[Zawgyi]

C.Ronaldo ကုိ ေခၚယူခဲ့တာက ဂ်ဴဗင္တပ္စ္အသင္းအတြက္ မွန္ကန္တဲ့ လုပ္ရပ္လား

ဂ်ဴဗင္တပ္စ္အသင္းဟာ ရီးယဲလ္အသငး္ရဲ႕ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ ယူ႐ုိသန္း(၁၀၀)(ထပ္ေဆာင္းေပးရမယ့္ ယူ႐ုိ ၁၂ သန္းမပါ) (ေပါင္၉၉.၂သန္း)နဲ႔ ၿပီးခဲ့တဲ့ အဂၤါေန႔က ေခၚယူခဲ့ပါၿပီ။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းအတြက္ (၄၃၈)ပဲြကစား၊ (၄၅၀)ဂုိးသြင္းခဲ့ၿပီး (၉)ႏွစ္အတြင္း ခ်န္ပီယံလိဂ္(၄)ႀကိမ္အပါအ၀င္ ဆုဖလားေပါင္း (၁၅)ခုရယူခဲ့သလုိ တစ္ဦးခ်င္းအေကာင္းဆုံးေတြ အမ်ားႀကီးရယူခဲ့သူလည္းျဖစ္ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္လ္ဒုိရဲ႕ အသက္က (၃၃)ႏွစ္အထိရွိေနပါၿပီ။ အသက္(၃၃)ႏွစ္အရြယ္ကစားသမားတစ္ဦးကုိ ယူ႐ုိသန္း(၁၀၀)ေက်ာ္ေပးၿပီး ေခၚယူခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ လုပ္ရပ္က မွန္ကန္ရဲ႕လား၊ စီေရာ္နယ္လ္ဒုိရဲ႕ ေျခစြမ္းကေရာ က်ဆင္းေနၿပီလားဆုိတာ ၿဗိတိန္နာမည္ေက်ာ္ သတင္းဌာန BBC ရဲ႕ အားကစားကၽြမ္းက်င္သူေတြက အခုလုိ သုံးသပ္ခဲ့တယ္ . . . .

World-Record-Transfer-Fee

World-Record-Transfer-Fee

ကမၻာ႔ေျပာငး္ေရႊ႕ေၾကးအမ်ားဆုံးစာရင္းမွာ စီေရာ္နယ္လ္ဒုိ ဘယ္အဆင့္မွာ ရွိလဲ
တကယ္လုိ႔ ထပ္ေဆာင္းေပးရမယ့္ ယူ႐ုိ(၁၂)သန္းကုိ ထည့္မတြက္ဘဲ ယူ႐ုိသန္း(၁၀၀)သာနဲ႔ တြက္ခ်က္မယ္ဆုိရင္ စီေရာ္နယ္လ္ဒုိဟာ ကမၻာ႔ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားစာရင္းမွာ အဆင့္(၆)အျဖစ္ အသင္းေဖာ္ေဟာင္း ဂါရတ္ေဘးလ္ Gareth Bale နဲ႔အတူရပ္တည္ေနတယ္။ အသက္(၃၀)ေက်ာ္ကစားသမားထဲမွာေတာ့ စီေရာ္နယ္လ္ဒုိဟာ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ ဘုိႏူခ်ီ Bonucci (ဂ်ဴဗင္တပ္စ္မွ ေအစီမီလန္ ယူ႐ုိသန္း ၄၀)ကုိ ေက်ာ္ျဖတ္ၿပီး ရပ္တည္ႏုိင္ခဲ့ပါၿပီ။

Cristiano-Ronaldo-signing-withJuventus

Cristiano-Ronaldo-signing-withJuventus

စီေရာ္နယ္လ္ဒုိရဲ႕ေျခစြမ္း က်ဆင္းေနၿပီလား
မဟုတ္ေသးပါဘူး။ ၿပီးခဲ့တဲ့ရာသီက ရီးယဲလ္အသင္းအတြက္ သူ သြင္းယူခဲ့တဲ့ (၄၄)ဂုိးဆုိတာက ရီးယဲလ္ကစားသမားဘ၀တစ္ေလွ်ာက္ တတိယေျမာက္ သြင္းဂုိးအနည္းဆုံးျဖစ္ခဲ့ေပမယ့္ တစ္ပဲြကုိ တစ္ဂုိးႏႈန္းေလာက္ သြင္းယူခဲ့တာပါ။ စီေရာ္နယ္လ္ဒုိဟာ လာလီဂါေနာက္ဆုံး(၁၃)ပဲြမွာလည္း (၂၂)ဂုိးအထိ သြင္းယူခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႀကိမ္ဆက္ရယူခဲ့ၿပီး ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံးဆုကုိလည္း (၆)ရာသီဆက္ရယူခဲ့သူ။ ေနာက္ဆုံး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာင္ ေပၚတူဂီအသင္းအတြက္ (၄)ဂုိးသြင္းခဲ့ၿပီး သြင္းဂုိးအမ်ားဆုံးကစားသမားစာရင္းထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ ရပ္တည္ခဲ့သူ။ ဒီမွတ္တမ္းေတြအရ စီေရာ္နယ္လ္ဒုိရဲ႕ ေျခစြမ္းက်ဆင္းေနၿပီဆုိတဲ့ သုံးသပ္မႈေတြက ေစာလြန္းတယ္လုိ႔ ဆုိရမယ္။

Cristiano-Ronaldo-Juventus

Cristiano-Ronaldo-Juventus

စီေရာ္နယ္လ္ဒုိရဲ႕ ႀကံ့ခုိင္မႈက ဘယ္လုိအေျခအေနရွိလဲ
ၿပီးခဲ့တဲ့ရာသီက ရီးယဲလ္အသင္းအတြက္ (၄၄)ပဲြသာ ကစားခဲ့ရတာက စီေရာ္နယ္လ္ဒုိရဲ႕ ရီးယဲလ္ကစားသမားဘ၀မွာ အနည္းဆုံးအေရအတြက္ျဖစ္ခဲ့တယ္။ ဒါေပမဲ့ ဒဏ္ရာေၾကာင့္ လဲြေခ်ာ္ခဲ့တာက (၂)ပဲြသာရွိခဲ့ၿပီး လိဂ္ပဲြအေတာ္မ်ားမ်ားမွာ နည္းျပက အနားေပးခဲ့တာေတြလည္းရွိတယ္။ စီေရာ္နယ္လ္ဒုိကုိယ္တိုင္ကလည္း အရင္တုန္းကလုိ ေတာင္ပံေတြကေန Speed နဲ႔ ထုိးေဖာက္တာထက္ Striker ဆန္ဆန္ ေျပာင္းလဲကစားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ကစားခဲ့တဲ့(၄၄)ပဲြမွာ (၃၁)ပဲြက Striker ေနရာမွာ ကစားခဲ့သလုိ (၁၃)ပဲြသာ Winger အျဖစ္ကစားခဲ့တာပါ။ ၿပီးခဲ့တဲ့ေမလတုန္းက စီေရာ္နယ္လ္ဒုိ ေျပာခဲ့တဲ့စကားရွိပါတယ္။ အဲဒါကေတာ့ “အခုအခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕ဇီ၀ေဗဒဆုိင္ရာအသက္(biological age)က (၂၃)ေလာက္ပဲရွိေသးတယ္လုိ႔ ခံစားမိပါတယ္။ ကၽြန္ေတာ့္အတြက္ အခ်ိန္အမ်ားႀကီး က်န္ပါေသးတယ္။ အသက္(၄၁)ႏွစ္မတိုင္ခင္အထိ ေဘာလုံးကစားႏုိင္တဲ့အေနအထားရွိပါတယ္”လုိ႔ ဆုိခဲ့တယ္။

REF:BBC
Photo:DeviantArt,AS,newsx.com,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

C.Ronaldo ကို ခေါ်ယူခဲ့တာက ဂျူဗင်တပ်စ်အသင်းအတွက် မှန်ကန်တဲ့ လုပ်ရပ်လား

ဂျူဗင်တပ်စ်အသင်းဟာ ရီးယဲလ်အသင်းရဲ့ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ကို ယူရိုသန်း(၁၀၀)(ထပ်ဆောင်းပေးရမယ့် ယူရို ၁၂ သန်းမပါ) (ပေါင်၉၉.၂သန်း)နဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ခေါ်ယူခဲ့ပါပြီ။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းအတွက် (၄၃၈)ပွဲကစား၊ (၄၅၀)ဂိုးသွင်းခဲ့ပြီး (၉)နှစ်အတွင်း ချန်ပီယံလိဂ်(၄)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၅)ခုရယူခဲ့သလို တစ်ဦးချင်းအကောင်းဆုံးတွေ အများကြီးရယူခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့ အသက်က (၃၃)နှစ်အထိရှိနေပါပြီ။ အသက်(၃၃)နှစ်အရွယ်ကစားသမားတစ်ဦးကို ယူရိုသန်း(၁၀၀)ကျော်ပေးပြီး ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ လုပ်ရပ်က မှန်ကန်ရဲ့လား၊ စီရော်နယ်လ်ဒိုရဲ့ ခြေစွမ်းကရော ကျဆင်းနေပြီလားဆိုတာ ဗြိတိန်နာမည်ကျော် သတင်းဌာန BBC ရဲ့ အားကစားကျွမ်းကျင်သူတွေက အခုလို သုံးသပ်ခဲ့တယ် . . . .

World-Record-Transfer-Fee

World-Record-Transfer-Fee

ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးစာရင်းမှာ စီရော်နယ်လ်ဒို ဘယ်အဆင့်မှာ ရှိလဲ
တကယ်လို့ ထပ်ဆောင်းပေးရမယ့် ယူရို(၁၂)သန်းကို ထည့်မတွက်ဘဲ ယူရိုသန်း(၁၀၀)သာနဲ့ တွက်ချက်မယ်ဆိုရင် စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးကစားသမားစာရင်းမှာ အဆင့်(၆)အဖြစ် အသင်းဖော်ဟောင်း ဂါရတ်ဘေးလ် Gareth Bale နဲ့အတူရပ်တည်နေတယ်။ အသက်(၃၀)ကျော်ကစားသမားထဲမှာတော့ စီရော်နယ်လ်ဒိုဟာ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် ဘိုနူချီ Bonucci (ဂျူဗင်တပ်စ်မှ အေစီမီလန် ယူရိုသန်း ၄၀)ကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့ပါပြီ။

Cristiano-Ronaldo-signing-withJuventus

Cristiano-Ronaldo-signing-withJuventus

စီရော်နယ်လ်ဒိုရဲ့ခြေစွမ်း ကျဆင်းနေပြီလား
မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းအတွက် သူ သွင်းယူခဲ့တဲ့ (၄၄)ဂိုးဆိုတာက ရီးယဲလ်ကစားသမားဘဝတစ်လျှောက် တတိယမြောက် သွင်းဂိုးအနည်းဆုံးဖြစ်ခဲ့ပေမယ့် တစ်ပွဲကို တစ်ဂိုးနှုန်းလောက် သွင်းယူခဲ့တာပါ။ စီရော်နယ်လ်ဒိုဟာ လာလီဂါနောက်ဆုံး(၁၃)ပွဲမှာလည်း (၂၂)ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက်ရယူခဲ့ပြီး ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးဆုကိုလည်း (၆)ရာသီဆက်ရယူခဲ့သူ။ နောက်ဆုံး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတောင် ပေါ်တူဂီအသင်းအတွက် (၄)ဂိုးသွင်းခဲ့ပြီး သွင်းဂိုးအများဆုံးကစားသမားစာရင်းထဲမှာ တစ်ဦးအပါအဝင်အဖြစ် ရပ်တည်ခဲ့သူ။ ဒီမှတ်တမ်းတွေအရ စီရော်နယ်လ်ဒိုရဲ့ ခြေစွမ်းကျဆင်းနေပြီဆိုတဲ့ သုံးသပ်မှုတွေက စောလွန်းတယ်လို့ ဆိုရမယ်။

Cristiano-Ronaldo-Juventus

Cristiano-Ronaldo-Juventus

စီရော်နယ်လ်ဒိုရဲ့ ကြံ့ခိုင်မှုက ဘယ်လိုအခြေအနေရှိလဲ
ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းအတွက် (၄၄)ပွဲသာ ကစားခဲ့ရတာက စီရော်နယ်လ်ဒိုရဲ့ ရီးယဲလ်ကစားသမားဘဝမှာ အနည်းဆုံးအရေအတွက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာက (၂)ပွဲသာရှိခဲ့ပြီး လိဂ်ပွဲအတော်များများမှာ နည်းပြက အနားပေးခဲ့တာတွေလည်းရှိတယ်။ စီရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း အရင်တုန်းကလို တောင်ပံတွေကနေ Speed နဲ့ ထိုးဖောက်တာထက် Striker ဆန်ဆန် ပြောင်းလဲကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ကစားခဲ့တဲ့(၄၄)ပွဲမှာ (၃၁)ပွဲက Striker နေရာမှာ ကစားခဲ့သလို (၁၃)ပွဲသာ Winger အဖြစ်ကစားခဲ့တာပါ။ ပြီးခဲ့တဲ့မေလတုန်းက စီရော်နယ်လ်ဒို ပြောခဲ့တဲ့စကားရှိပါတယ်။ အဲဒါကတော့ “အခုအချိန်မှာ ကျွန်တော့်ရဲ့ဇီဝဗေဒဆိုင်ရာအသက်(biological age)က (၂၃)လောက်ပဲရှိသေးတယ်လို့ ခံစားမိပါတယ်။ ကျွန်တော့်အတွက် အချိန်အများကြီး ကျန်ပါသေးတယ်။ အသက်(၄၁)နှစ်မတိုင်ခင်အထိ ဘောလုံးကစားနိုင်တဲ့အနေအထားရှိပါတယ်”လို့ ဆိုခဲ့တယ်။

REF:BBC
Photo:DeviantArt,AS,newsx.com,Getty Images
Naing Linn(Akhayar)
www.akhayar.com