Apple ကေန ျပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက iPhone အသစ္ေတြျဖစ္တဲ့ iPhone XS ၊ iPhone XS Max နဲ႔ iPhone XR ဖုန္းေတြကို ေၾကညာခဲ့ျပီးျဖစ္ပါတယ္။ အဲ့ဒီထဲမွာမွ iPhone XS နဲ႔ XS Max ဖုန္းေတြဟာ လက္ရွိမွာအေကာင္းဆံုးေသာ iPhone အသစ္ေတြျဖစ္လာျပီးေတာ့ အဆိုပါ iPhone XS နဲ႔ XS Max ဖုန္းေတြမွာ Processor နဲ႔ Camera ပိုင္းအဆင့္ျမွင့္တင္မႈေတြအျပင္ ေနာက္ထပ္ Apple ကေန Upgrade လုပ္ေပးလုိက္တဲ့အခ်က္ရွိပါေသးတယ္။

iPhone XS & XS Max

အဲ့ဒါကေတာ့ Apple iPhone XS နဲ႔ XS Max ေတြမွာ Modem ကို 4×4 MIMO ကို အဆင့္ျမွင့္တင္ေပးလုိက္တာျဖစ္ျပီး ယခင္ iPhone X ၊ iPhone 8 ၊ 8 Plus နဲ႔ iPhone XR ေတြမွာပါဝင္တဲ့ 2×2 MIMO Modem ထက္ ပိုျပီးျမန္ဆန္တာပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Speed Test Service တစ္ခုျဖစ္တဲ့ SpeedSmart ကေန အခု iPhone Xs မွာ ပါဝင္လာတဲ့ 4×4 MIMO Modem က တကယ္ေရာ ဘယ္ေလာက္ေတာင္ ပိုျပီး ျမန္ဆန္လာသလဲဆုိတာကို ေၾကညာခဲ့ပါတယ္။

အခု စမ္းသပ္မႈဟာ US Carrier ေတြျဖစ္တဲ့ AT&T ၊ T-Mobile နဲ႔ Verizon တို႔နဲ႔ စမ္းသပ္ခဲ့တာျဖစ္ျပီးေတာ့ AT&T Network မွာဆုိရင္ Download Speed က iPhone X မွာ 27.47Mbps ပဲ ရွိခဲ့ေပမယ့္ iPhone XS မွာ 72.24Mbps အထိကို တုိးတက္လာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ 4×4 MIMO စနစ္ဟာ Network Speed ကို ပိုျပီး ျမန္ဆန္ရုံတင္မကဘဲ ပိုျပီးလည္း Stable ျဖစ္လာတယ္လုိ႔ သိရပါတယ္။

iPhone XS & XS Max

အခုအခ်ိန္ဟာ Android အသံုးျပဳသူေတြအတြက္ကေတာ့ အထူးအဆန္းမဟုတ္ဘဲ 4×4 MIMO Modem စနစ္ဟာ ျပီးခဲ့တဲ့ Qualcomm Snapdragon 821 Processor ေတြကို အသံုးျပဳထားခဲ့တဲ့ Google Pixel လုိဖုန္းေတြမွာ ရရွိေနတာၾကာျပီျဖစ္တဲ့ Feature တစ္ခုလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ Apple အေနနဲ႔ အခုမွ Android Flagship ဖုန္းေတြရဲ႕ Download Speed ကို မွီလာတယ္လုိ႔ ေျပာရမွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက iPhone အသစ်တွေဖြစ်တဲ့ iPhone XS ၊ iPhone XS Max နဲ့ iPhone XR ဖုန်းတွေကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ iPhone XS နဲ့ XS Max ဖုန်းတွေဟာ လက်ရှိမှာအကောင်းဆုံးသော iPhone အသစ်တွေဖြစ်လာပြီးတော့ အဆိုပါ iPhone XS နဲ့ XS Max ဖုန်းတွေမှာ Processor နဲ့ Camera ပိုင်းအဆင့်မြှင့်တင်မှုတွေအပြင် နောက်ထပ် Apple ကနေ Upgrade လုပ်ပေးလိုက်တဲ့အချက်ရှိပါသေးတယ်။

iPhone XS & XS Max

အဲ့ဒါကတော့ Apple iPhone XS နဲ့ XS Max တွေမှာ Modem ကို 4×4 MIMO ကို အဆင့်မြှင့်တင်ပေးလိုက်တာဖြစ်ပြီး ယခင် iPhone X ၊ iPhone 8 ၊ 8 Plus နဲ့ iPhone XR တွေမှာပါဝင်တဲ့ 2×2 MIMO Modem ထက် ပိုပြီးမြန်ဆန်တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Speed Test Service တစ်ခုဖြစ်တဲ့ SpeedSmart ကနေ အခု iPhone Xs မှာ ပါဝင်လာတဲ့ 4×4 MIMO Modem က တကယ်ရော ဘယ်လောက်တောင် ပိုပြီး မြန်ဆန်လာသလဲဆိုတာကို ကြေညာခဲ့ပါတယ်။

အခု စမ်းသပ်မှုဟာ US Carrier တွေဖြစ်တဲ့ AT&T ၊ T-Mobile နဲ့ Verizon တို့နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီးတော့ AT&T Network မှာဆိုရင် Download Speed က iPhone X မှာ 27.47Mbps ပဲ ရှိခဲ့ပေမယ့် iPhone XS မှာ 72.24Mbps အထိကို တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် 4×4 MIMO စနစ်ဟာ Network Speed ကို ပိုပြီး မြန်ဆန်ရုံတင်မကဘဲ ပိုပြီးလည်း Stable ဖြစ်လာတယ်လို့ သိရပါတယ်။

iPhone XS & XS Max

အခုအချိန်ဟာ Android အသုံးပြုသူတွေအတွက်ကတော့ အထူးအဆန်းမဟုတ်ဘဲ 4×4 MIMO Modem စနစ်ဟာ ပြီးခဲ့တဲ့ Qualcomm Snapdragon 821 Processor တွေကို အသုံးပြုထားခဲ့တဲ့ Google Pixel လိုဖုန်းတွေမှာ ရရှိနေတာကြာပြီဖြစ်တဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple အနေနဲ့ အခုမှ Android Flagship ဖုန်းတွေရဲ့ Download Speed ကို မှီလာတယ်လို့ ပြောရမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com