This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလား မွတ္တမ္းဆိုးေတြကို ေခ်ဖ်က္ဖို႔ ႀကိဳးပမ္းလာမယ့္ အီရန္အသင္း

အီရန္အသင္း
ပါရွားျခေသၤ့ေတြလို႔ နာမည္ေျပာင္ ရထားတဲ့ အီရန္အသင္းဟာ ႐ုရွားေျမမွာ က်င္းပမယ့္ ၿပိဳင္ပြဲကို အေစာဆံုး ေျခစစ္ပြဲ ေအာင္ခဲ့တဲ့ အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ အာရွတိုက္ကိုယ္စားျပဳ အသင္းေတြထဲမွာ လက္ရွိ ကမၻာ႔အဆင့္သတ္မွတ္ခ်က္ အျမင့္ဆံုး အသင္းလည္း ျဖစ္ပါတယ္။ အာရွတိုက္ရဲ႕ အေအာင္ျမင္ဆံုး အသင္းေတြထဲက တစ္သင္းအျဖစ္ မွတ္တမ္း၀င္ထားၿပီး အာရွဖလား ခ်န္ပီယံဆုကို (၃)ႀကိမ္ (၁၉၆၈၊ ၁၉၇၂၊ ၁၉၇၆)အထိ ရရွိထားတာျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲကို (၄)ႀကိမ္အထိ ပါ၀င္ယွဥ္ၿပိဳင္ဖူးေပမယ့္ အုပ္စုအဆင့္ကို တစ္ႀကိမ္မွ ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိသလို အေမရိကန္အသင္းကို ၁၉၉၈ ၿပိဳင္ပြဲမွာ အႏိုင္ရတဲ့ ပြဲကသာ အသင္းရဲ႕ တစ္ပြဲတည္းေသာ ကမၻာ႔ဖလားႏိုင္ပြဲျဖစ္ခဲ့ပါတယ္။ အာရွတိုက္ ကိုယ္စားျပဳအသင္းေတြရဲ႕ အစဥ္အလာအတိုင္း အိမ္ျဖည့္ဆိုတဲ့ အဆင့္ထက္ မပိုခဲ့တဲ့ အသင္းျဖစ္ေပမယ့္ ၂၀၁၁ ခုႏွစ္ကတည္းက ကိုင္တြယ္လာခဲ့တဲ့ မန္ယူလက္ေထာက္နည္းျပေဟာင္း ကြီးေရာ့ဇ္ရဲ႕ လက္ထက္မွာ အသင္းက အသားက်လာခဲ့ၿပီး အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကိုပါ ျပသလာႏိုင္ခဲ့ပါတယ္။ အီရန္အသင္းကို ကိုင္တြယ္လာတာ (၈)ႏွစ္ေက်ာ္ ၾကာျမင့္လာခဲ့ကာ အသင္းကို ေျခစြမ္းပိုင္း တိုးတက္လာေအာင္ ကြီးေရာ႔ဇ္ စြမ္းေဆာင္ႏိုင္ေပမယ့္ သူ႔လက္ထက္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈမ်ိဳး မရရွိေသးလို႔ ႐ုရွားေျမေပၚက ၿပိဳင္ပြဲမွာ အသင္းကို အိမ္ျဖည့္ဆိုတဲ့ အဆင့္ကေန ႐ုန္းထြက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

Iran-World-Cup-Squad

Iran-World-Cup-Squad

ကမၻာ႔ဖလားသမိုင္းေၾကာင္း
သမိုင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားၿပိဳင္ပြဲကို (၄)ႀကိမ္အထိ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ေပမယ့္ (၄)ႀကိမ္စလံုး အုပ္စုအဆင့္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘဲ ကမၻာ႔ဖလား ႏိုင္ပြဲ (၁)ပြဲသာ ရယူထားႏိုင္တဲ့အထိ ဆိုးရြားတဲ့ မွတ္တမ္းေတြ ရွိေနတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ ေနာက္ဆံုးအဆင့္ ၿပိဳင္ပြဲကို ပါ၀င္ခြင့္ရတာကိုက အီရန္အတြက္ အေအာင္ျမင္ဆံုး မွတ္တမ္းလို႔ ဆိုရမွာ ျဖစ္ပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲအဆင့္မွာ အာရွအင္အားႀကီးအသင္းေတြျဖစ္တဲ့ ေတာင္ကိုရီးယား၊ ဆီရီယား၊ ဥဇဘတ္၊ တ႐ုတ္နဲ႔ ကာတာတို႔လို႔ အသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ေပမယ့္ အေကာင္းဆံုးဆိုတဲ့ စြမ္းေဆာင္ရည္ေတြကို ျပသခဲ့ၿပီး ၂၀၁၈ ၿပိဳင္ပြဲကို ပထမဆံုး ေျခစစ္ပြဲ ေအာင္တဲ့ အသင္းအျဖစ္ မွတ္တမ္းေကာင္း တစ္ခုကို ရရွိခဲ့ပါတယ္။ ေျခစစ္ပြဲအဆင့္မွာ (၁၀)ပြဲ ကစားခဲ့ရၿပီး (၆)ပြဲႏိုင္၊ (၄)ပြဲသေရ၊ ႐ံႈးပြဲမရွိဆိုတဲ့ မွတ္တမ္းေတြကို ပိုင္ဆိုင္ခဲ့ၿပီး ရမွတ္ (၂၂)မွတ္အထိ ရရွိကာ အုပ္စု ပထမေနရာကေန တိုက္႐ိုက္ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲတစ္ေလွ်ာက္ လူငယ္တိုက္စစ္ ကစားသမား အက္ဇ္မြန္းက အသင္းသြင္းဂိုးေတြရဲ႕ ထက္၀က္ခန္႔ကို သြင္းယူေပးခဲ့ၿပီး ေျခစစ္ပြဲ ေအာင္ျမင္ေအာင္ အဓိက ေနရာကေန စြမ္းေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

Iran-Star-Sardar-Azmoun

Iran-Star-Sardar-Azmoun

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ျပည္တြင္းအေျခစိုက္ ကစားသမားေတြနဲ႔ ဥေရာပအေျခစိုက္ ကစားသမားေတြကို အခ်ိဳးက်က် ေပါင္းစပ္ဖြဲ႔စည္းထားၿပီး ေျခစြမ္းထက္ လူငယ္အမ်ားစုက အၿပီးသတ္ လူစာရင္းမွာ ပါ၀င္လာခဲ့ပါတယ္။ ဂရိကလပ္ ေအအီးေကေအသင္အသင္းရဲ႕ ၀ါရင့္ကြင္းလယ္လူ မာဆြတ္က အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္လာမွာျဖစ္ၿပီး ေဘာလံုးပရိသတ္နဲ႔ စိမ္းေနတဲ့ ကစားသမား အမ်ားစုကို ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာေတာ့ နယ္သာလန္ကလပ္ ဟီရန္ဗင္းအသင္းရဲ႕ ၀ါရင့္တိုက္စစ္ကစားသမား ရီဇာပါ၀င္လာခဲ့ၿပီး ႐ုရွားကလပ္ ႐ူဘင္ကာဇန္အသင္းမွာ ကစားေနတဲ့ လူငယ္တုိက္စစ္ကစားသမား အက္ဇ္မြန္းကေတာ့ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမား ျဖစ္ပါတယ္။ ေျခစစ္ပြဲအဆင့္မွာ အသင္းအတြက္ အေရးပါတဲ့ သြင္းဂိုးေတြ သြင္းယူေပးခဲ့သလို ဂႏၳ၀င္တိုက္စစ္ကစားသမားေဟာင္း အလီခါရာမီလက္သစ္လို႔ အီရန္ျပည္သူေတြရဲ႕ တင္စားျခင္းကို ခံထားရတဲ့ အက္ဇ္မြန္းအေနနဲ႔ ဂႏၳ၀င္ကစားသမားေတာင္ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ကမၻာ႔ဖလား အိမ္ျဖည့္အသင္းဆိုတဲ့ ႏွိမ္ခ်မႈေတြကေန လြတ္ေျမာက္ေအာင္ သြင္းဂိုးေတြနဲ႔ စြမ္းေဆာင္ေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမယ့္ ကစားသမားျဖစ္ပါတယ္။

REF:Wikipedia
Photo:TODAYonline, Payvand News, Iran Sports Press
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလား မှတ်တမ်းဆိုးတွေကို ချေဖျက်ဖို့ ကြိုးပမ်းလာမယ့် အီရန်အသင်း

အီရန်အသင်း
ပါရှားခင်္သြေ့တွေလို့ နာမည်ပြောင် ရထားတဲ့ အီရန်အသင်းဟာ ရုရှားမြေမှာ ကျင်းပမယ့် ပြိုင်ပွဲကို အစောဆုံး ခြေစစ်ပွဲ အောင်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အာရှတိုက်ကိုယ်စားပြု အသင်းတွေထဲမှာ လက်ရှိ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အမြင့်ဆုံး အသင်းလည်း ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် မှတ်တမ်းဝင်ထားပြီး အာရှဖလား ချန်ပီယံဆုကို (၃)ကြိမ် (၁၉၆၈၊ ၁၉၇၂၊ ၁၉၇၆)အထိ ရရှိထားတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄)ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ဖူးပေမယ့် အုပ်စုအဆင့်ကို တစ်ကြိမ်မှ ကျော်ဖြတ်နိုင်ခြင်းမရှိသလို အမေရိကန်အသင်းကို ၁၉၉၈ ပြိုင်ပွဲမှာ အနိုင်ရတဲ့ ပွဲကသာ အသင်းရဲ့ တစ်ပွဲတည်းသော ကမ္ဘာ့ဖလားနိုင်ပွဲဖြစ်ခဲ့ပါတယ်။ အာရှတိုက် ကိုယ်စားပြုအသင်းတွေရဲ့ အစဉ်အလာအတိုင်း အိမ်ဖြည့်ဆိုတဲ့ အဆင့်ထက် မပိုခဲ့တဲ့ အသင်းဖြစ်ပေမယ့် ၂၀၁၁ ခုနှစ်ကတည်းက ကိုင်တွယ်လာခဲ့တဲ့ မန်ယူလက်ထောက်နည်းပြဟောင်း ကွီးရော့ဇ်ရဲ့ လက်ထက်မှာ အသင်းက အသားကျလာခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေကိုပါ ပြသလာနိုင်ခဲ့ပါတယ်။ အီရန်အသင်းကို ကိုင်တွယ်လာတာ (၈)နှစ်ကျော် ကြာမြင့်လာခဲ့ကာ အသင်းကို ခြေစွမ်းပိုင်း တိုးတက်လာအောင် ကွီးရော့ဇ် စွမ်းဆောင်နိုင်ပေမယ့် သူ့လက်ထက်မှာ ကြီးမားတဲ့ အောင်မြင်မှုမျိုး မရရှိသေးလို့ ရုရှားမြေပေါ်က ပြိုင်ပွဲမှာ အသင်းကို အိမ်ဖြည့်ဆိုတဲ့ အဆင့်ကနေ ရုန်းထွက်နိုင်အောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Iran-World-Cup-Squad

Iran-World-Cup-Squad

ကမ္ဘာ့ဖလားသမိုင်းကြောင်း
သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄)ကြိမ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် (၄)ကြိမ်စလုံး အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ကမ္ဘာ့ဖလား နိုင်ပွဲ (၁)ပွဲသာ ရယူထားနိုင်တဲ့အထိ ဆိုးရွားတဲ့ မှတ်တမ်းတွေ ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ပါဝင်ခွင့်ရတာကိုက အီရန်အတွက် အအောင်မြင်ဆုံး မှတ်တမ်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲအဆင့်မှာ အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဆီရီယား၊ ဥဇဘတ်၊ တရုတ်နဲ့ ကာတာတို့လို့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် အကောင်းဆုံးဆိုတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး ၂၀၁၈ ပြိုင်ပွဲကို ပထမဆုံး ခြေစစ်ပွဲ အောင်တဲ့ အသင်းအဖြစ် မှတ်တမ်းကောင်း တစ်ခုကို ရရှိခဲ့ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ (၁၀)ပွဲ ကစားခဲ့ရပြီး (၆)ပွဲနိုင်၊ (၄)ပွဲသရေ၊ ရှုံးပွဲမရှိဆိုတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ရမှတ် (၂၂)မှတ်အထိ ရရှိကာ အုပ်စု ပထမနေရာကနေ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတစ်လျှောက် လူငယ်တိုက်စစ် ကစားသမား အက်ဇ်မွန်းက အသင်းသွင်းဂိုးတွေရဲ့ ထက်ဝက်ခန့်ကို သွင်းယူပေးခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်အောင် အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Iran-Star-Sardar-Azmoun

Iran-Star-Sardar-Azmoun

စောင့်ကြည့်ရမယ့် ကစားသမားများ
ပြည်တွင်းအခြေစိုက် ကစားသမားတွေနဲ့ ဥရောပအခြေစိုက် ကစားသမားတွေကို အချိုးကျကျ ပေါင်းစပ်ဖွဲ့စည်းထားပြီး ခြေစွမ်းထက် လူငယ်အများစုက အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဂရိကလပ် အေအီးကေအေသင်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ မာဆွတ်က အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာမှာဖြစ်ပြီး ဘောလုံးပရိသတ်နဲ့ စိမ်းနေတဲ့ ကစားသမား အများစုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ နယ်သာလန်ကလပ် ဟီရန်ဗင်းအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ရီဇာပါဝင်လာခဲ့ပြီး ရုရှားကလပ် ရူဘင်ကာဇန်အသင်းမှာ ကစားနေတဲ့ လူငယ်တိုက်စစ်ကစားသမား အက်ဇ်မွန်းကတော့ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမား ဖြစ်ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးခဲ့သလို ဂန္ထဝင်တိုက်စစ်ကစားသမားဟောင်း အလီခါရာမီလက်သစ်လို့ အီရန်ပြည်သူတွေရဲ့ တင်စားခြင်းကို ခံထားရတဲ့ အက်ဇ်မွန်းအနေနဲ့ ဂန္ထဝင်ကစားသမားတောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား အိမ်ဖြည့်အသင်းဆိုတဲ့ နှိမ်ချမှုတွေကနေ လွတ်မြောက်အောင် သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်သွားရမယ့် ကစားသမားဖြစ်ပါတယ်။

REF:Wikipedia
Photo:TODAYonline, Payvand News, Iran Sports Press
Aung Kyaw Wai (Akhayar)
www.akhayar.com