းေတြကုိလည္း ပုိင္ဆုိင္ထားတာပါ။

Real-Madrid-Players-Celebrate1

Real-Madrid-Players-Celebrate1

European Cup/Champions League record

Real Madrid – 421 Games 252 Win 937 Goals 13 Trophy

Bayern – 327 Games 186 Win 651 Goals 5 Trophy

Barcelona- 290 Games 168 Win 576 Goals 5 Trophy

Man United – 259 Games 142 Win 471 Goals 3 Trophy

Juventus – 257 Games 128 Win 402 Goals 2 Trophy

AC Milan – 241 Games 119 Win 399 Goals 7 Trophy

Benfica – 227 Games 100 Win 365 Goals 2 Trophy

Porto- 223 Games 98 Win 320 Goals 2 Trophy

Liverpool- 178 Games 95 Win 329 Goals 5 Trophy

Ajax 177 Games 81 Win 270 Goals 4 Trophy

ဒါတင္ပဲလားဆုိေတာ့ မဟုတ္ေသးပါဘူး။ ဥေရာပဖလားၿပိဳင္ပဲြ စတင္က်င္းပခဲ့တဲ့ ၁၉၅၈ ခုႏွစ္က စၿပီး ဆယ္စုႏွစ္ တစ္ခုစီအလုိက္ အသင္းေတြရဲ႕ ႏုိင္ပဲြအမ်ားဆုံး၊ သြင္းဂုိးအမ်ား စာရင္းကုိ ၾကည့္ရင္လည္း ရီးယဲလ္အသင္းက (၃)ႀကိမ္အထိ ပါ၀င္ခဲ့တာကုိလည္း ေတြ႕ရမွာပါ။

Zidane-Celebrate-with-Players

Zidane-Celebrate-with-Players

Record by decade

1950s Real Madrid 32 Games 23 Win 93 Goals

1960s Real Madrid 63 Games 37 Win 171 Goals

1970s Ajax 37 Games 26 Win 83 Goals

1980s Liverpool 39 Games 27 Win 85 Goals

1990s AC Milan 55 Games 30 Win 81 Goals

2000s Man United 116 Games 63 Win 197 Goals

2010s Real Madrid 102 Games 70 Win 249 Goals

ရီးယဲလ္အသင္းကုိ ေအာင္ျမင္မႈေတြ ရေအာင္ ဦးေဆာင္ေနတဲ့ နည္းျပႀကီး ဇီဒန္းအတြက္လည္း စံခ်ိန္မွတ္တမ္းေကာင္းေတြက တေပြ႕တပုိက္နဲ႔ပါ။ ေဘာလုံးသမားဘ၀မွာ ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့သူတိုင္း နည္း ျပ ဘ၀ေရာက္ရင္ ေအာင္ျမင္မႈ မရတတ္ဘူးဆုိတဲ့ အခ်က္ကုိ ဇီဒန္းက ဆုဖလားေတြနဲ႔ ေခ်ဖ်က္ႏုိင္ခဲ့ၿပီ။ ကိဗ္ၿမိဳ႕က ေအာင္ပဲြဟာ ဇီဒန္းကုိ ဥေရာပရဲ႕ GOAT (Greatest Of All Time)စာရင္း၀င္ နည္းျပအျဖစ္ မွတ္တမ္း၀င္ေစခဲ့တယ္။

Zidane-With-The-Champions-League-Trophy

Zidane-With-The-Champions-League-Trophy

ဇီဒန္းရဲ႕ ဥေရာပၿပိဳင္ပဲြ စံခ်ိန္မွတ္တမ္းမ်ား
– ခ်န္ပီယံလိဂ္(ဥေရာပဖလား)ကုိ (၃)ႏွစ္ဆက္တိုက္ ရယူခဲ့တဲ့ ပထမဆုံးနည္းျပ။
– ေဘာ့ဘ္ပီယာစေလ Bob Paisley (လီဗာပူးလ္ -၃ ႀကိမ္)၊ အန္ဆယ္ေလာ့တီ Carlo Ancelotti (ေအစီမီလန္ -၂ ႀကိမ္၊ ရီးယဲလ္ -၁ႀကိမ္)တို႔လုိပဲ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႀကိမ္ ရယူခဲ့တဲ့ နည္းျပ။
– ခ်န္ပီယံလိဂ္ဖလား(၃)ႀကိမ္ကုိ အသက္အငယ္ဆုံး(၄၅ႏွစ္)နဲ႔ ရယူႏုိင္ခဲ့တဲ့ နညး္ျပ။
– ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလား၊ ဖီဖာကလပ္ကမၻာ႔ဖလားၿပိဳင္ပဲြေတြရဲ႕ ႐ႈံးထြက္အဆင့္(႐ႈံးထြက္ ၁၆ သင္းကေန ဗုိလ္လုပဲြအထိ) (၁၈)ပဲြစလုံးမွာ ရာႏႈန္းျပည့္ ႏုိင္ပဲြရခဲ့တဲ့နည္းျပ။
– ရီးယဲလ္နည္းျပဘ၀ (၁၄၉)ပဲြမွာ ဆုဖလား(၉)ခုအထိ ရယူခဲ့တာေၾကာင့္ ပ်မ္းမွ်(၁၇)ပဲြကုိ ဆုဖလားတစ္ခု ႏႈန္း ရယူႏုိင္ခဲ့သူ။
– ျပင္သစ္နည္းျပေတြထဲမွာ ခ်န္ပီယံလိဂ္ဖလား ပထမဆုံး ဆြတ္ခူးႏုိင္ခဲ့သူ
– မီဂြယ္လ္မူေနာ႔ဇ္ Miguel Munoz ေနာက္ပုိင္း ခ်န္ပီယံလိဂ္(ဥေရာပဖလား)ကုိ ကစားသမားဘ၀မွာသာမက နည္းျပအျဖစ္ပါ ရယူႏုိင္ခဲ့သူ။

ကဲ .. ပရိသတ္ႀကီးေရ။ ရီးယဲလ္နဲ႔ နည္းျပဇီဒန္းတို႔ရဲ႕ ေအာင္ျမင္မႈမွတ္တမ္းေတြကေတာ့ တကယ့္ကုိ မယုံၾကည္ႏုိင္ေလာက္ေအာင္ပါပဲ။ ဒီလုိေအာင္ျမင္မ်ိဳး ၊ ဆုဖလားစံခ်ိန္မွတ္တမ္းေတြကုိ လုိက္မီႏုိင္မယ့္ အသင္းဆုိတာ ရွိႏုိင္ပါဦးမလား . . . .

REF:BBC
Photo: Evening Standard,Football Premium,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဥရောပဘောလုံးလောကမှာ ရီးယဲလ်ရဲ့ အောင်မြင်မှုကို မီနိုင်မယ့်အသင်း မရှိတော့ဘူးလား

ချန်ပီယံလိဂ်ဖလားကို (၁၃)ကြိမ်မြောက်အဖြစ် ရီးယဲလ်အသင်း ရရှိခဲ့ပြီးတဲ့နောက် မေးခွန်းတစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။ အဲဒါကတော့ ဥရောပဘောလုံးလောကမှာ ရီးယဲလ်အသင်းရဲ့ အောင်မြင်မှုတွေကို အမီလိုက် နိုင်မယ့် အသင်း မရှိနိုင်တော့ဘူးလားဆိုတာပါပဲ။ ချန်ပီယံလိဂ်ဆိုတာက ဥရောပက ထိပ်သီးအသင်းတွေ အများစု ပါဝင်ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲဖြစ်တာကြောင့် ဒီလိုပြိုင်ပွဲမျိုးမှာ ဗိုလ်စွဲဖို့ဆိုတာက တော်ရုံစွမ်းဆောင်ရည်မျိုးနဲ့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ရီးယဲလ်အသင်းအတွက်တော့ ချန်ပီယံလိဂ်ဖလားက ပုံမှန်ယူနေကြ ဆုဖလားတစ်ခုလို ဖြစ်နေပြီ။ နောက်ဆုံး(၅)နှစ်အတွင်း (၄)ကြိမ်ဗိုလ်စွဲခဲ့တဲ့အပြင် နည်းပြဇီဒန်း Zidane ကလည်း ဒီဆုဖလားကို (၃)နှစ်ဆက်တိုက် ရယူခဲ့တာကြောင့် ချန်ပီယံလိဂ်ဆုဖလားက ရီးယဲလ်တစ်သင်းတည်းအတွက်များ သတ်မှတ်ထားသလို့တောင် ထင်ရတယ်။

ချန်ပီယံလိဂ်ခေတ်မှာ ဆုဖလား(၃)ကြိမ်ဆက် ယူထားတဲ့ ပထမဆုံးအသင်း၊ အရင် ဥရောပဖလားတုန်းကလည်း ခေတ်ဦးပိုင်းနှစ်တွေမှာ (၅)ကြိမ်ဆက် ရယူခဲ့တဲ့အသင်း မှတ်တမ်းတွေက တခြား ဥရောပထိပ်သီးအသင်း တွေထက် အပြတ်အသတ်အသာရနေတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်(အရင် ဥရောပဖလား)သမိုင်းတစ်လျှောက်မှာလည်း နိုင်ပွဲအများဆုံးအသင်း၊ သွင်းဂိုးအများဆုံးအသင်းဆိုတဲ့ စံချိန်မှတ်တမ်းတွေကိုလည်း ပိုင်ဆိုင်ထားတာပါ။

Real-Madrid-Players-Celebrate1

Real-Madrid-Players-Celebrate1

European Cup/Champions League record

Real Madrid – 421 Games 252 Win 937 Goals 13 Trophy

Bayern – 327 Games 186 Win 651 Goals 5 Trophy

Barcelona- 290 Games 168 Win 576 Goals 5 Trophy

Man United – 259 Games 142 Win 471 Goals 3 Trophy

Juventus – 257 Games 128 Win 402 Goals 2 Trophy

AC Milan – 241 Games 119 Win 399 Goals 7 Trophy

Benfica – 227 Games 100 Win 365 Goals 2 Trophy

Porto- 223 Games 98 Win 320 Goals 2 Trophy

Liverpool- 178 Games 95 Win 329 Goals 5 Trophy

Ajax 177 Games 81 Win 270 Goals 4 Trophy

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဥရောပဖလားပြိုင်ပွဲ စတင်ကျင်းပခဲ့တဲ့ ၁၉၅၈ ခုနှစ်က စပြီး ဆယ်စုနှစ် တစ်ခုစီအလိုက် အသင်းတွေရဲ့ နိုင်ပွဲအများဆုံး၊ သွင်းဂိုးအများ စာရင်းကို ကြည့်ရင်လည်း ရီးယဲလ်အသင်းက (၃)ကြိမ်အထိ ပါဝင်ခဲ့တာကိုလည်း တွေ့ရမှာပါ။

Zidane-Celebrate-with-Players

Zidane-Celebrate-with-Players

Record by decade

1950s Real Madrid 32 Games 23 Win 93 Goals

1960s Real Madrid 63 Games 37 Win 171 Goals

1970s Ajax 37 Games 26 Win 83 Goals

1980s Liverpool 39 Games 27 Win 85 Goals

1990s AC Milan 55 Games 30 Win 81 Goals

2000s Man United 116 Games 63 Win 197 Goals

2010s Real Madrid 102 Games 70 Win 249 Goals

ရီးယဲလ်အသင်းကို အောင်မြင်မှုတွေ ရအောင် ဦးဆောင်နေတဲ့ နည်းပြကြီး ဇီဒန်းအတွက်လည်း စံချိန်မှတ်တမ်းကောင်းတွေက တပွေ့တပိုက်နဲ့ပါ။ ဘောလုံးသမားဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူတိုင်း နည်း ပြ ဘဝရောက်ရင် အောင်မြင်မှု မရတတ်ဘူးဆိုတဲ့ အချက်ကို ဇီဒန်းက ဆုဖလားတွေနဲ့ ချေဖျက်နိုင်ခဲ့ပြီ။ ကိဗ်မြို့က အောင်ပွဲဟာ ဇီဒန်းကို ဥရောပရဲ့ GOAT (Greatest Of All Time)စာရင်းဝင် နည်းပြအဖြစ် မှတ်တမ်းဝင်စေခဲ့တယ်။

Zidane-With-The-Champions-League-Trophy

Zidane-With-The-Champions-League-Trophy

ဇီဒန်းရဲ့ ဥရောပပြိုင်ပွဲ စံချိန်မှတ်တမ်းများ
– ချန်ပီယံလိဂ်(ဥရောပဖလား)ကို (၃)နှစ်ဆက်တိုက် ရယူခဲ့တဲ့ ပထမဆုံးနည်းပြ။
– ဘော့ဘ်ပီယာစလေ Bob Paisley (လီဗာပူးလ် -၃ ကြိမ်)၊ အန်ဆယ်လော့တီ Carlo Ancelotti (အေစီမီလန် -၂ ကြိမ်၊ ရီးယဲလ် -၁ကြိမ်)တို့လိုပဲ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ် ရယူခဲ့တဲ့ နည်းပြ။
– ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ကို အသက်အငယ်ဆုံး(၄၅နှစ်)နဲ့ ရယူနိုင်ခဲ့တဲ့ နည်းပြ။
– ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့်(ရှုံးထွက် ၁၆ သင်းကနေ ဗိုလ်လုပွဲအထိ) (၁၈)ပွဲစလုံးမှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တဲ့နည်းပြ။
– ရီးယဲလ်နည်းပြဘ၀ (၁၄၉)ပွဲမှာ ဆုဖလား(၉)ခုအထိ ရယူခဲ့တာကြောင့် ပျမ်းမျှ(၁၇)ပွဲကို ဆုဖလားတစ်ခု နှုန်း ရယူနိုင်ခဲ့သူ။
– ပြင်သစ်နည်းပြတွေထဲမှာ ချန်ပီယံလိဂ်ဖလား ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူ
– မီဂွယ်လ်မူနော့ဇ် Miguel Munoz နောက်ပိုင်း ချန်ပီယံလိဂ်(ဥရောပဖလား)ကို ကစားသမားဘဝမှာသာမက နည်းပြအဖြစ်ပါ ရယူနိုင်ခဲ့သူ။

ကဲ .. ပရိသတ်ကြီးရေ။ ရီးယဲလ်နဲ့ နည်းပြဇီဒန်းတို့ရဲ့ အောင်မြင်မှုမှတ်တမ်းတွေကတော့ တကယ့်ကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီလိုအောင်မြင်မျိုး ၊ ဆုဖလားစံချိန်မှတ်တမ်းတွေကို လိုက်မီနိုင်မယ့် အသင်းဆိုတာ ရှိနိုင်ပါဦးမလား . . . .

REF:BBC
Photo: Evening Standard,Football Premium,Goal.com
Naing Linn(Akhayar)
www.akhayar.com