[Zawgyi] 

၂၀၁၈ ကမၻာ့ဖလား ပြဲႀကီးကေတာ့ မၾကာခင္အခ်ိန္မွာ က်င္းပေတာ့မွာျဖစ္ပါတယ္။ ပြဲစဥ္တစ္ေလွ်ာက္လံုးမွာ အေရးပါသူေတြအားလံုးနဲ႔ အားေပးမယ့္ ပရိသတ္ေတြလည္း အဆင္သင့္ျဖစ္ေနၾကၿပီလို႔ ယူဆပါတယ္။ သင္ဟာလည္း အဲ့ဒီပရိသတ္ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္မယ္ဆိုတာ ယံုၾကည္ပါတယ္။ 

App Store

သင့္ရဲ႕ iPhone ကလည္း သင္နဲ႔ထပ္တူ ကမၻာ့ဖလား ပြဲအတြက္ အဆင္သင့္ျဖစ္ေနပါတယ္။ သင့္ iPhone ထဲမွာပါတဲ့ Siri ကို ကမၻာ့ဖလား နဲ႔ပတ္သက္လို႔ သင္သိခ်င္တာေတြ ေမးလို႔ရပါၿပီ။ ပြဲမွာ ကန္မယ့္ ေဘာလံုးအသင္းေတြရဲ႕ အခ်ိန္ဇယားေတြ၊ ၿပီးသြားတဲ့ ပြဲစဥ္ေတြရဲ႕ ရလဒ္ေတြကို အခ်ိန္တိုအတြင္းမွာ အေသးစိတ္ၾကည့္ႏို္င္မွာပါ။ ဥပမာ “When is the France Australia match” လို႔ေမးလိုက္ရင္ ပြဲခ်ိန္နဲ႔ ပြဲစဥ္နဲ႔ပတ္သက္တာေလးေတြကို Siri ကျပေပးမွာပါ။ 

Ask Siri

Siri ကိုေမးလို႔ရတာေတြ အမ်ားႀကီးရွိပါေသးတယ္။ “When does France play Australia?” ၊ “What teams are in group A?” ၊ “Who is on the England squad?” စတာေတြအျပင္ အျခားေမးခြန္းေတြ ေမးလို႔ရပါေသးတယ္။ အဲ့ဒီေတာ့ Group A ထဲမွာ ပါတဲ့ အသင္းေတြကိုသိခ်င္တယ္ဆိုရင္ သင့္အေနနဲ႔ Siri ကိုေမးလိုက္တာနဲ႔  Siri က ႐ြတ္ျပမွာျဖစ္တာေၾကာင့္ စာေတြဖတ္ေနတာထက္စာရင္ အခ်ိန္ကုန္သက္သာပါတယ္။ 

News App

iOS ရဲ႕ News App မွာလည္း World Cup Topic ကို Follow လုပ္ထားရင္ ေနာက္ဆံုးရသတင္းေတြအားလံုးကို တစ္ေနရာတည္းမွာ တစ္စုတစ္စည္းတည္း ေတြ႕ႏိုင္မွာပါ။ သတင္းေတြကို တစ္ခုခ်င္း လိုက္ရွာေနစရာမလိုေတာ့တာေၾကာင့္ အခ်ိန္ကုန္သက္သာေစပါတယ္။ App Store မွာလည္း Today Tab မွာ Word Cup Section ထည့္ေပးထားတာေၾကာင့္ သင္ႏွစ္သက္ရာ App ေတြကို တစ္ေနရာတည္းမွာ အလြယ္တကူ Download ရယူႏိုင္ပါေသးတယ္။ News ကို သင့္ iPhone ရဲ႕ Home Screen မွာ မေတြ႕ဘူးဆိုရင္ေတာ့ Settings > General > Language & Region > Region ကိုသြားၿပီး United States ကိုေရြးေပးလိုက္ရင္ News App ကို သင္အသံုးျပဳလို႔ရပါၿပီ။ 

World Cup App

2018 FIFA World Cup Russia ဆိုတဲ့ App ကိုလည္း FIFA က ထုတ္ေပးထားပါေသးတယ္။ သင့္အတြက္ ပြဲစဥ္တစ္ေလ်ွာက္လံုး အေထာက္အကူျဖစ္ေစမယ့္ App ျဖစ္တာေၾကာင့္ Download ရယူထားသင့္ပါတယ္။ ပြဲနဲ႔ပတ္သက္တာအားလံုးကို တစ္ေနရာတည္းမွာ စုေပးထားတာေၾကာင့္ သင္သေဘာက်မွာပါ။ App ကိုေတာ့ App Store Link ကေနသြားေရာက္ Download ရယူႏိုင္ပါတယ္။ iPhone တင္မဟုတ္္ဘဲ iPad အတြက္ပါ ရႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ မၾကာခင္မွာစတင္ေတာ့မယ့္ ကမၻာ့ဖလားပြဲႀကီးအတြက္ သင္အဆင္သင့္ျပင္ထားတာ ျပည့္စံုသေလာက္ရွိသြားပါၿပီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

၂၀၁၈ ကမ္ဘာ့ဖလားနဲ့ပတ်သက်လို့ iPhone က သင့်ကိုကူညီပေးနိုင်တာတွေ

၂၀၁၈ ကမ္ဘာ့ဖလား ပွဲကြီးကတော့ မကြာခင်အချိန်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံးမှာ အရေးပါသူတွေအားလုံးနဲ့ အားပေးမယ့် ပရိသတ်တွေလည်း အဆင်သင့်ဖြစ်နေကြပြီလို့ ယူဆပါတယ်။ သင်ဟာလည်း အဲ့ဒီပရိသတ်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။

App Store

သင့်ရဲ့ iPhone ကလည်း သင်နဲ့ထပ်တူ ကမ္ဘာ့ဖလား ပွဲအတွက် အဆင်သင့်ဖြစ်နေပါတယ်။ သင့် iPhone ထဲမှာပါတဲ့ Siri ကို ကမ္ဘာ့ဖလား နဲ့ပတ်သက်လို့ သင်သိချင်တာတွေ မေးလို့ရပါပြီ။ ပွဲမှာ ကန်မယ့် ဘောလုံးအသင်းတွေရဲ့ အချိန်ဇယားတွေ၊ ပြီးသွားတဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်တိုအတွင်းမှာ အသေးစိတ်ကြည့်နိုင်မှာပါ။ ဥပမာ “When is the France Australia match” လို့မေးလိုက်ရင် ပွဲချိန်နဲ့ ပွဲစဉ်နဲ့ပတ်သက်တာလေးတွေကို Siri ကပြပေးမှာပါ။ 

Ask Siri

Siri ကိုမေးလို့ရတာတွေ အများကြီးရှိပါသေးတယ်။ “When does France play Australia?” ၊ “What teams are in group A?” ၊ “Who is on the England squad?” စတာတွေအပြင် အခြားမေးခွန်းတွေ မေးလို့ရပါသေးတယ်။ အဲ့ဒီတော့ Group A ထဲမှာ ပါတဲ့ အသင်းတွေကိုသိချင်တယ်ဆိုရင် သင့်အနေနဲ့ Siri ကိုမေးလိုက်တာနဲ့  Siri က ရွတ်ပြမှာဖြစ်တာကြောင့် စာတွေဖတ်နေတာထက်စာရင် အချိန်ကုန်သက်သာပါတယ်။ 

News App

iOS ရဲ့ News App မှာလည်း World Cup Topic ကို Follow လုပ်ထားရင် နောက်ဆုံးရသတင်းတွေအားလုံးကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း တွေ့နိုင်မှာပါ။ သတင်းတွေကို တစ်ခုချင်း လိုက်ရှာနေစရာမလိုတော့တာကြောင့် အချိန်ကုန်သက်သာစေပါတယ်။ App Store မှာလည်း Today Tab မှာ Word Cup Section ထည့်ပေးထားတာကြောင့် သင်နှစ်သက်ရာ App တွေကို တစ်နေရာတည်းမှာ အလွယ်တကူ Download ရယူနိုင်ပါသေးတယ်။ News ကို သင့် iPhone ရဲ့ Home Screen မှာ မတွေ့ဘူးဆိုရင်တော့ Settings > General > Language & Region > Region ကိုသွားပြီး United States ကိုရွေးပေးလိုက်ရင် News App ကို သင်အသုံးပြုလို့ရပါပြီ။ 

World Cup App

2018 FIFA World Cup Russia ဆိုတဲ့ App ကိုလည်း FIFA က ထုတ်ပေးထားပါသေးတယ်။ သင့်အတွက် ပွဲစဉ်တစ်လျှောက်လုံး အထောက်အကူဖြစ်စေမယ့် App ဖြစ်တာကြောင့် Download ရယူထားသင့်ပါတယ်။ ပွဲနဲ့ပတ်သက်တာအားလုံးကို တစ်နေရာတည်းမှာ စုပေးထားတာကြောင့် သင်သဘောကျမှာပါ။ App ကိုတော့ App Store Link ကနေသွားရောက် Download ရယူနိုင်ပါတယ်။ iPhone တင်မဟုတ်ဘဲ iPad အတွက်ပါ ရနိုင်ပါတယ်။ ဒါဆိုရင်တော့ မကြာခင်မှာစတင်တော့မယ့် ကမ္ဘာ့ဖလားပွဲကြီးအတွက် သင်အဆင်သင့်ပြင်ထားတာ ပြည့်စုံသလောက်ရှိသွားပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။