This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေမာ္႐ုိကုိတိုက္စစ္မွဴး ဘူဟတ္ဒူ႔ဇ္ရဲ႕ လက္ေဆာင္ဂုိးေၾကာင့္ (၃)မွတ္ရခဲ့တဲ့ အီရန္

၂၀၁၈ ကမၻာ႔ဖလား အုပ္စု(B)ပဲြစဥ္ျဖစ္တဲ့ ေမာ္႐ုိကုိ-အီရန္တို႔ရဲ႕ပဲြမွာေတာ့ ေမာ္႐ုိကုိတိုက္စစ္မွဴး ဘူဟတ္ဒူ႔ဇ္ရဲ႕ ကုိယ့္ဂုိးကုိယ္သြင္းမႈေၾကာင့္ အီရန္အသင္း (၃)မွတ္ စတင္ရရွိခဲ့တယ္။ ႏွစ္သင္းစလုံးက သာမန္အသင္းေတြျဖစ္တာေၾကာင့္ ပဲြက သိပ္ၿပီး စိတ္၀င္စားစရာမေကာင္းခဲ့ဘဲ ႏွစ္သင္းစလုံးအမွားမ်ားခဲ့ပါတယ္။ အီရန္အသင္းက Counter Attacking ကုိ ဦးစားေပးကစားခဲ့ၿပီး ေမာ္႐ုိကုိအသင္းကလည္း ရရွိခဲ့တဲ့ အခြင့္အေရးတခ်ိဳ႕ကုိ အသုံးမခ်ႏုိင္ခဲ့ဘူး။ ပထမပုိင္းမွာ Counter Attack ကေန အီရန္တိုက္စစ္မွဴး အက္ဇ္မြန္ အပုိင္အခြင့္အေရးရခဲ့ေပမယ့္ ေမာ္႐ုိကုိဂုိးသမား ကာကြယ္ႏုိင္ခဲ့တယ္။

Iran-1-0-Morocco

Iran-1-0-Morocco

ေမာ္႐ုိကုိအသငး္မွာ ဘယ္လ္ဟန္ဒါ၊ အမရာဘတ္၊ ဟာကီမီ၊ ဘီနာတီယာ စတဲ့ နာမည္ေက်ာ္ကစားသမားေတြပါ၀င္ခဲ့ေပမယ့္ အီရန္အသင္းကုိ သိသိသာသာ ဖိအားေပးကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။

Iran-1-0-Morocco-

Iran-1-0-Morocco-

အီရန္ဂုိးသမား ဘီရန္ဗန္႔တ္ကလည္း အမွားမရွိဘဲ ေမာ္႐ုိကုိအသင္းရဲ႕ ဂုိးေပါက္ကန္ခ်က္ေတြကုိ ကာကြယ္ႏုိင္ခဲ့တယ္။ သေရရလဒ္နဲ႔ ပဲြၿပီးမယ္လုိ႔ ထင္ေနတုန္းမွာပဲ (၉၄)မိနစ္မွာ အီရန္အသင္းက ဟာဂ်ီဆာဖီရဲ႕ ျဖတ္တင္ေဘာကုိ ကာကြယ္ရာကေန ေမာ္႐ုိကုိတိုက္စစ္မွဴး ဘူဟတ္ဒ႔ူဇ္ ကုိယ့္ဂုိးကုိယ္ ေခါင္းတိုက္သြင္းယူခဲ့သလုိျဖစ္ခဲ့တာေၾကာင့္ အီရန္အသင္း ႏုိင္ပဲြရရွိခဲ့တာျဖစ္ပါတယ္။

Iran-1-0-Morocco-

Iran-1-0-Morocco-

အီရန္အသင္းဟာ ၁၉၉၈ ကမၻာ႔ဖလားအုပ္စုတုန္းက အေမရိကန္ကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ေနာက္ပုိင္း ႏွစ္ေပါင္း(၂၀)အၾကာမွာ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ႏုိင္ပဲြ ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

မော်ရိုကိုတိုက်စစ်မှူး ဘူဟတ်ဒူ့ဇ်ရဲ့ လက်ဆောင်ဂိုးကြောင့် (၃)မှတ်ရခဲ့တဲ့ အီရန်

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု(B)ပွဲစဉ်ဖြစ်တဲ့ မော်ရိုကို-အီရန်တို့ရဲ့ပွဲမှာတော့ မော်ရိုကိုတိုက်စစ်မှူး ဘူဟတ်ဒူ့ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အီရန်အသင်း (၃)မှတ် စတင်ရရှိခဲ့တယ်။ နှစ်သင်းစလုံးက သာမန်အသင်းတွေဖြစ်တာကြောင့် ပွဲက သိပ်ပြီး စိတ်ဝင်စားစရာမကောင်းခဲ့ဘဲ နှစ်သင်းစလုံးအမှားများခဲ့ပါတယ်။ အီရန်အသင်းက Counter Attacking ကို ဦးစားပေးကစားခဲ့ပြီး မော်ရိုကိုအသင်းကလည်း ရရှိခဲ့တဲ့ အခွင့်အရေးတချို့ကို အသုံးမချနိုင်ခဲ့ဘူး။ ပထမပိုင်းမှာ Counter Attack ကနေ အီရန်တိုက်စစ်မှူး အက်ဇ်မွန် အပိုင်အခွင့်အရေးရခဲ့ပေမယ့် မော်ရိုကိုဂိုးသမား ကာကွယ်နိုင်ခဲ့တယ်။

Iran-1-0-Morocco

Iran-1-0-Morocco

မော်ရိုကိုအသင်းမှာ ဘယ်လ်ဟန်ဒါ၊ အမရာဘတ်၊ ဟာကီမီ၊ ဘီနာတီယာ စတဲ့ နာမည်ကျော်ကစားသမားတွေပါဝင်ခဲ့ပေမယ့် အီရန်အသင်းကို သိသိသာသာ ဖိအားပေးကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

Iran-1-0-Morocco-

Iran-1-0-Morocco-

အီရန်ဂိုးသမား ဘီရန်ဗန့်တ်ကလည်း အမှားမရှိဘဲ မော်ရိုကိုအသင်းရဲ့ ဂိုးပေါက်ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့တယ်။ သရေရလဒ်နဲ့ ပွဲပြီးမယ်လို့ ထင်နေတုန်းမှာပဲ (၉၄)မိနစ်မှာ အီရန်အသင်းက ဟာဂျီဆာဖီရဲ့ ဖြတ်တင်ဘောကို ကာကွယ်ရာကနေ မော်ရိုကိုတိုက်စစ်မှူး ဘူဟတ်ဒ့ူဇ် ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်သွင်းယူခဲ့သလိုဖြစ်ခဲ့တာကြောင့် အီရန်အသင်း နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

Iran-1-0-Morocco-

Iran-1-0-Morocco-

အီရန်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားအုပ်စုတုန်းက အမေရိကန်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့နောက်ပိုင်း နှစ်ပေါင်း(၂၀)အကြာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယမြောက်နိုင်ပွဲ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com