Apple ဟာမကြာသေးခင်က Iphone 6 Update Version ကို အာရှဈေးကွက် အတွက် Launched လုပ်ခဲ့တယ်လို့ သိရပါတယ်။

Iphone 6 ကို ပထမဆုံး Launched ခဲ့တာကတော့ 2014 မှာ ဖြစ်ပြီး အဲဒီ တုန်းကတော့ Iphone 6 ဟာ 16GB , 64GB နဲ့ 128GB အသီးသီးထွက်ရှိခဲ့ပါတယ်။ Update Version အနေနဲ့ ထွက်ရှိလာမယ့် Iphone 6 ရဲ့ Internal Storage ဟာ 32GB ဖြစ်ပြီး အရောင်ကတော့ ရွှေရောင်ဖြစ်ပါတယ်။ ဖုန်းရဲ့ Specification တွေကတော့ အရင်ကထွက်ရှိခဲ့တာနဲ့တူညီပါတယ်။  အာရှဈေးကွက်အတွက် ထုတ်လုပ်လိုက်တဲ့ ဒီဖုန်းကို အသစ်လို့ ခေါ်ဆိုရတဲ့အကြောင်းကတော့ Apple ဟာ 32GB မော်ဒယ်ကို အရင်က ထုတ်လုပ်ခဲ့ခြင်း မရှိခဲ့လို့ပါပဲ။

Apple ဟာ အသစ်ထွက်ရှိမယ့် Version နဲ့ပတ်သတ်ပြီး ကြီးကြီးမားမားကြေငြာခဲ့ခြင်းမရှိပါဘူး Iphone6 32GB ရွှေရောင်ကို မတ်လ ၁၀ရက် တိုင်ဝမ်မှာ စတင်ရောင်းချမှာဖြစ်ပြီး တရုတ်မှာတော့ ဒီဖုန်းကို Low-Budget Version Iphone လို့ခေါ်ကြောင်းသိရပါတယ်။ Iphnoe 6 32 GB အတွက် Pre-orders မှာယူနိုင်ပြီဖြစ်ပြီး ရွှေရောင်သီးသန့် ပဲမှာလို့ရကြောင်းသိရပါတယ်။ ဒီဖုန်းနဲ့ပတ်သတ်တဲ့ ဈေးနှုန်းကိုတော့ အတိအကျဖော်ပြထားတာကိုတော့ မတွေ့ရသေးပါဘူး။

Jan (Akhayar)

Ref : Gizbot