This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီရန္ကို အႏုိင္ကစားၿပီး ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းခဲ့တဲ့ စပိန္အသင္း

အေစာပိုင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ အုပ္စုတြင္း အဓိက ၿပိဳင္ဘက္ ေပၚတူဂီအသင္း အႏိုင္ရရွိခဲ့လို႔ စပိန္အတြက္ အခုပြဲစဥ္ဟာ အေရးပါခဲ့ၿပီး မျဖစ္မေန အႏိုင္ကစားဖို႔ လိုအပ္ခဲ့တယ္။ အေရးပါတဲ့ ပြဲစဥ္မွာ ကိုယ့္ထက္ေျခစြမ္းနိမ့္တဲ့ အီရန္လိုအသင္းနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ စပိန္တို႔ အႏိုင္ရဖို႔ ရုန္းကန္ခဲ့ရၿပီး တိုက္စစ္မွဴး ဒီေယဂိုေကာ္စတာရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့တယ္။ (၂)သင္းစလံုးအတြက္ အေရးပါတဲ့ ပြဲစဥ္ျဖစ္လို႔ အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။ အီရန္အသင္းက အေျပာင္းအလဲ သိပ္မရွိခဲ့ေပမယ့္ စပိန္အသင္းကေတာ့ အေျပာင္းအလဲ တခ်ိဳ႔ျပဳလုပ္ခဲ့တယ္။ ဒဏ္ရာက ျပန္လည္သက္သာလာတဲ့ ေနာက္ခံလူ ကာဗာဟယ္ ပြဲထြက္လူစာရင္းမွာ ပါဝင္လာခဲ့ၿပီး ဗက္ဇ္ေကး၊ အစၥကို အစရွိတဲ့ ကစားသမားေတြ ပြဲထြက္ လူစာရင္းမွာ ပါဝင္လာခဲ့တယ္။ စပိန္အသင္းက ေဘာလံုး ပိုင္ဆိုင္မႈ အသာစီးရယူၿပီး ထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ အီရန္အသင္းကလည္း တန္ျပန္တိုက္စစ္ကေန စပိန္ခံစစ္ကုိ အလုပ္ရႈပ္ေစခဲ့တယ္။ ပထမပိုင္းမွာ စပိန္အသင္း ေဘာလံုးပိုင္ဆိုင္မႈ အသာစီးရယူၿပီး ထိုးေဖာက္ခဲ့ေပမယ့္ အီရန္္ခံစစ္ေၾကာင္းကို မေက်ာ္ႏိုင္ခဲ့လို႔ ဂိုးမရွိ သေရရလဒ္နဲ႔ ၿပီးဆံုးခဲ့တယ္။

Iran-Spain-Match

Iran-Spain-Match

ဒုတိယပိုင္းမွာေတာ့ စပိန္အသင္း လုိအပ္ေနတဲ့ ဦးေဆာင္ဂိုးကုိ ရရွိခဲ့ၿပီး ပြဲကစားခ်ိန္ (၅၄)မိနစ္မွာ တိုက္စစ္မွဴး ဒီေယဂိုေကာ္စတာက သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၆၂)မိနစ္မွာ အီရန္တို႔ ေခ်ပဂိုး ျပန္လည္ ရရွိခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က လူကၽြံ႕ေဘာအျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။ လက္က်န္ ပြဲကစားခ်ိန္ေတြမွာ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ထုိးေဖာက္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ျခင္းမရွိလို႔ စပိန္အသင္းက အႏုိင္ရရွိခဲ့ၿပီး ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ အေျခအေနေကာင္းသြားခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ရံႈးနိမ့္ခဲ့တဲ့ အီရန္အသင္းကေတာ့ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ေပၚတူဂီအသင္းကို အႏိုင္ကစားႏိုင္မွ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို စပိန္တိုက္စစ္မွဴး ဒီေယဂိုေကာ္စတာက ရရွိခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီရန်ကို အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းခဲ့တဲ့ စပိန်အသင်း

အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အုပ်စုတွင်း အဓိက ပြိုင်ဘက် ပေါ်တူဂီအသင်း အနိုင်ရရှိခဲ့လို့ စပိန်အတွက် အခုပွဲစဉ်ဟာ အရေးပါခဲ့ပြီး မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့တယ်။ အရေးပါတဲ့ ပွဲစဉ်မှာ ကိုယ့်ထက်ခြေစွမ်းနိမ့်တဲ့ အီရန်လိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် စပိန်တို့ အနိုင်ရဖို့ ရုန်းကန်ခဲ့ရပြီး တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။ (၂)သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။ အီရန်အသင်းက အပြောင်းအလဲ သိပ်မရှိခဲ့ပေမယ့် စပိန်အသင်းကတော့ အပြောင်းအလဲ တချို့ပြုလုပ်ခဲ့တယ်။ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ နောက်ခံလူ ကာဗာဟယ် ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဗက်ဇ်ကေး၊ အစ္စကို အစရှိတဲ့ ကစားသမားတွေ ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့တယ်။ စပိန်အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အီရန်အသင်းကလည်း တန်ပြန်တိုက်စစ်ကနေ စပိန်ခံစစ်ကို အလုပ်ရှုပ်စေခဲ့တယ်။ ပထမပိုင်းမှာ စပိန်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ထိုးဖောက်ခဲ့ပေမယ့် အီရန်ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့လို့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တယ်။

Diego-Costa-Vs-Isco-Celebrations

Diego-Costa-Vs-Isco-Celebrations

ဒုတိယပိုင်းမှာတော့ စပိန်အသင်း လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့ပြီး ပွဲကစားချိန် (၅၄)မိနစ်မှာ တိုက်စစ်မှူး ဒီယေဂိုကော်စတာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၆၂)မိနစ်မှာ အီရန်တို့ ချေပဂိုး ပြန်လည် ရရှိခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံ့ဘောအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲကစားချိန်တွေမှာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ စပိန်အသင်းက အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အီရန်အသင်းကတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အနိုင်ကစားနိုင်မှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာက ရရှိခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com