Apple ရဲ႕ ဒီႏွစ္အတြက္ iPhone အသစ္ေတြထဲမွာ ေစ်းအသက္သာဆံုးျဖစ္တဲ့ iPhone XR ဟာ ျပီးခဲ့တဲ့ေအာက္တိုဘာလ ၂၃ ရက္ေန႔တုန္းက စတင္ေရာင္းခ်ေနခဲ့တာျဖစ္ပါတယ္။ Apple က iPhone XS ထက္ ေဒၚလာ ၂၅၀ ပိိုသက္သာတဲ့ iPhone XR ကို ဒီႏွစ္အတြက္ ေရာင္းအားအေကာင္းဆံုး iPhone Model ျဖစ္လာမယ္လုိ႔ ခန္႔မွန္းထားေပမယ့္ တကယ္တမ္းကေတာ့ ထင္သလုိမျဖစ္လာဘဲ ဆုိးရြားတဲ့အေျခအေနကို ၾကံဳေတြ႕ေနရတဲ့ပံုပါပဲ။

iPhone XR

ဘာေၾကာင့္လဲဆုိရင္ Apple က အေစာပိုင္းတုန္းက iPhone XR Model အတြက္ ထုတ္လုပ္ေနမႈကို တိုးျမွင့္ထားခဲ့ျပီးေတာ့ အခုအခ်ိန္မွာ ေရာင္းအားေတြကို ၾကည့္ျပီး အဆုိပါ တုိးျမွင့္ထုတ္လုပ္ေနမႈကို ရပ္ဆုိင္းလုိက္ရျပီလုိ႔ သိရလို႔ပါ။ အခုသတင္းဟာ Apple အတြက္ေတာ့ တကယ္ကိုမွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္တဲ့ အေျခအေနျဖစ္လာတာလည္းျဖစ္ပါတယ္။

လက္ရွိသိရတဲ့သတင္းေတြအရ Apple ဟာ iPhone XR ကို ထုတ္လုပ္ေနတဲ့ Foxconn နဲ႔ Pegatron တုိ႔ကို iPhone XR အတြက္ ထပ္တုိး Production Line ေတြ အသံုးျပဳျပီး ထုတ္လုပ္ေနတာကို ရပ္ဆိုင္းခိုင္းခဲ့တာျဖစ္ပါတယ္။ Foxconn ဘက္မွာဆိုရင္ အေစာပိုင္းတုန္းက Production Line ရဲ႕ ၆၀ ရာခုိင္ႏႈန္းေလာက္ကို iPhone XR အတြက္ ျပင္ဆင္ထားခဲ့ေပမယ့္ အခုလုိေရာင္းအားက်ဆင္းမႈေတြေၾကာင့္ ေလာေလာဆယ္မွာ ၄၅ ရာခုိင္ႏႈန္းေလာက္ပဲအသံုးျပဳေနရျပီး အခုဆိုရင္ အဲ့ဒီေလာက္ေတာင္ ထုတ္လုပ္ဖုိ႔မလုိအပ္ေတာ့ဘူးလုိ႔ Apple ကေျပာၾကားခဲ့တယ္လုိ႔ သိရပါတယ္။

iPhone XR

အခုလုိမ်ိဳး ထုတ္လုပ္မႈေတြကို ေလ်ာ႔ခ်လုိက္တာက Apple အတြက္ ယခင္က ေမွ်ာ္မွန္းထားခဲ့တဲ့ ပမာဏထက္ ၂၀ ရာခုိင္ႏႈန္းကေန ၂၅ ရာခိုင္ႏႈန္းအထိကို က်ဆင္းသြားတာျဖစ္ျပီးေတာ့ အခုဆုိရင္ Apple က iPhone XR အစား iPhone 8 နဲ႔ 8 Plus Model ေတြကိုပဲ ျပန္ျပီး ထုတ္လုပ္ခုိင္းေနတယ္လုိ႔ သိရပါတယ္။ Apple ဟာ ယခုႏွစ္ကုန္ပိုင္းမွာ iPhone 8 နဲ႔ 8 Plus ဖုန္းေတြကို အလံုးေရ သန္း ၂၀ ပဲေရာင္းရမယ္လုိ႔ ေမွ်ာ္လင့္ထားေပမယ့္ အခုအခ်ိန္မွာ iPhone 8 ေတြကို ၂၅ သန္းခန္႔ ေရာင္းခ်ရမယ္လုိ႔ ေျပာင္းလဲခန္႔မွန္းလုိက္ပါျပီ။

iPhone XR

Apple ရဲ႕ iPhone XR ဟာ iPhone XS ထက္ ေစ်းသက္သာေပမယ့္လည္း HD+ Resolution ပဲရွိတဲ့ LCD Display ၊ တည္ေဆာက္တဲ့ ကုိယ္ထည္မတူညီတာနဲ႔ Single Camera ပဲပါဝင္တာက ဝယ္ယူမယ့္သူေတြကို iPhone XR အတြက္ ေဒၚလာ ၇၅၀ သံုးမယ့္အစား iPhone XS ဝယ္တာပဲျဖစ္ျဖစ္၊ ပိုေစ်းေပါတဲ့ iPhone 8 ေတြဝယ္တာပဲျဖစ္ျဖစ္ ေျပာင္းလဲသြားေစခဲ့တဲ့ပံုပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ရဲ့ ဒီနှစ်အတွက် iPhone အသစ်တွေထဲမှာ စျေးအသက်သာဆုံးဖြစ်တဲ့ iPhone XR ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက်နေ့တုန်းက စတင်ရောင်းချနေခဲ့တာဖြစ်ပါတယ်။ Apple က iPhone XS ထက် ဒေါ်လာ ၂၅၀ ပိိုသက်သာတဲ့ iPhone XR ကို ဒီနှစ်အတွက် ရောင်းအားအကောင်းဆုံး iPhone Model ဖြစ်လာမယ်လို့ ခန့်မှန်းထားပေမယ့် တကယ်တမ်းကတော့ ထင်သလိုမဖြစ်လာဘဲ ဆိုးရွားတဲ့အခြေအနေကို ကြုံတွေ့နေရတဲ့ပုံပါပဲ။

iPhone XR

ဘာကြောင့်လဲဆိုရင် Apple က အစောပိုင်းတုန်းက iPhone XR Model အတွက် ထုတ်လုပ်နေမှုကို တိုးမြှင့်ထားခဲ့ပြီးတော့ အခုအချိန်မှာ ရောင်းအားတွေကို ကြည့်ပြီး အဆိုပါ တိုးမြှင့်ထုတ်လုပ်နေမှုကို ရပ်ဆိုင်းလိုက်ရပြီလို့ သိရလို့ပါ။ အခုသတင်းဟာ Apple အတွက်တော့ တကယ်ကိုမှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ အခြေအနေဖြစ်လာတာလည်းဖြစ်ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရ Apple ဟာ iPhone XR ကို ထုတ်လုပ်နေတဲ့ Foxconn နဲ့ Pegatron တို့ကို iPhone XR အတွက် ထပ်တိုး Production Line တွေ အသုံးပြုပြီး ထုတ်လုပ်နေတာကို ရပ်ဆိုင်းခိုင်းခဲ့တာဖြစ်ပါတယ်။ Foxconn ဘက်မှာဆိုရင် အစောပိုင်းတုန်းက Production Line ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို iPhone XR အတွက် ပြင်ဆင်ထားခဲ့ပေမယ့် အခုလိုရောင်းအားကျဆင်းမှုတွေကြောင့် လောလောဆယ်မှာ ၄၅ ရာခိုင်နှုန်းလောက်ပဲအသုံးပြုနေရပြီး အခုဆိုရင် အဲ့ဒီလောက်တောင် ထုတ်လုပ်ဖို့မလိုအပ်တော့ဘူးလို့ Apple ကပြောကြားခဲ့တယ်လို့ သိရပါတယ်။

iPhone XR

အခုလိုမျိုး ထုတ်လုပ်မှုတွေကို လျော့ချလိုက်တာက Apple အတွက် ယခင်က မျှော်မှန်းထားခဲ့တဲ့ ပမာဏထက် ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိကို ကျဆင်းသွားတာဖြစ်ပြီးတော့ အခုဆိုရင် Apple က iPhone XR အစား iPhone 8 နဲ့ 8 Plus Model တွေကိုပဲ ပြန်ပြီး ထုတ်လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။ Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ iPhone 8 နဲ့ 8 Plus ဖုန်းတွေကို အလုံးရေ သန်း ၂၀ ပဲရောင်းရမယ်လို့ မျှော်လင့်ထားပေမယ့် အခုအချိန်မှာ iPhone 8 တွေကို ၂၅ သန်းခန့် ရောင်းချရမယ်လို့ ပြောင်းလဲခန့်မှန်းလိုက်ပါပြီ။

iPhone XR

Apple ရဲ့ iPhone XR ဟာ iPhone XS ထက် စျေးသက်သာပေမယ့်လည်း HD+ Resolution ပဲရှိတဲ့ LCD Display ၊ တည်ဆောက်တဲ့ ကိုယ်ထည်မတူညီတာနဲ့ Single Camera ပဲပါဝင်တာက ဝယ်ယူမယ့်သူတွေကို iPhone XR အတွက် ဒေါ်လာ ၇၅၀ သုံးမယ့်အစား iPhone XS ဝယ်တာပဲဖြစ်ဖြစ်၊ ပိုစျေးပေါတဲ့ iPhone 8 တွေဝယ်တာပဲဖြစ်ဖြစ် ပြောင်းလဲသွားစေခဲ့တဲ့ပုံပါပဲ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com