Google ကေန ျပီးခဲ့တဲ့ Google Pixel 3 ဖုန္းေတြကို မိတ္ဆက္သြားတုန္းက Call Screening Feature တစ္ခုကိုပါ မိတ္ဆက္သြားခဲ့ပါတယ္။ အဆုိပါ Feature ကေတာ့ Pixel 3 ဖုန္းကို အသံုးျပဳေနတဲ့သူေတြအေနနဲ႔ တကယ္လုိ႔ မသိတဲ့ဖုနး္နံပါတ္တစ္ခုုခုက ဖုန္းဆက္လာတယ္ဆုိရင္ ကုိယ္ကုိင္မယ့္အစား Google Assistant ကို ကိုယ္စားေျဖခုိင္းျပီးေတာ့ Spam Call လားဆိုတာကို စစ္ေဆးႏုိင္တဲ့ Feature ပဲျဖစ္ပါတယ္။

Google Call Screening

Google ရဲ႕ အခုလုိမ်ိဳး Call Screening Feature ကို Pixel 3 မွာ ထည့္သြင္းလာတာက တကယ္ကို အသံုးဝင္သလုိ Google Assistant ရဲ႕ လုပ္ႏုိင္စြမ္းကိုပါ သိလာႏုိင္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Google က ဒီႏွစ္အေစာပိုင္းမွာထဲက တကယ္လုိ႔ Spam Call ေတြဆက္လာခဲ့တယ္ဆိုရင္ Phone App မွာ တခါတည္းသိႏုိင္ေအာင္ေဆာင္ရြက္ထားတဲ့အတြက္ ယခင္ထဲက ဒီ Spam Call အတြက္ကို Google ကေဆာင္ရြက္ေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Google Call Screening

အခုအခ်ိန္မွာေတာ့ အခုလုိမ်ိဳး Google ကေဆာင္ရြက္ေနတဲ့အရာတစ္ခုကို Apple ကလည္း ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။ ဒါကေတာ့ iPhone ေတြကို ဖုန္းဆက္တဲ့အခ်ိန္မွာ Call Information ေတြကိုလိုက္လံစစ္ေဆးျပီးေတာ့ ဒါကအမွန္ ဟုတ္မဟုတ္ကို စစ္ေဆးသြားမွာျဖစ္ျပီးေတာ့ တကယ္လုိ႔ Spam Call ျဖစ္ေနခဲ့တယ္ဆုိရင္ အသံုးျပဳသူေတြကို အသိေပးတာ ဒါမွမဟုတ္ ဖုန္းေခၚဆိုမႈကို Block လုပ္လုိက္မွာျဖစ္ပါတယ္။

iPhone Calling

ဒါေပမယ့္လည္း အခု Apple ကေန ေဆာင္ရြက္ေနတာက အခုမွ မူပိုင္ခြင့္ရယူလုိက္တဲ့အေျခအေနမွာပဲရွိေနျပီးေတာ့ တကယ္တမ္း Feature တစ္ခုအေနနဲ႔ ရရွိလာဖုိ႔ကေတာ့ အခ်ိန္ေတာ္ေတာ္ၾကာဦးမယ့္သေဘာမွာရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ Apple အေနနဲ႔ အခုလုိမ်ိဳး Spam Call ေတြကို ဂရုစိုက္လာတာက ေကာင္းမြန္တဲ့အခ်က္တစ္ခုလုိ႔ေျပာလုိ႔ရပါတယ္။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ ပြီးခဲ့တဲ့ Google Pixel 3 ဖုန်းတွေကို မိတ်ဆက်သွားတုန်းက Call Screening Feature တစ်ခုကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Feature ကတော့ Pixel 3 ဖုန်းကို အသုံးပြုနေတဲ့သူတွေအနေနဲ့ တကယ်လို့ မသိတဲ့ဖုနး်နံပါတ်တစ်ခုုခုက ဖုန်းဆက်လာတယ်ဆိုရင် ကိုယ်ကိုင်မယ့်အစား Google Assistant ကို ကိုယ်စားဖြေခိုင်းပြီးတော့ Spam Call လားဆိုတာကို စစ်ဆေးနိုင်တဲ့ Feature ပဲဖြစ်ပါတယ်။

Google Call Screening

Google ရဲ့ အခုလိုမျိုး Call Screening Feature ကို Pixel 3 မှာ ထည့်သွင်းလာတာက တကယ်ကို အသုံးဝင်သလို Google Assistant ရဲ့ လုပ်နိုင်စွမ်းကိုပါ သိလာနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google က ဒီနှစ်အစောပိုင်းမှာထဲက တကယ်လို့ Spam Call တွေဆက်လာခဲ့တယ်ဆိုရင် Phone App မှာ တခါတည်းသိနိုင်အောင်ဆောင်ရွက်ထားတဲ့အတွက် ယခင်ထဲက ဒီ Spam Call အတွက်ကို Google ကဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။

Google Call Screening

အခုအချိန်မှာတော့ အခုလိုမျိုး Google ကဆောင်ရွက်နေတဲ့အရာတစ်ခုကို Apple ကလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါကတော့ iPhone တွေကို ဖုန်းဆက်တဲ့အချိန်မှာ Call Information တွေကိုလိုက်လံစစ်ဆေးပြီးတော့ ဒါကအမှန် ဟုတ်မဟုတ်ကို စစ်ဆေးသွားမှာဖြစ်ပြီးတော့ တကယ်လို့ Spam Call ဖြစ်နေခဲ့တယ်ဆိုရင် အသုံးပြုသူတွေကို အသိပေးတာ ဒါမှမဟုတ် ဖုန်းခေါ်ဆိုမှုကို Block လုပ်လိုက်မှာဖြစ်ပါတယ်။

iPhone Calling

ဒါပေမယ့်လည်း အခု Apple ကနေ ဆောင်ရွက်နေတာက အခုမှ မူပိုင်ခွင့်ရယူလိုက်တဲ့အခြေအနေမှာပဲရှိနေပြီးတော့ တကယ်တမ်း Feature တစ်ခုအနေနဲ့ ရရှိလာဖို့ကတော့ အချိန်တော်တော်ကြာဦးမယ့်သဘောမှာရှိပါတယ်။ ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ အခုလိုမျိုး Spam Call တွေကို ဂရုစိုက်လာတာက ကောင်းမွန်တဲ့အချက်တစ်ခုလို့ပြောလို့ရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com