[Zawgyi]

iPhone XS Max ထက္ ဘာလို႔ XS ကို ဝယ္သင့္တာလဲ?

အခုခ်ိန္ Legendary စမတ္ဖုန္းတန္းမွာ အသစ္ဆိုလို႔ iPhone XS Max ရယ္ XS ရယ္ Galaxy Note 9 ဖုန္းေတြပဲ ရွိတာပါ။ မၾကာခင္ထြက္လာေတာ့မယ္ iPhone XR ကလည္း သူ႔ Legend နဲ႔သူ ေဒၚလာ ၁၀၀၀ ေအာက္ စမတ္ဖုန္းတန္းမွာ ပြဲစည္ေအာင္ လုပ္ဦးမယ္ဆိုေတာ့ Galaxy Note 9 ကိုခဏဖယ္ထားျပီး Apple Flagship ဖုန္း ၂ လုံး XS Max နဲ႔ XS မွာ ဘာလို႔ iPhone XS ကို ေရြးခ်ယ္တာ ပိုသင့္ေတာ္သလဲဆိုတာ ေဖာ္ျပသြားပါ့မယ္။

XS Max Vs. XS

ပိုေစ်းသက္သာတယ္

iPhone ကိုင္မယ့္လူအတြက္ ဘယ္ေလာက္ေစ်းၾကီးတယ္ ပဓာနမက်ေပမယ့္ Comparison လုပ္ၾကည့္မယ္ဆိုရင္ XS ကို ေရြးခ်ယ္တာ ပိုေကာင္းတယ္လို႔ ေျပာႏိုင္ပါတယ္။ 64GB ေမာ္ဒယ္ကို ေဒၚလာ ၉၉၉ နဲ႔ေရာင္းခ်ေနတာမလို႔ ၁၀၉၉ နဲ႔ေရာင္းခ်ေနတဲ့ XS Max ထက္ ေဒၚလာ ၁၀၀ ေလာက္သက္သာေနတယ္။ Data မ်ားမ်ားသိမ္းဖို႔လိုတယ္ဆိုရင္ 256GB ၊ 512GB ေမာ္ဒယ္ဝယ္တာထက္ iCloud Storage ကို တစ္လ ၀.၉၉ ေဒၚလာဝယ္သုံးျပီး 50GB ရႏိုင္မယ္။

iPhone XS

ဒီလို ေဒၚလာ ၁၀၀ ေခြ်တာထားလိုက္တာက iPhone အတြက္လိုအပ္တဲ့ Accessories ေတြဝယ္လို႔ရသြားသလို ေသးေသးသြယ္သြယ္ က်စ္က်စ္လ်စ္လ်စ္ျဖစ္ေနမယ့္ XS က ပိုသင့္ေတာ္မယ္ထင္ပါတယ္။

Display Quality ခ်င္းအတူတူပဲဆိုေတာ့ XS ကိုင္ရပိုအစဥ္ေျပတယ္

OLED Panel သုံးတာခ်င္း အတူတူဆိုေတာ့ Contrast ၊ Colour Accuracy စတဲ့ Display အရည္ေသြးအားလုံး အတူတူပါပဲ။ ဒါထက္ XS Screen ပိုေသးသြားတဲ့အတြက္ Max ထက္ Pixel Density အတူတူဆိုရင္ေတာင္ PPI ပိုျမင့္တယ္။

OLED Display on iPhone XS Max & XS

ဒီလို 0.6” ေလာက္ Screen ပိုေသးသြားတဲ့အခ်က္က XS ကိုင္ရ ပိုက်စ္က်စ္လ်စ္လ်စ္ရွိသလို ေဘာင္းဘီအိတ္ထဲ ထည့္ရျပဳရတဲ့အခါမ်ိဳးဆို ဖုန္းထိခိုက္မိမွာ စိတ္မပူရပါဘူး။

XS က ပိုေပါ့ပါးတယ္

ဖုန္းတစ္လုံးကိုင္ရတာ ေသးေသးသြယ္သြယ္ျဖစ္တယ္၊ Weight မေလးဘူးဆိုရင္ Screen Size ၾကီးေနပါေစ လူတကာ သေဘာက်တဲ့အခ်က္ျဖစ္တာမလို႔ 177g အေလးခ်ိန္ပဲရွိတဲ့ XS က 208g ေလးတဲ့ Max ထက္ Portable ပိုဆန္ ၊ ကိုင္ရပိုေကာင္းတယ္။

Smaller in size means less weight

Performance လည္း အတူတူပဲ

အရင္က ပိုၾကီးတဲ့ဖုန္းဆိုရင္ Performance ပိုေကာင္းတယ္ ေျပာရေပမယ့္ XS Max နဲ႔ XS တို႔က် Sibling အမႊာ ညီအစ္ကိုေတြလို႔ ေျပာရင္ ပိုသဘာဝက်ပါတယ္။ A12 Bionic Chip ပဲ သုံးထားလို႔  ဖုန္း ၂ မ်ိဳးလုံး စြမ္းေဆာင္ရည္ အတူတူပဲေျပာရသလို Price Tag အရ ဆုံးျဖတ္ရမယ္ဆိုရင္ XS က သင့္ေတာ္တဲ့ ေရြးခ်ယ္မႈပါ။

The most powerful A12 Bionic Chip

Back Camera လုပ္ေဆာင္ခ်က္ျခင္းလည္း အတူတူပဲ

XS Max နဲ႔ ေက်ာဘက္ Dual Camera ခ်င္းအတူတူပဲဆိုေတာ့ DxOMark ေပးတဲ့ ရမွတ္ခ်င္းလည္း အတူတူပါ။ f/1.8 ရွိတဲ့ 12MP Main ကင္မရာကို f/2.4 ရွိတဲ့ Telephoto 12MP ကင္မရာနဲ႔ တြဲေပးထားတာဆိုေတာ့ Zoom ၁၀ ဆခ်ဲ႕ဆြဲ ရိုက္ကူးႏိုင္သလို DxOMark 105 မွတ္ရွိတာမလို႔ ေသးေသးေလးနဲ႔ အဆိပ္ျပင္းတဲ့ XS က ေရြးခ်ယ္စရာပါ။

Back Dual Camera

Front Camera လည္း အတူတူပဲ

iPhone 7 ကတည္းက သုံးလာတဲ့ 7MP ေရွ႕ကင္မရာေလးက f/2.2 ရွိသလို Retina Flash ၊ Smart HDR နည္းပညာနဲ႔ Portrait Mode ထဲမွာ Bokeh နဲ႔ Depth Control ပါဝင္လာလို႔ Selfie ဆြဲတဲ့ေနရာမွာလည္း XS Max နဲ႔ တန္းတူရွိေနသလို ျပိဳင္ဖက္ေတြထက္လည္း ပိုအားသာေနတယ္။

The same front camera

IP68 နဲ႔ ေရစို၊ ဖုန္ဝင္မွာ မပူရဘူး

XS Max လိုပဲ IP68 Rating ရွိတာမလို႔ XS ဝယ္ထားရင္ ေရစိုတာ၊ ဖုန္ဝင္မွာ ေထြေထြထူးထူး စိတ္ပူေနစရာမလိုပါဘူး။

iPhone XS also has iP68 Standard

eSIM နည္းပညာနဲ႔ Dual Sim သုံးႏိုင္ေသးတယ္

စက္တင္ဘာ Event မွာ မိတ္ဆက္လိုက္တဲ့ eSIM နည္းပညာကို iPhone ေမာ္ဒယ္အသစ္မွာ သုံးလာခဲ့ျပီမလို႔ XS Max ပဲကိုင္ကိုင္ XS ပဲကိုင္ကိုင္ ဒီအားသာခ်က္ေတြ ပိုင္ဆိုင္ေနဦးမွာပါ။

Also supports eSIM

ဒါေၾကာင့္မလို႔ နည္းပညာအားသာခ်က္လည္းတူ ေသးေသးက်စ္က်စ္လည္းျဖစ္ ေစ်းလည္းပိုသက္သာတဲ့ iPhone XS က ခုေခတ္စိန္ေခၚမႈေတြအရ ေရြးခ်ယ္သင့္တဲ့ စမတ္ဖုန္းတစ္လုံးပါ။

2B (Akhayar)
www.akhayar.com

[Unicode]

iPhone XS Max ထက် ဘာလို့ XS ကို ဝယ်သင့်တာလဲ?

အခုချိန် Legendary စမတ်ဖုန်းတန်းမှာ အသစ်ဆိုလို့ iPhone XS Max ရယ် XS ရယ် Galaxy Note 9 ဖုန်းတွေပဲ ရှိတာပါ။ မကြာခင်ထွက်လာတော့မယ် iPhone XR ကလည်း သူ့ Legend နဲ့သူ ဒေါ်လာ ၁၀၀၀ အောက် စမတ်ဖုန်းတန်းမှာ ပွဲစည်အောင် လုပ်ဦးမယ်ဆိုတော့ Galaxy Note 9 ကိုခဏဖယ်ထားပြီး Apple Flagship ဖုန်း ၂ လုံး XS Max နဲ့ XS မှာ ဘာလို့ iPhone XS ကို ရွေးချယ်တာ ပိုသင့်တော်သလဲဆိုတာ ဖော်ပြသွားပါ့မယ်။

XS Max Vs. XS

ပိုဈေးသက်သာတယ်

iPhone ကိုင်မယ့်လူအတွက် ဘယ်လောက်ဈေးကြီးတယ် ပဓာနမကျပေမယ့် Comparison လုပ်ကြည့်မယ်ဆိုရင် XS ကို ရွေးချယ်တာ ပိုကောင်းတယ်လို့ ပြောနိုင်ပါတယ်။ 64GB မော်ဒယ်ကို ဒေါ်လာ ၉၉၉ နဲ့ရောင်းချနေတာမလို့ ၁၀၉၉ နဲ့ရောင်းချနေတဲ့ XS Max ထက် ဒေါ်လာ ၁၀၀ လောက်သက်သာနေတယ်။ Data များများသိမ်းဖို့လိုတယ်ဆိုရင် 256GB ၊ 512GB မော်ဒယ်ဝယ်တာထက် iCloud Storage ကို တစ်လ ဝ.၉၉ ဒေါ်လာဝယ်သုံးပြီး 50GB ရနိုင်မယ်။

iPhone XS

ဒီလို ဒေါ်လာ ၁၀၀ ချွေတာထားလိုက်တာက iPhone အတွက်လိုအပ်တဲ့ Accessories တွေဝယ်လို့ရသွားသလို သေးသေးသွယ်သွယ် ကျစ်ကျစ်လျစ်လျစ်ဖြစ်နေမယ့် XS က ပိုသင့်တော်မယ်ထင်ပါတယ်။

Display Quality ချင်းအတူတူပဲဆိုတော့ XS ကိုင်ရပိုအစဉ်ပြေတယ်

OLED Panel သုံးတာချင်း အတူတူဆိုတော့ Contrast ၊ Colour Accuracy စတဲ့ Display အရည်သွေးအားလုံး အတူတူပါပဲ။ ဒါထက် XS Screen ပိုသေးသွားတဲ့အတွက် Max ထက် Pixel Density အတူတူဆိုရင်တောင် PPI ပိုမြင့်တယ်။

OLED Display on iPhone XS Max & XS

ဒီလို 0.6” လောက် Screen ပိုသေးသွားတဲ့အချက်က XS ကိုင်ရ ပိုကျစ်ကျစ်လျစ်လျစ်ရှိသလို ဘောင်းဘီအိတ်ထဲ ထည့်ရပြုရတဲ့အခါမျိုးဆို ဖုန်းထိခိုက်မိမှာ စိတ်မပူရပါဘူး။

XS က ပိုပေါ့ပါးတယ်

ဖုန်းတစ်လုံးကိုင်ရတာ သေးသေးသွယ်သွယ်ဖြစ်တယ်၊ Weight မလေးဘူးဆိုရင် Screen Size ကြီးနေပါစေ လူတကာ သဘောကျတဲ့အချက်ဖြစ်တာမလို့ 177g အလေးချိန်ပဲရှိတဲ့ XS က 208g လေးတဲ့ Max ထက် Portable ပိုဆန် ၊ ကိုင်ရပိုကောင်းတယ်။

Smaller in size means less weight

Performance လည်း အတူတူပဲ

အရင်က ပိုကြီးတဲ့ဖုန်းဆိုရင် Performance ပိုကောင်းတယ် ပြောရပေမယ့် XS Max နဲ့ XS တို့ကျ Sibling အမွှာ ညီအစ်ကိုတွေလို့ ပြောရင် ပိုသဘာဝကျပါတယ်။ A12 Bionic Chip ပဲ သုံးထားလို့  ဖုန်း ၂ မျိုးလုံး စွမ်းဆောင်ရည် အတူတူပဲပြောရသလို Price Tag အရ ဆုံးဖြတ်ရမယ်ဆိုရင် XS က သင့်တော်တဲ့ ရွေးချယ်မှုပါ။

The most powerful A12 Bionic Chip

Back Camera လုပ်ဆောင်ချက်ခြင်းလည်း အတူတူပဲ

XS Max နဲ့ ကျောဘက် Dual Camera ချင်းအတူတူပဲဆိုတော့ DxOMark ပေးတဲ့ ရမှတ်ချင်းလည်း အတူတူပါ။ f/1.8 ရှိတဲ့ 12MP Main ကင်မရာကို f/2.4 ရှိတဲ့ Telephoto 12MP ကင်မရာနဲ့ တွဲပေးထားတာဆိုတော့ Zoom ၁၀ ဆချဲ့ဆွဲ ရိုက်ကူးနိုင်သလို DxOMark 105 မှတ်ရှိတာမလို့ သေးသေးလေးနဲ့ အဆိပ်ပြင်းတဲ့ XS က ရွေးချယ်စရာပါ။

Back Dual Camera

Front Camera လည်း အတူတူပဲ

iPhone 7 ကတည်းက သုံးလာတဲ့ 7MP ရှေ့ကင်မရာလေးက f/2.2 ရှိသလို Retina Flash ၊ Smart HDR နည်းပညာနဲ့ Portrait Mode ထဲမှာ Bokeh နဲ့ Depth Control ပါဝင်လာလို့ Selfie ဆွဲတဲ့နေရာမှာလည်း XS Max နဲ့ တန်းတူရှိနေသလို ပြိုင်ဖက်တွေထက်လည်း ပိုအားသာနေတယ်။

The same front camera

IP68 နဲ့ ရေစို၊ ဖုန်ဝင်မှာ မပူရဘူး

XS Max လိုပဲ IP68 Rating ရှိတာမလို့ XS ဝယ်ထားရင် ရေစိုတာ၊ ဖုန်ဝင်မှာ ထွေထွေထူးထူး စိတ်ပူနေစရာမလိုပါဘူး။

iPhone XS also has iP68 Standard

eSIM နည်းပညာနဲ့ Dual Sim သုံးနိုင်သေးတယ်

စက်တင်ဘာ Event မှာ မိတ်ဆက်လိုက်တဲ့ eSIM နည်းပညာကို iPhone မော်ဒယ်အသစ်မှာ သုံးလာခဲ့ပြီမလို့ XS Max ပဲကိုင်ကိုင် XS ပဲကိုင်ကိုင် ဒီအားသာချက်တွေ ပိုင်ဆိုင်နေဦးမှာပါ။

Also supports eSIM

ဒါကြောင့်မလို့ နည်းပညာအားသာချက်လည်းတူ သေးသေးကျစ်ကျစ်လည်းဖြစ် ဈေးလည်းပိုသက်သာတဲ့ iPhone XS က ခုခေတ်စိန်ခေါ်မှုတွေအရ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးပါ။

2B (Akhayar)
www.akhayar.com