[Zawgyi] 

iPhone XR လို႔ေျပာလိုက္ရင္ ေတာ္ေတာ္မ်ားမ်ားေတြးထားတာက iPhone XS ထက္ည့ံတဲ့ဖုန္းတစ္လံုး၊ Single Camera နဲ႔ပဲျဖစ္ၿပီး Display ကလည္း Resolution ကိုေလွ်ာ့ထားေသးဆိုၿပီး စိတ္ထဲမွာ တန္းစီေတြးမိတ္တတ္ပါတယ္။ 

iPhone XR Yellow

တကယ္တမ္းအားသာခ်က္ေတြကို ရွာမေျပာခင္မွာ သူ႔ရဲ႕အားနည္းခ်က္ေတြေၾကာင့္ iPhone XS ထက္ အားသာတဲ့အခ်က္တခ်ိဳ႕က ျဖစ္လာတာဆိုတာ ႀကိဳေျပာထားခ်င္ပါတယ္။ ပထမဦးဆံုးအားသာခ်က္ကေတာ့ ေစ်းပါ။ iPhone XR က $1000 တန္ iPhone XS ထက္ $250 ပိုသက္သာပါတယ္။ ဒီလိုေစ်းသက္သာတယ္ဆုိတဲ့အားသာခ်က္ကလည္း iPhone XR မွာ Single Camera ၊ LCD Display ေတြကိုပဲ သံုးေပးထားၿပီး 3D Touch မပါတာမ်ိဳးေတြေၾကာင့္ျဖစ္လာတာပါ။ 

iPhone XR has better battery life than iPhone XS

လူေျပာမ်ားေနတဲ့ iPhone XS ထက္ Resolution ပိုနည္းတဲ့ iPhone XR ရဲ႕ Display ေၾကာင့္ Battery Life မွာ iPhone XS ထက္ကို ပိုေကာင္းပါတယ္။ Screen On Time မွာ iPhone XR က သာမန္သံုးတဲ့အခါ ၁၅ နာရီဝန္းက်င္ေလာက္အထိ ေကာင္းေကာင္း သံုးလိို႔ရလို႔ iPhone XS ရဲ႕ ၁၂ နာရီအသံုးခံတယ္ဆိုတာကို ေကာင္းေကာင္းေက်ာ္သြားပါၿပီ။ Display Resolution နည္းတာေၾကာင့္ Video ၊ Text နဲ႔ Gaming ပိုင္းမွာေတာင္ CPU နဲ႔ GPU က အမ်ားႀကီးအလုပ္လုပ္ေပးစရာမလိုလို႔ Battery စားသက္သာတာပါ။ 

6 Different colours

ေနာက္ထပ္အားသာခ်က္ကေတာ့ အေရာင္ေတြပါ။ iPhone XR ေတြက iPhone XS ထက္ ေ႐ြးစရာအေရာင္ပိုမ်ားပါတယ္။ White ၊ Black ၊ Blue ၊  Yellow ၊ Coral နဲ႔ Red ဆိုၿပီး အေရာင္ ၆ မ်ိဳးေတာင္ရွိလို႔ Unique ျဖစ္ေနတဲ့ iPhone ဆိုတဲ့ Feeling ကိုေပးႏိုင္ပါေသးတယ္။ 

Split screen landscape mode

Software ပိုင္းမွာ အားသာခ်က္အေနနဲ႔ iPhone XR က အရင္က iPhone Plus Model ေတြနဲ႔ လက္ရွိ XS Max လို Model ေတြမွာပဲ ရတဲ့ In App Split Screen Landscape Mode ကို သံုးလို႔ရပါတယ္။ Notes ၊ Settings ၊ Reminders ၊ Mail လို App ေတြအပါအဝင္ တျခား App ေတာ္ေတာ္မ်ားမ်ားမွာ Landscape Mode နဲ႔ သံုးတဲ့အခါ Display ေပၚမွာ Content ကို ပိုျမင္ရပါတယ္။ ဒီအခ်က္ကေတာ့ iPhone XR ရဲ႕ Display က iPhone XS ထက္ ပိုႀကီးတာေၾကာင့္ပါ။ 

အခုလို ေစ်းပိုသက္သာၿပီး အားနည္းခ်က္ေတြရွိေနတဲ့ iPhone XR မွာလည္း iPhone XS ထက္ ပိုအားသာတယ္ဆိုတဲ့အခ်က္ေတြကို သတိထားမိသြားၾကလိမ့္မယ္လို႔ထင္ပါတယ္။ တကယ္လို႔ အေရာင္ေတြကို သေဘာက်တယ္၊ Battery ပိုၾကာၾကာခံတဲ့ iPhone ကို လိုခ်င္တယ္၊ ဒါမွမဟုတ္ အရင္ႏွစ္က iPhone X ထက္ကိုပဲ ေစ်းပိုသက္သာၿပီး Latest ျဖစ္တဲ့ Model ကို သံုးခ်င္တယ္ဆိုရင္ေတာ့ iPhone XR က အေ႐ြးမမွားႏိုင္ပါဘူး။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iPhone XS ထက် ပိုသာတဲ့အချက်တွေရှိနေတဲ့ iPhone XR

iPhone XR လို့ပြောလိုက်ရင် တော်တော်များများတွေးထားတာက iPhone XS ထက်ညံ့တဲ့ဖုန်းတစ်လုံး၊ Single Camera နဲ့ပဲဖြစ်ပြီး Display ကလည်း Resolution ကိုလျှော့ထားသေးဆိုပြီး စိတ်ထဲမှာ တန်းစီတွေးမိတ်တတ်ပါတယ်။ 

iPhone XR Yellow

တကယ်တမ်းအားသာချက်တွေကို ရှာမပြောခင်မှာ သူ့ရဲ့အားနည်းချက်တွေကြောင့် iPhone XS ထက် အားသာတဲ့အချက်တချို့က ဖြစ်လာတာဆိုတာ ကြိုပြောထားချင်ပါတယ်။ ပထမဦးဆုံးအားသာချက်ကတော့ ဈေးပါ။ iPhone XR က $1000 တန် iPhone XS ထက် $250 ပိုသက်သာပါတယ်။ ဒီလိုဈေးသက်သာတယ်ဆိုတဲ့အားသာချက်ကလည်း iPhone XR မှာ Single Camera ၊ LCD Display တွေကိုပဲ သုံးပေးထားပြီး 3D Touch မပါတာမျိုးတွေကြောင့်ဖြစ်လာတာပါ။ 

iPhone XR has better battery life than iPhone XS

လူပြောများနေတဲ့ iPhone XS ထက် Resolution ပိုနည်းတဲ့ iPhone XR ရဲ့ Display ကြောင့် Battery Life မှာ iPhone XS ထက်ကို ပိုကောင်းပါတယ်။ Screen On Time မှာ iPhone XR က သာမန်သုံးတဲ့အခါ ၁၅ နာရီဝန်းကျင်လောက်အထိ ကောင်းကောင်း သုံးလို့ရလို့ iPhone XS ရဲ့ ၁၂ နာရီအသုံးခံတယ်ဆိုတာကို ကောင်းကောင်းကျော်သွားပါပြီ။ Display Resolution နည်းတာကြောင့် Video ၊ Text နဲ့ Gaming ပိုင်းမှာတောင် CPU နဲ့ GPU က အများကြီးအလုပ်လုပ်ပေးစရာမလိုလို့ Battery စားသက်သာတာပါ။ 

6 Different colours

နောက်ထပ်အားသာချက်ကတော့ အရောင်တွေပါ။ iPhone XR တွေက iPhone XS ထက် ရွေးစရာအရောင်ပိုများပါတယ်။ White ၊ Black ၊ Blue ၊  Yellow ၊ Coral နဲ့ Red ဆိုပြီး အရောင် ၆ မျိုးတောင်ရှိလို့ Unique ဖြစ်နေတဲ့ iPhone ဆိုတဲ့ Feeling ကိုပေးနိုင်ပါသေးတယ်။ 

Split screen landscape mode

Software ပိုင်းမှာ အားသာချက်အနေနဲ့ iPhone XR က အရင်က iPhone Plus Model တွေနဲ့ လက်ရှိ XS Max လို Model တွေမှာပဲ ရတဲ့ In App Split Screen Landscape Mode ကို သုံးလို့ရပါတယ်။ Notes ၊ Settings ၊ Reminders ၊ Mail လို App တွေအပါအဝင် တခြား App တော်တော်များများမှာ Landscape Mode နဲ့ သုံးတဲ့အခါ Display ပေါ်မှာ Content ကို ပိုမြင်ရပါတယ်။ ဒီအချက်ကတော့ iPhone XR ရဲ့ Display က iPhone XS ထက် ပိုကြီးတာကြောင့်ပါ။ 

အခုလို ဈေးပိုသက်သာပြီး အားနည်းချက်တွေရှိနေတဲ့ iPhone XR မှာလည်း iPhone XS ထက် ပိုအားသာတယ်ဆိုတဲ့အချက်တွေကို သတိထားမိသွားကြလိမ့်မယ်လို့ထင်ပါတယ်။ တကယ်လို့ အရောင်တွေကို သဘောကျတယ်၊ Battery ပိုကြာကြာခံတဲ့ iPhone ကို လိုချင်တယ်၊ ဒါမှမဟုတ် အရင်နှစ်က iPhone X ထက်ကိုပဲ ဈေးပိုသက်သာပြီး Latest ဖြစ်တဲ့ Model ကို သုံးချင်တယ်ဆိုရင်တော့ iPhone XR က အရွေးမမှားနိုင်ပါဘူး။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။