[Zawgyi] 


iPhone X


iPhone SE


Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Apple က မကြာခင်မှာ iPhone X နဲ့ iPhone SE ထုတ်လုပ်မှုကို ရပ်နားတော့မယ်

၂၀၁၈ ထဲမှာတော့ Apple အနေနဲ့အခုလက်ရှိ ထုတ်နေကျအတိုင်းပဲ iPhone အမျိုးအစား သုံးမျိုးကို ဆက်ထုတ်သွားမယ်လို့ သတင်းတွေအများကြီးထွက်ထားပါတယ်။ လက်ရှိအချိန်မှာ Apple ရဲ့ တန်ဖိုးအကြီးဆုံး iPhone ဖြစ်တဲ့ iPhone X နဲ့ တန်ဖိုးအနည်းဆုံးဖြစ်တဲ့ iPhone SE တွေကို ဆက်လက်ထုတ်လုပ်နေသေးသလို နိုင်ငံတကာ ဈေးကွက်တွေထဲမှာလည်း ဝယ်ယူလို့ရနေပါသေးတယ်။ 

iPhone X

iPhone X ကတော့ လွန်ခဲ့တဲ့ စက်တင်ဘာမှာ မိတ်ဆက်ထားတာကြောင့် သိပ်တော့ မကြာသေးပါဘူ။ iPhone SE ကတော့ ၂၀၁၆ မတ်လထဲမှာ မိတ်ဆက်ခဲ့တဲ့ဖုန်းဖြစ်တဲ့အပြင် အသေးဆုံးတစ်ခုတည်းသော iPhone အဖြစ်ကျန်နေသေးတဲ့ ထုတ်ကုန်တစ်ခုပါ။ iPhone SE ပရိသတ်အတွက်တော့ နောက်ထပ် 4 Inch iPhone အသစ်ကို Apple ကထပ်ထုတ်ပေးတော့မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ 

iPhone SE

လက်ရှိ iPhone 8 နဲ့ 8 Plus နေရာကိုအစားထိုးမယ့် iPhone အသစ်နှစ်လုံးကိုတော့ iPhone X လို Face ID ပါတဲ့ Full Screen Design ကိုအသုံးပြုပေးထားမှာဖြစ်ပြီး iPhone X ထက် ပိုဈေးသက်သာမယ်လို့သိရပါတယ်။ လာမယ့် စက်တင်ဘာမှာတော့ အခုနှစ်အတွက် iPhone အသစ်တွေကို မိတ်ဆက်တော့မှာဖြစ်တာကြောင့် လက်ရှိထုတ်လုပ်နေသေးတဲ့ iPhone X နဲ့ iPhone SE အသစ်တွေကို ဆက်မထုတ်တော့ဘဲ ရပ်တန့်သွားတော့မှာပါ။ သင့်အနေနဲ့ iPhone SE အသစ်ကိုလိုချင်သေးတယ်ဆိုရင်တော့ ဈေးကွက်ထဲမှာ လက်ကျန်ရှိနေသေးတဲ့အချိန်ပဲ ဝယ်လို့ရတော့မှာပါ။ Apple ရဲ့ 4 Inch iPhone သမိုင်းက iPhone SE နဲ့ပဲ အဆုံးသတ်သွားတော့မှာပါ။ 4 Inch iPhone လေးတွေကို သဘောကျတဲ့ ပရိသတ်အတွက်တော့ စိတ်မကောင်းစရာပါပဲ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။