
iPhone XS & XS Max


Mobile DxOMark Scores


iPhone XS Max DxOMark


iPhone XS Max


iPhone XS Max


Ref : DxOMark

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ကနေ iPhone XS ၊ XS Max နဲ့ iPhone XR ဖုန်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခု iPhone အသစ်တွေက ဒီဇိုင်းပိုင်းအရပြောင်းလဲမှုမရှိပေမယ့် Processor ပိုင်းနဲ့ Camera ပိုင်းပြောင်းလဲမှုတွေ အများအပြားရှိနေတာပဲဖြစ်ပါတယ်။

iPhone XS & XS Max

အခုအချိန်မှာတော့ iPhone XS ရဲ့ Camera ပိုင်း DxOMark ရမှတ်တွေထွက်ရှိလာပြီပဲဖြစ်ပါတယ်။ အခု iPhone XS Max ရဲ့ Overall DxOMark ရမှတ်က ၁၀၅ မှတ်အထိ ရရှိထားပြီးတော့ လက်ရှိမှာ ဒုတိယအကောင်းဆုံးသော စမတ်ဖုန်းကင်မရာဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Huawei P20 Pro ရဲ့ Overall Score ဖြစ်တဲ့ ၁၀၉ မှတ်ကိုတော့ မမှီသေးပါဘူး။

Mobile DxOMark Scores

အခု iPhone XS Max ရဲ့ Overall Score ဟာ Photo Score ၁၁၀ မှတ် နဲ့ Video Score ၉၆ မှတ်ကိုပေါင်းစပ်ထားတာဖြစ်ပြီးတော့ DxOMark ကတော့ “Flagship Imaging Power” ဆိုပြီး ခေါင်းစဉ်တပ်ထားခဲ့ပါတယ်။ အခု DxOMark ရဲ့ စစ်ဆေးမှုက iPhone XS Max ဖုန်းပဲဖြစ်ပေမယ့် iPhone XS မှာလည်း တူညီတဲ့ကင်မရာစနစ်အသုံးပြုထားတဲ့အတွက် ရလဒ်ကဆင်တူမှာဖြစ်ပါတယ်။

iPhone XS Max DxOMark

Apple iPhone XS နဲ့ XS Max ဖုန်းတွေဟာ 12MP f1.8 Main Camera (1/2.55″ sensor | 1.4µm pixels) နဲ့ 12MP f2.4 Secondary 2x Tele-Camera (1/3.4″ sensor | 1.0µm pixels) Back Camera စနစ်ကို အသုံးပြုထားပြီး OIS စနစ်လည်းပါဝင်တဲ့ Lens တွေဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ iPhone XS Max မှာ Smart HDR ဆိုတဲ့ Dynamic Range တွေကို ပိုပြီး သိသိသာသာဖမ်းယူနိုင်တဲ့ Feature တစ်ခုလည်း ထည့်သွင်းလာခဲ့ပါသေးတယ်။

iPhone XS Max

DxOMark ကတော့ iPhone XS Max ဟာ Lighting အခြေအနေအမျိုးမျိုးမှာ အကောင်းဆုံးသောဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီးတော့ လက်ရှိမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ Autofocus စနစ်လည်းပါဝင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

iPhone XS Max

DxOMark ရဲ့ iPhone XS Max အပေါ် Review အသေးစိတ်ကိုတော့ ယခု Link မှာ ဖတ်ရှုနိုင်မှာဖြစ်ပြီးတော့ အခုလိုမျိုး DxOMark အရများပြားနေပေမယ့်လည်း Reviewer တွေက Google Pixel 2 ကို Camera ပိုင်းမမှီဘူးလို့ ပြောကြားနေကြတဲ့အတွက် DxOMark ရမှတ်တွေကို ယုံနိုင်ပါ့မလားဆိုတာကလည်း သံသဃဖြစ်စရာပါ။

Ref : DxOMark

Zawyè (Akhayar) 

www.akhayar.com