iPhone ရဲ့ဆယ်နှစ်ပြည့်မှာထုတ်မှာက iPhone 8 ဆိုပြီးလား၊ New iPhone ဆိုတာလားကတော့ သေချာမသိရသေးပေမယ့် ခန့်မှန်းမှုတွေကတော့ အမျိုးမျိုးထွက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်နှစ်ပြည့်အခမ်းအနားမှာတော့ အကောင်းဆုံး iPhone တစ်လုံးကို ကျွန်တော်တို့တွေ့ရမှာပါ။အခုခန့်မှန်းချက်ပေးတဲ့ Cowen and Company က Timothy Arcuri ဆိုတာက iPhone 7 နဲ့ iPhone 7+ တုန်းကလည်း တိကျတဲ့သတင်းတွေကို စုံစမ်းပြီး အချက်အလက်တွေကို ခန့်မှန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

You May Also Like: “ဘောလုံးပွဲ Highlights ကြည့်ကြမယ် (Weekly Special for Akhayar Tech)”

သူပြောတာကတော့ ဒီနှစ်မှာ iPhone အသစ်ကိုတွေ့ရဖို့တော့ သေချာနေပါပြီ။ ပုံမှန်နှစ်မျိုးလောက်သာပွဲထုတ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ iPhone က အမျိုးအစားသုံးမျိုးလောက်အထိ မြင်တွေ့ရဖို့ရှိနေပါတယ်။အခု Arcuri ပြောလိုက်တာက အသစ်ထွက်လာမယ့် iPhone ဟာ iPhone 7+ ထက်မျက်နှာပြင်အရွယ်အစားကြီးနိုင်ပါတယ်။ အရွယ်အစားက 5.8 လက်မ နဲ့ OLED အမျိုးအစားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ကုန်ကြမ်းရဖို့ကတော့ အခက်အခဲရှိနေပါတယ်။နောက်ပြီးတော့အဆိုပါမျက်နှာပြင်မှာ Touch ID system ကိုမြှုပ်ထားမှာဖြစ်ပြီးတော့ Home Button ကိုလည်းမြင်တွေ့ရဖို့မရှိပါဘူး။ Apple အနေနဲ့တော့ သူ့ရဲ့ iPhone မျိုးဆက်သစ်ကို ပွဲထုတ်မယ့်အချိန်ဟာ ၂၀၁၇ ထက်တော့ နောက်မကျနိုင်တာကတော့ အသေအချာပါပဲ။

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: www.redmondpie.com/