Vivo ရဲ့ Sub-Brand အသစ်တစ်ခုဖြစ်လာတဲ့ iQOO က March လ ၁ ရက်နေ့မှာ ၄င်းတို့ရဲ့ပထမဦးဆုံး Premium Flagship စမတ်ဖုန်းသစ်တစ်မျိုးကိုမိတ်ဆက်ဖို့ရှိနေပါတယ်။ Company အနေနဲ့ဖုန်းကိုမိတ်ဆက်ပွဲမကျင်းပခင်မှာပဲ Key Feature တစ်ချို့ကိုထုတ်ပြခဲ့ပါတယ်။ အဲ့တာကတော့ ၁၆ မိနစ်အတွင်းမှာ Battery 50% အထိသွင်းပေးနိုင်မယ့် 44W Vivo Super FlashCharge ပါ။

ဒီအကြောင်းကိုတော့ Weibo စာမျက်နှာပေါ်ကတဆင့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဖုန်းမှာပါဝင်မယ့် Specification ကိုလည်းဖော်ပြခဲ့ပါသေးတယ်။ iQOO Brand နဲ့ထုတ်မယ့် အဲ့ဒီစမတ်ဖုန်းဟာ 6.4 လက်မ AMOLED Super HDR Display ကိုအသုံးပြုထားမှာဖြစ်ပြီး Resolution ကတော့ Full HD+ (2340 x 1080) ရှိမှာဖြစ်ပါတယ်။ Display Ratio ကတော့ 19.5:9 ရှိမယ်လို့ဆိုပါတယ်။ Flagship စမတ်ဖုန်းဖြစ်တာကြောင့် Qualcomm ရဲ့ Snapdragon 855 Chipset 7nm ကိုပဲအသုံးပြုမှာပါ။ RAM 12GB ROM 256GB ကတော့ အမြင့်ဆုံး Version ဖြစ်ပြီး Internal Storage 128GB ကိုတော့ RAM 6GB နဲ့ 8GB ဆိုပြီး Version ၂ မျိုးခွဲထုတ်ပေးသွားနိုင်တယ်လို့သိရပါတယ်။ Photography ပိုင်းအတွက် Triple Camera Setup ကိုအသုံးပြုမှာဖြစ်တယ်လို့သိရပြီး 13MP + 12MP + 2MP Camera Sensor ၃ မျိုးပါဝင်လာမှာပါ။ Self Camera ကိုတော့ 12MP ရှိတဲ့ Camera Sensor တစ်မျိုးတည်းကိုပဲထည့်သွင်းပေးထားမှာဖြစ်တယ်လို့သိရပါတယ်။

OS ပိုင်းမှာတော့ Android Pie Based နဲ့ထုတ်ပေးမှာဖြစ်ပြီး UI ကိုတော့ Color OS ဒါမှမဟုတ် တခြား Custom UI အသစ်တစ်မျိုးမျိုးကိုအသုံးပြုလာမှာပါ။ Gaming အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ Experience တွေရရှိနိုင်ဖို့အတွက် 4D Shock လို့ခေါ်တဲ့ Gaming Feature တစ်ခုကိုလည်းထည့်ပေးထားဦးမှာဖြစ်ပါတယ်။ In-Display Fingerprint Scanner လည်းပါဝင်လာမှာဖြစ်ပြီးအဲ့ဒိ Sensor နည်းပညာက 6th Generation Technology ကိုအသုံးပြုထားတဲ့အတွက် ပိုပြီးမြန်ဆန်ကောင်းမွန်လာမှာဖြစ်ပါတယ်။

iQOO Brand အနေနဲ့သီးသန့်ခွဲထွက်ပြီး ပထမဦးဆုံးမိတ်ဆက်မယ့်ဖုန်းရဲ့ Model အမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ လာမယ့် March ၁ ရက်နေ့မှာတော့ တရုတ်ပြည်အတွက်ပထမဦးဆုံးမိတ်ဆက်ပြသသွားမှာဖြစ်လို့ အဖြေကိုသိရဖို့ တစ်ရက်ပဲလိုပါတော့တယ်။ ဒီဖုန်းမှာပါလာမယ့် Charger စနစ်ဟာ Huawei Mate X ပြီးရင်တော့ Watt အများဆုံးထုတ်ပေးနိုင်တဲ့ Charger ဖြစ်လာပြီး အားသွင်းမြန်နှုန်းကတော့ ဘယ်သူအမြန်ဆုံးဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရပါဦးမယ်။