[Zawgyi] 

Tablet တစ္လံုးဝယ္ဖို႔စဥ္းစားေနတာလား။ အခုအခ်ိန္မွာ ျမန္မာေငြ ၅ သိန္းဝန္းက်င္နဲ႔ေတာ့ Tablet ေကာင္းေကာင္းတစ္လံုးရဖို႔ဆိုရင္ေရြးစရာသိပ္ရွိွမွာမဟုတ္ပါဘူး။ အဲ့ဒီေတာ့ iPad ပဲေပါ့။ iPad ကို iPad 4 အထိထုတ္ခဲ့ၿပီး iPad Air နဲ႔ iPad Pro ေတြက iPad ဆိုတဲ့ေနရာကိုျပန္ဝင္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တန္ဖိုးသင့္ iPad အေနနဲ႔ iPad ဆိုၿပီး ဘာနံပါတ္မွမပါပဲ ျမန္မာေငြ ငါးသိန္းဝန္းက်င္ရွိတဲ့ iPad ကို Apple ကစတင္ေရာင္းခ်ခဲ့ပါတယ္။ အခုနွစ္အတြက္လည္း iPad အသစ္ထပ္ထြက္လာၿပီးေတာ့ iPad 2018 လို႔ပဲေခၚမွအဆင္ေျပမွာပါ။ iPad ဆိုရင္ အရင္က iPad 5th Generation 2017 နဲ႔ေရာေနလို႔ပါ။ အဲ့ဒီေတာ့ iPad 2017 နဲ႔ iPad 2018 ဆိုၿပီးျဖစ္သြားပါၿပီ။ 

အရင္ဆံုးအေနနဲ႔ေတာ့ iPad 2017 ထက္ iPad 2018 ကဘာေတြပိုေကာင္းလာသလဲဆိုတာက သင္သိသင့္တဲ့အခ်က္ပါပဲ။ iPad 2018 ကိုၾကည့္မယ္ဆိုရင္အျမင္ပိုင္းမွာ iPad 2017 နဲ႔ကြဲျပားတဲ့ေျပာင္းလဲမႈမ်ိဳးကိုေတြ႕ရမွာမဟုတ္ေပမယ့္ အထဲမွာပါတဲ့ A10 Fusion Chip ကေတာ့ iPad 2017 ရဲ႕ A9 Chip ထက္ေတာ့ သိသိသာသာပိုျမန္လာေစပါတယ္။ iPad 2018 မွာအႀကီးမားဆံုးေျပာင္းလဲမႈလို႔ေျပာလို႔ရတာကေတာ့ Apple Pencil နဲ႔တြဲၿပီးသံုးလို႔ရလာတာပဲျဖစ္ပါတယ္။ Apple Pencil ကေတာ့ အရင္က iPad Pro ေတြမွာပဲအသံုးျပဳလို႔ရခဲ့တာျဖစ္ပါတယ္။ အခုေတာ့ Apple Pencil ကိုသံုးခ်င္တယ္ဆိုရင္ iPad Pro ကိုဝယ္စရာမလိုေတာ့ပါဘူး။ က်န္တဲ့အခ်က္ေတြမွာေတာ့ အရင္ iPad 2017 နဲ႔အမ်ားႀကီးကြာျခားမွာမဟုတ္ပါဘူး။ 

iPad အသစ္ကိုဘယ္သူေတြဝယ္သင့္လဲ?

သင့္ဆီမွာ iPad 4 ၊ iPad mini 4 လိုမ်ိဳး iPad အေဟာင္းတစ္ခုခုရွိေနတယ္ iPad အသစ္လည္းလိုခ်င္တယ္ iPad Pro ကိုလည္းမဝယ္ခ်င္ဘူးဆိုရင္ iPad 2018 ကသင့္အတြက္ ေရြးခ်ယ္စရာတစ္ခုပါပဲ။ ေနာက္တစ္ခုကေတာ့ သင္ကအခုမွ iPad ကိုစသံုးမယ့္သူဆိုရင္ေတာ့ iPad 2018 ကိုစဝယ္တာအေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ တစ္ကယ္လို႔ သင္က iPad ကိုအရင္ကလည္းသံုးဖူးတယ္၊ iPad ေတြနဲ႔ဘာေတြလုပ္လို႔ရလဲဆိုတာေကာင္းေကာင္းသိတဲ့သူဆိုရင္ေတာ့ iPad Pro ေတြကိုသာဝယ္သင့္ပါတယ္။ iPad Pro ကို Apple Pencil သံုးခ်င္တာတစ္ခုတည္းအတြက္နဲ႔ဝယ္ဖို႔မဆံုးျဖတ္သင့္ပါဘူး။ Tablet ေကာင္းေကာင္းသံုးခ်င္သူေတြအတြက္ေတာ့ iPad Pro ေတြထက္ေစ်းသက္သာၿပီး iPad Pro ေတြနီးနီးေကာင္းေကာင္းသံုးလို႔ရတဲ့ iPad ဆိုရင္ iPad 2018 ကအေကာင္းဆံုးပါပဲ။ 

iPad 2018 ကို Silver ၊ Gold နဲ႔ Space Gray အေရာင္ေတြနဲ႔ရႏိုင္မွာျဖစ္ၿပီး 32GB Version နဲ႔ 128GB Version ႏွစ္မ်ိဳးကိုဝယ္လို႔ရႏိုင္မွာပဲျဖစ္ပါတယ္။ Apple Pencil ကိုေတာ့ သီးသန္႔ဝယ္ရမွာျဖစ္ၿပီး ျမန္မာေငြ တစ္သိန္းေျခာက္ေသာင္းခန္႔ရွိႏိုင္ပါတယ္။ iPad ကို Bluetooth Keyboard အခ်ိဳ႕နဲ႔လည္းတြဲဖက္အသံုးျပဳႏိုင္တာေၾကာင့္ ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။ အခုအခ်ိန္မွာေတာ့ iPad ေတြထဲမွာ သံုးလို႔ေကာင္းၿပီး ေစ်းအသက္သာဆံုးျဖစ္လို႔လူႀကိဳက္မ်ားမွာပါ။ ျမန္မာႏိုင္ငံကိုေတာ့ သႀကၤန္အၿပီးေလာက္မွာဝင္ေရာက္လာမယ္လို႔ခန္႔မွန္းထားရပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iPad 2018 သို့မဟုတ် iPad 6th Generation ကဘယ်သူတွေအတွက်လဲ

Tablet တစ်လုံးဝယ်ဖို့စဉ်းစားနေတာလား။ အခုအချိန်မှာ မြန်မာငွေ ၅ သိန်းဝန်းကျင်နဲ့တော့ Tablet ကောင်းကောင်းတစ်လုံးရဖို့ဆိုရင်ရွေးစရာသိပ်ရှှိမှာမဟုတ်ပါဘူး။ အဲ့ဒီတော့ iPad ပဲပေါ့။ iPad ကို iPad 4 အထိထုတ်ခဲ့ပြီး iPad Air နဲ့ iPad Pro တွေက iPad ဆိုတဲ့နေရာကိုပြန်ဝင်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တန်ဖိုးသင့် iPad အနေနဲ့ iPad ဆိုပြီး ဘာနံပါတ်မှမပါပဲ မြန်မာငွေ ငါးသိန်းဝန်းကျင်ရှိတဲ့ iPad ကို Apple ကစတင်ရောင်းချခဲ့ပါတယ်။ အခုနှစ်အတွက်လည်း iPad အသစ်ထပ်ထွက်လာပြီးတော့ iPad 2018 လို့ပဲခေါ်မှအဆင်ပြေမှာပါ။ iPad ဆိုရင် အရင်က iPad 5th Generation 2017 နဲ့ရောနေလို့ပါ။ အဲ့ဒီတော့ iPad 2017 နဲ့ iPad 2018 ဆိုပြီးဖြစ်သွားပါပြီ။ 

အရင်ဆုံးအနေနဲ့တော့ iPad 2017 ထက် iPad 2018 ကဘာတွေပိုကောင်းလာသလဲဆိုတာက သင်သိသင့်တဲ့အချက်ပါပဲ။ iPad 2018 ကိုကြည့်မယ်ဆိုရင်အမြင်ပိုင်းမှာ iPad 2017 နဲ့ကွဲပြားတဲ့ပြောင်းလဲမှုမျိုးကိုတွေ့ရမှာမဟုတ်ပေမယ့် အထဲမှာပါတဲ့ A10 Fusion Chip ကတော့ iPad 2017 ရဲ့ A9 Chip ထက်တော့ သိသိသာသာပိုမြန်လာစေပါတယ်။ iPad 2018 မှာအကြီးမားဆုံးပြောင်းလဲမှုလို့ပြောလို့ရတာကတော့ Apple Pencil နဲ့တွဲပြီးသုံးလို့ရလာတာပဲဖြစ်ပါတယ်။ Apple Pencil ကတော့ အရင်က iPad Pro တွေမှာပဲအသုံးပြုလို့ရခဲ့တာဖြစ်ပါတယ်။ အခုတော့ Apple Pencil ကိုသုံးချင်တယ်ဆိုရင် iPad Pro ကိုဝယ်စရာမလိုတော့ပါဘူး။ ကျန်တဲ့အချက်တွေမှာတော့ အရင် iPad 2017 နဲ့အများကြီးကွာခြားမှာမဟုတ်ပါဘူး။ 

iPad အသစ်ကိုဘယ်သူတွေဝယ်သင့်လဲ?

သင့်ဆီမှာ iPad 4 ၊ iPad mini 4 လိုမျိုး iPad အဟောင်းတစ်ခုခုရှိနေတယ် iPad အသစ်လည်းလိုချင်တယ် iPad Pro ကိုလည်းမဝယ်ချင်ဘူးဆိုရင် iPad 2018 ကသင့်အတွက် ရွေးချယ်စရာတစ်ခုပါပဲ။ နောက်တစ်ခုကတော့ သင်ကအခုမှ iPad ကိုစသုံးမယ့်သူဆိုရင်တော့ iPad 2018 ကိုစဝယ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ကယ်လို့ သင်က iPad ကိုအရင်ကလည်းသုံးဖူးတယ်၊ iPad တွေနဲ့ဘာတွေလုပ်လို့ရလဲဆိုတာကောင်းကောင်းသိတဲ့သူဆိုရင်တော့ iPad Pro တွေကိုသာဝယ်သင့်ပါတယ်။ iPad Pro ကို Apple Pencil သုံးချင်တာတစ်ခုတည်းအတွက်နဲ့ဝယ်ဖို့မဆုံးဖြတ်သင့်ပါဘူး။ Tablet ကောင်းကောင်းသုံးချင်သူတွေအတွက်တော့ iPad Pro တွေထက်ဈေးသက်သာပြီး iPad Pro တွေနီးနီးကောင်းကောင်းသုံးလို့ရတဲ့ iPad ဆိုရင် iPad 2018 ကအကောင်းဆုံးပါပဲ။ 

iPad 2018 ကို Silver ၊ Gold နဲ့ Space Gray အရောင်တွေနဲ့ရနိုင်မှာဖြစ်ပြီး 32GB Version နဲ့ 128GB Version နှစ်မျိုးကိုဝယ်လို့ရနိုင်မှာပဲဖြစ်ပါတယ်။ Apple Pencil ကိုတော့ သီးသန့်ဝယ်ရမှာဖြစ်ပြီး မြန်မာငွေ တစ်သိန်းခြောက်သောင်းခန့်ရှိနိုင်ပါတယ်။ iPad ကို Bluetooth Keyboard အချို့နဲ့လည်းတွဲဖက်အသုံးပြုနိုင်တာကြောင့် တော်တော်လေးအဆင်ပြေပါတယ်။ အခုအချိန်မှာတော့ iPad တွေထဲမှာ သုံးလို့ကောင်းပြီး ဈေးအသက်သာဆုံးဖြစ်လို့လူကြိုက်များမှာပါ။ မြန်မာနိုင်ငံကိုတော့ သင်္ကြန်အပြီးလောက်မှာဝင်ရောက်လာမယ်လို့ခန့်မှန်းထားရပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။