Apple က ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက iPhone XS နဲ့အတူ မိတ်ဆက်သွားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်တဲ့ iPhone XR ကို စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုအချိန် ရက်သတ္တပတ် ၁ ပတ်အတွင်းမှာတင် iPhone XR ကို ရောင်းချရတဲ့ပမာဏတွေက ထွက်လာပြီပဲဖြစ်ပါတယ်။

iPhone XR

အခုသတင်းကို Rosenblatt Securities ရဲ့ Analyst တစ်ဦးဖြစ်တဲ့ Jun Zhang ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ဟာ ယခုပိတ်ရက်အတွင်းမှာ iPhone XR ပေါင်း အလုံးရေ ၉ သန်းလောက်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ အခုလိုရောင်းချရတာက အရေအတွက်အရများပြားတယ်ဆိုပေမယ့် ခန့်မှန်းထားတဲ့ ပမာဏကိုတော့ ပြည့်မှီခဲ့ခြင်းမရှိပါဘူး။

ဘာကြောင့်လည်းဆိုရင် ခန့်မှန်းသူတွေက Apple ကို ယခုပိတ်ရက်အတွင်းမှာတင် အနည်းဆုံး ၁၀ သန်းရောင်းချရမယ်လို့ မှန်းထားကြတာဖြစ်ပြီးတော့ လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလထဲမှာလည်း စုစုပေါင်း အလုံးရေ သန်း ၉၀ လောက်ကို ရောင်းချရမယ်လို့ အစောပိုင်းက ခန့်မှန်းထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး တကယ်ရောင်းချရမှုက နည်းပါးနေတဲ့အတွက် ဒီနှစ်ကုန်အထိ ခန့်မှန်းရောင်းရတာက သန်း ၉၀ ကနေ ၈၈ သန်းကို ကျဆင်းသွားတာပဲဖြစ်ပါတယ်။

iPhone XR

အခုသတင်းအရတော့ iPhone XR ဟာ မှန်းထားသလိုမျိုး အောင်မြင်တဲ့စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပါ့မလားဆိုတာက စဉ်းစားစရာဖြစ်လာပါတယ်။ iPhone XR ဟာ iPhone XS နဲ့တူညီတဲ့ A12 Bionic Processor ကိုပဲ အသုံးပြုတာဖြစ်ပေမယ့် HD+ LCD Display ပဲဖြစ်နေတာရယ်၊ Single Camera ပဲပါဝင်တာတွေကြောင့် စတင်ရောင်းချတဲ့ဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၇၄၉ ကို ပေးရတာမတန်ဘူးဆိုပြီး ယူဆချက်တွေထွက်ပေါ်နေတာပါ။

iPhone XR

ဘာပဲဖြစ်ဖြစ် Apple အတွက် ရောင်းအားအကောင်းဆုံးလို့ ခန့်မှန်းထားတဲ့ iPhone XR ကတော့ ထင်သလိုဖြစ်လာဖို့ မလွယ်တော့တဲ့ပုံပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]